လွယ်ကူမြန်ဆန်ပြီး အရသာရှိတဲ့ နဂါးမောက်သီးအုန်းနို့ကျောက်ကျောပြုလုပ်နည်း
ပြုလုပ်နည်းမှာ-
-နဂါးမောက်သီး(အနီရောင်)အမှည့်တစ်လုံးကိုအခွံခွာပြီးလက်နဲ့ ဖျစ်ညှစ် ချေထားပါ။
-အာဂါးကျောက်ကျော အစိမ်းရောင် (အထုပ်သေး)ကိုအိုးထဲထည့်ပြီး ရေ ၂လီတာနဲ့ဖျော်ပါ ။
-အုန်းနို့သံဘူးအသေးတစ်လုံးကိုလောင်းထည့်ပါ ။
-သကြား ၂၅ ကျပ်သားထည့်ပါ ။
-အိုးကို မီးအတန်အသင့်နဲ့ အပူပေးပါ။
ကျောက်ကျောရည် ဆူပွက်လာချိန်ကျရင် မိနစ်(၂၀)လောက်ကြာအောင် မပြတ်မွှေပေးပါ ။
-မိနစ်(၂၀)ပြည့်ရင် ကျောက်ကျောအိုးထဲကိုနဂါးမောက်သီးချေထားတာ ထည့်မွှေပါ ။
ပြီးရင်မီးဖိုပေါ်ကချပြီး ဘန်းထဲကိုလောင်းထည့်ပါ။
-ဗန်းကိုငြိမ်ငြိမ်ထားပြီး အေးသွားတဲ့အခါ ရေခဲသေတ္တာထဲထည့်ပြီး စားလိုတဲ့အချိန်
လှီးစားနိုင်ပါပြီ။
-နဂါးမောက်သီးရဲ့ သဘာဝအရောင်အသွေးကအသဲကွဲရောင်လေးမို့ စားချင်စဖွယ်
ဆွဲဆောင်မှု အပြည့်ရှိပါတယ်။
Burmese Food Lover ဆောင်းပါးမှ ကူးယူဖော်ပြသည်။
--------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price