cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း အောက်တိုဘာလ ၃၀ ရက် မှ နိုဝင်ဘာ ၅ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မအူပင်၊ ဝါးခယ်မနဲ့ ဟင်္သာတ မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်ရွာသွန်းရရှိနိုင်ပြီး၊ ပုသိမ်၊ မြောင်းမြ၊ အင်္ဂပူ၊ ကျုံပျော်၊ ကန်ကြီးဒေါင့်နဲ့ ရေကြည်မြို့နယ်/ခရိုင်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မအထက်-၂ လက်မအောက်ရွာသွန်းရရှိနိုင်ပါတယ်။
  • ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ·          အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းအနီးမှ လေပွေလှိုင်းသည် အနောက်ဘက်ထိုင်းပင်လယ်ကွေ့ငတွင်းသို့ ဆက်လက်ရွေ့လျားပြီး အောက်တိုဘာ ၃၁ ရက် ညပိုင်းတွင် မြိတ်မြို့တောင်ဘက်မှ ဖြတ်သန်း၍ ကပ္ပလီပင်လယ်သို့ဝင်ရောက်လာနိုင်ပါတယ်။ ထိုမှတဆင့် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာ ၁ ရက် နံနက်တွင် ကိုကိုးကျွန်းတောင်ဘက်မှတဆင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ဆက်လက်ရွေ့လျားရောက်ရှိလာနိုင်ပါမယ်။ 

    ·          လေပွေလှိုင်းသည် ပိုမိုအားကောင်းလာနိုင်ပြီး ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းအနီးမှာ စောင့်ကြည့်ရမည့် လေပွေလှိုင်း INVEST-system တခု ဖြစ်လာနိုင်ကြောင်း ECMWF, ICON နှင့် GFS Model များမှ ကြိုတင်ခန့်မှန်းများမှာတွေ့ရပါတယ်။ 

    ·          အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း MONTHA ရဲ့ အကြွင်းအကျန်တွေသည် မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး နောက် ၆ နာရီအတွင်းမှာ ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ 

    ·          ECMWF, ICON နဲ့ GFS model ကြိုတင်ခန့်မှန်းချက်များအရ နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သောလေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ရဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးများနိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မ မှ ၄ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ 

    ·          ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မ နီးပါးမှ ၃ လက်မ နီးပါးအထိရွာသွန်းရရှိနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်တာကြောင့် အောက်တိုဘာ ၃၀ ရက် မှ နိုဝင်ဘာ ၅ ရက်အထိ ၇ ရက်တာကာလအတွင်းမှာ ရိတ်သိမ်းပြီးစပါးများနေလှမ်းခြင်း၊ ပဲစိုက်တောင်သူများ ပဲမျိုးကြဲခြင်းများကို မိုး/လေအခြေအနေကြည့်၍ ဂရုစိုက်ဆောင်ရွက်ကြပါရန်တိုက်တွန်းလိုပါတယ်။ 

    အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ ၇ ရက်အတွင်း ဧရာဝတီတိုင်းတွင်မိုးရွာသွန်းနိုင်သည့်အခြေအနေ 

    ·          လပွတ္တာ၊ ဖျာပုံ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ကျိုက်လတ် မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မအထက်မှ ၄ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ပါတယ်။ 

    ·          မအူပင်၊ ဝါးခယ်မနဲ့ ဟင်္သာတ မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်ရွာသွန်းရရှိနိုင်ပြီး၊ ပုသိမ်၊ မြောင်းမြ၊ အင်္ဂပူ၊ ကျုံပျော်၊ ကန်ကြီးဒေါင့်နဲ့ ရေကြည်မြို့နယ်/ခရိုင်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မအထက်-၂ လက်မအောက်ရွာသွန်းရရှိနိုင်ပါတယ်။ 

    ·          များသောအားဖြင့် ဧရာဝတီတိုင်းမြောက်ပိုင်းမြို့နယ်/ခရိုင်တွေမှာယခုတပတ်အတွင်း မိုးရွာသွန်းမှုအနည်းဆုံးဖြစ်နိုင်ပါတယ် 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပါတ်အတွင်း အောက်တိုဘာ ၃၁ ရက် နေ့မှ စတင်၍ ဧရာဝတီတိုင်းကမြို့နယ်အချို့မှာ နေ့အပူချိန်များသိသိသာကျဆင်းလာနိုင်ပြီး အမြင့်ဆုံးနေ့အပူချိန် ၂၈°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ပါမယ်။ 

    ·          ကမ်းရိုးတန်းအနီးမှ မြို့နယ်/ကျေးရွာတွေမှာ အနောက်ဘက်နှင့် မြောက်ဘက်အရပ်များမှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီမိုင် ၂၀ ခန့် ရှိနိုင်ပါတယ်။ 

    ·          ဧရာဝတီတိုင်းအတွင်း နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၉၀% ရှိနေနိုင်ပြီး၊ နံနက်/ညအချိန်တွေမှာ ၁၀၀% ရှိနိုင်ပါတယ်။ 

    ·          လေထုစိုထိုင်းဆများနေချိန်အတွင်း အထူးသဖြင့်ဧရာဝတီတိုင်းမြောက်ပိုင်းက ခရိုင်/မြို့နယ်တွေမှာ ခံစားရတဲ့အပူချိန် ၃၉°C အထိရှိနေနိင်ပါတယ်။ 

    ·          လေထုညစ်ညမ်းမှုအခြေအနေ (AQI value) က အများဆုံး ၇၀ မှ ၇၅ အထိရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုအညွှန်းကိန်း အသင့်အတင့်အဆင့်(Moderate Level)မှာ ရှိပါတယ်။ 

    ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ အရှေ့ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၂၂ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၄.၅ ပေခန့် ပေခန့်ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငရုတ်စိုက်တောင်သူများထံသို့ 

    ဘက်တီးရီးယားပင်ညှိုးရောဂါ ကာကွယ်နည်းအကြံပြုချက် 

    • ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူဘက်မှ ငရုတ်တောင်သူများ ဘက်တီးရီးယားပင်ညှိုးရောဂါနှင့် ပတ်သတ်ပြီးမေးမြန်းလာတာကြောင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးလိုက်ပါတယ်။ 
    • အပင်ခြေရေမဝပ်အောင်ဆောင်ရွက်ပါ၊ ရောဂါကျအပင်များကို နုတ်ယူဖယ်ရှားပြီးမှ ဆေးဖျန်းတာအကောင်းဆုံးဖြစ်ပါတယ်။ 
    • နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေးတွေ အလွန်အကျွံမသုံးပါနဲ့။ 
    • အသုံးပြုနိုင်သော ဓာတုဘက်တီးရီးယားသတ်ဆေးများ- Copper oxychloride + Kasugamycin , Bismerthiazol, Oxolinic acid, Copper hydroxide, Validamycin 
    • ခရမ်း၊ ငရုတ်၊ အာလူး၊ ရုံးပတီ မဟုတ်သော အခြားသီးနှံများနှင့် သီးလှည့်စိုက်ပျိုးပါ။ 

    ငါးကန်ရေချဉ်ဖန်နှုန်း ကျဆင်းခြင်းအား ပြုပြင်နည်း   

    ကန်ရေ၏ချဉ်ဖန်နှုန်း ကျဆင်းပါက ကန်အတွင်း အောက်စီဂျင်လျှော့နည်းခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ အဆိုပါကိစ္စသည် မိုးကာလတွင် အဖြစ်များပါသည်။ ညနေပိုင်း (၄)နာရီတွင် ကန်ရေ၏ချဉ်ဖန်နှုန်းသည် တက်ရမည့်အစား သတ်မှတ်ချက်ထက် နိမ့်ကျနေပါက အောက်ပါအတိုင်း ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။  

    pH နိမ့်ခြင်းကို ပြုပြင်နည်းများ (တဧက၊ တစ်မီတာအနက်တွင်)  

    CaO, Ca(OH)₂ — 30 မှ 60 ပိဿာ / ဧက  

    CaCO₃, CaMg(CO₃)₂ — 50 မှ 100 ပိဿာ / ဧက  

    -----------  

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
5
comments
0
views
2177