ဧရာဝတီတိုင်း အောက်တိုဘာလ ၃၀ ရက် မှ နိုဝင်ဘာ ၅ ရက်အထိ မိုးလေဝသအခြေအနေ
- ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ - · အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းအနီးမှ လေပွေလှိုင်းသည် အနောက်ဘက်ထိုင်းပင်လယ်ကွေ့ငတွင်းသို့ ဆက်လက်ရွေ့လျားပြီး အောက်တိုဘာ ၃၁ ရက် ညပိုင်းတွင် မြိတ်မြို့တောင်ဘက်မှ ဖြတ်သန်း၍ ကပ္ပလီပင်လယ်သို့ဝင်ရောက်လာနိုင်ပါတယ်။ ထိုမှတဆင့် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာ ၁ ရက် နံနက်တွင် ကိုကိုးကျွန်းတောင်ဘက်မှတဆင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ဆက်လက်ရွေ့လျားရောက်ရှိလာနိုင်ပါမယ်။ - · လေပွေလှိုင်းသည် ပိုမိုအားကောင်းလာနိုင်ပြီး ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းအနီးမှာ စောင့်ကြည့်ရမည့် လေပွေလှိုင်း INVEST-system တခု ဖြစ်လာနိုင်ကြောင်း ECMWF, ICON နှင့် GFS Model များမှ ကြိုတင်ခန့်မှန်းများမှာတွေ့ရပါတယ်။ - · အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း MONTHA ရဲ့ အကြွင်းအကျန်တွေသည် မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး နောက် ၆ နာရီအတွင်းမှာ ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ - · ECMWF, ICON နဲ့ GFS model ကြိုတင်ခန့်မှန်းချက်များအရ နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သောလေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ရဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးများနိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မ မှ ၄ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ - · ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မ နီးပါးမှ ၃ လက်မ နီးပါးအထိရွာသွန်းရရှိနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်တာကြောင့် အောက်တိုဘာ ၃၀ ရက် မှ နိုဝင်ဘာ ၅ ရက်အထိ ၇ ရက်တာကာလအတွင်းမှာ ရိတ်သိမ်းပြီးစပါးများနေလှမ်းခြင်း၊ ပဲစိုက်တောင်သူများ ပဲမျိုးကြဲခြင်းများကို မိုး/လေအခြေအနေကြည့်၍ ဂရုစိုက်ဆောင်ရွက်ကြပါရန်တိုက်တွန်းလိုပါတယ်။ - အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ ၇ ရက်အတွင်း ဧရာဝတီတိုင်းတွင်မိုးရွာသွန်းနိုင်သည့်အခြေအနေ - · လပွတ္တာ၊ ဖျာပုံ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ကျိုက်လတ် မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မအထက်မှ ၄ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ပါတယ်။ - · မအူပင်၊ ဝါးခယ်မနဲ့ ဟင်္သာတ မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်ရွာသွန်းရရှိနိုင်ပြီး၊ ပုသိမ်၊ မြောင်းမြ၊ အင်္ဂပူ၊ ကျုံပျော်၊ ကန်ကြီးဒေါင့်နဲ့ ရေကြည်မြို့နယ်/ခရိုင်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မအထက်-၂ လက်မအောက်ရွာသွန်းရရှိနိုင်ပါတယ်။ - · များသောအားဖြင့် ဧရာဝတီတိုင်းမြောက်ပိုင်းမြို့နယ်/ခရိုင်တွေမှာယခုတပတ်အတွင်း မိုးရွာသွန်းမှုအနည်းဆုံးဖြစ်နိုင်ပါတယ် - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - · ယခု ၁ ပါတ်အတွင်း အောက်တိုဘာ ၃၁ ရက် နေ့မှ စတင်၍ ဧရာဝတီတိုင်းကမြို့နယ်အချို့မှာ နေ့အပူချိန်များသိသိသာကျဆင်းလာနိုင်ပြီး အမြင့်ဆုံးနေ့အပူချိန် ၂၈°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ပါမယ်။ - · ကမ်းရိုးတန်းအနီးမှ မြို့နယ်/ကျေးရွာတွေမှာ အနောက်ဘက်နှင့် မြောက်ဘက်အရပ်များမှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီမိုင် ၂၀ ခန့် ရှိနိုင်ပါတယ်။ - · ဧရာဝတီတိုင်းအတွင်း နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၉၀% ရှိနေနိုင်ပြီး၊ နံနက်/ညအချိန်တွေမှာ ၁၀၀% ရှိနိုင်ပါတယ်။ - · လေထုစိုထိုင်းဆများနေချိန်အတွင်း အထူးသဖြင့်ဧရာဝတီတိုင်းမြောက်ပိုင်းက ခရိုင်/မြို့နယ်တွေမှာ ခံစားရတဲ့အပူချိန် ၃၉°C အထိရှိနေနိင်ပါတယ်။ - · လေထုညစ်ညမ်းမှုအခြေအနေ (AQI value) က အများဆုံး ၇၀ မှ ၇၅ အထိရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုအညွှန်းကိန်း အသင့်အတင့်အဆင့်(Moderate Level)မှာ ရှိပါတယ်။ - ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ အရှေ့ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၂၂ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၄.၅ ပေခန့် ပေခန့်ရှိနိုင်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - ငါးကန်ရေချဉ်ဖန်နှုန်း ကျဆင်းခြင်းအား ပြုပြင်နည်း - ကန်ရေ၏ချဉ်ဖန်နှုန်း ကျဆင်းပါက ကန်အတွင်း အောက်စီဂျင်လျှော့နည်းခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ အဆိုပါကိစ္စသည် မိုးကာလတွင် အဖြစ်များပါသည်။ ညနေပိုင်း (၄)နာရီတွင် ကန်ရေ၏ချဉ်ဖန်နှုန်းသည် တက်ရမည့်အစား သတ်မှတ်ချက်ထက် နိမ့်ကျနေပါက အောက်ပါအတိုင်း ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။ - pH နိမ့်ခြင်းကို ပြုပြင်နည်းများ (တဧက၊ တစ်မီတာအနက်တွင်) - CaO, Ca(OH)₂ — 30 မှ 60 ပိဿာ / ဧက - CaCO₃, CaMg(CO₃)₂ — 50 မှ 100 ပိဿာ / ဧက - ----------- - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
