cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာ ၆ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ယခုတပတ်အတွင်း မိုးအသင့်အတင့်ရွာနိုင်ပြီးနေရာကွက်၍ မိုးများနိုင်ပါတယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ

    · ဆိုင်ကလုန်းမုန်တိုင်း MONTHA ၏ အကြွင်းအကျန်လေကုန်းတွင်း လေဖိအားနည်းရပ်ဝန်းသည် အိန္ဂိယနိုင်ငံအလယ်ပိုင်းတွင် မြောက်ဘက်သို့ဆက်လက်ရွေ့လျားနေပြီး၊ အောက်တိုဘာ ၃၁ ရက် ည၌ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးတွင် အားပျော့ပျက်ပြယ်ပြီး မုန်တိုင်းအကြွင်းအကျန်များသည် အာသံ-မဏိပူရဒေသပေါ်သို့ ဆက်လက်ရွေ့လျားနိုင်ပါတယ်။

    · ထိုင်းပင်လယ်ကွေ့မှ လေပွေလှိုင်းသည် အောက်တိုဘာ ၃၁ ရက်နေ့တွင် မြိတ်မြို့တောင်ဘက်မှဖြတ်သန်း၍ ကပ္ပလီပင်လယ်အတွင်းသို့ ရောက်ရှိလာပြီးနောက် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ကိုကိုးကျွန်းနှင့် မော်တင်စွန်းကြားမှဖြတ်သန်းပြီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ နိုဝင်ဘာ ၂ ရက်နေ့တွင် ဝင်ရောက်လာနိုင်ပါတယ်။ ဤ လေပွေလှိုင်းသည် နိုဝင်ဘာ ၅ ရက်နေ့ညတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ပြီးကုန်းတွင်းသို့ ဝင်ရောက်ကာ ပျက်ပြယ်သွားနိုင်ပါတယ်။

    · ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေပွေလှိုင်း INVEST-98W သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကို နိုဝင်ဘာ ၅ ရက်နေ့တွင် အပူပိုင်းမုန်တိုင်း/တိုင်ဖွန်းမုန်တိုင်းအဖြစ် ဖြတ်ကျော်တိုက်ခတ်ပြီးနောက် တောင်တရုတ်ပင်လယ်အတွင်းသို့ နိုဝင်ဘာလ ၆ ရက် ည ပိုင်းတွင် ဝင်ရောက်လာနိုင်ပါတယ်။

    · အိန္ဒိယနိုင်ငံအလယ်ပိုင်းမှာ မြောက်အရပ်သို့ ဆက်လက်ဦးတည်ရွေ့လျားနေသည့် ဆိုင်ကလုန်းမုန်တိုင်း MONTHA အကြွင်းအကျန်များနှင့် ထိုင်းပင်လယ်ကွေ့ဘက်မှ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသိအထိ ဆက်လက်ရွေ့လျားလာမည့် လေပွေလှိုင်းတို့ကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ယခုတပတ်အတွင်း မိုးအသင့်အတင့်ရွာနိုင်ပြီးနေရာကွက်၍ မိုးများနိုင်ပါတယ်။

    ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ

    · မန္တလေးတိုင်း ကျောက်ဆည်နှင့် မိတ္ထီလာမြို့နယ်/ခရိုင်ဒေသများတွင် မိုးအများဆုံး(၇ ရက် မိုးရေချိန် ၃ လက်မ အထက် - ၈၀ မီလီမီတာ)ရွာသွန်းနိုင်ပါတယ်။

    · အလယ်ပိုင်းမြို့နယ်/ခရိုင်များဖြစ်သည့် မြင်းခြံ၊ ရမည်းသင်း၊ ညောင်ဦး၊ မန္တလေးမြို့၊ တံတားဦး၊ မြစ်ငယ်၊ ပြင်ဦးလွင်တို့တွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက် - မိုးအသင့်အတင့် ထစ်ချုန်းရွာနိုင်ပါတယ်။

    · သာစည်၊ ဝမ်းတွင်း၊ မလှိုင်၊ တောင်သာ၊ မြစ်သား၊ နထိုးကြီး၊ စဉ့်ကူး စသည့်မြို့နယ်/ခရိုင်များမှာ ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မအထက်၊ ၂ လက်မ နီးပါးခန့် မိုးအနည်းငယ်ရွာသွန်းနိုင်ပါတယ်။

    · နိုဝင်ဘာ ၂ ရက်နှင့် ၄ ရက်နေ့များမှာ မတ္တရာနှင့် ပုသိမ်ကြီးမြို့နယ်ခရိုင်များအတွင်း ၂၄ နာရီမိုးရေချိန် ၁ လက်မခွဲခန့်ရွာသွန်းပြီး မိုးအနည်းငယ်များနိုင်ပါမယ်။

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ

    · ပျမ်းမျှခြင်းအားဖြင့် အမြင့်ဆုံးနေ့အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၂°C ရှိနိုင်ပြီး တောင်ပေါ်ဒေသ(ပြင်ဦးလွင်၊ မိုးကုတ်စသည့် မြို့နယ်များ)မှာ အမြင့်ဆုံးနေ့အပူချိန် ၂၃°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၈°C ခန့် အထိ ကျဆင်းလာနိုင်ပါတယ်။

    · မန္တလေးတိုင်းအတွင်းမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် ၂၀ ကျော်ခန့်ရှိနိုင်ပြီး၊

    · နိုဝင်ဘာ ၁ ရက်နေ့အထိ နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၆၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၁၀၀% ရှိနေနိုင်ကာ နိုဝင်ဘာ ၁ ရက်နောက်ပိုင်းမှာ နေ့ခင်းပိုင်း/ညပိုင်းအချိန်များတွင် လေထုစိုထိုင်းဆ ၉၀% အထက်တွင်ရှိနေနိုင်ပါမယ်။

    · လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်းအတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၃၇°C အထိရှိနိုင်ပါတယ်။

    · မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value သည် Good to Moderate Level အသင့်အတင့်မှ ကောင်းသောအဆင့်တွင် ရှိနေပြီး စိုးရိမ်ရသည့် အခြေအနေမရှိပါ။

    Win Naing

    Administration Team,

    MMWEATHER,

    မန္တလေးတိုင်းဒေသကြီးအတွင်း ခရမ်းချဥ်စိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်

    မန္တလေးတိုင်းဒေသကြီးအတွင်း ခရမ်းချဥ်စိုက်ပျိုးရာတွင် ဘိုထရိုင်းတစ်ပင်စည်ပုပ်ရောဂါ ဂရုစိုက်ကာကွယ်ပေးပါ။ ဘိုထရိုင်းတစ်ပင်စည်ပုပ်ရောဂါကျရောက်ပါက အရွက်နှင့် ပင်စည်များပေါ်တွင် အညိုရောင်အနာကွက်များမှစတင်ကာ တဖြေးဖြေးကျယ်ပြန့်လာပီး ပင်စည်ပတ်ပတ်လည် ကျသွားပါက အနာကွက်၏အပေါ်အစိတ်အပိုင်းများအားလုံး ညှိုး၍ သေသွားတတ်ပါသည်။

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ-

    • အစိုဓာတ်များပါက ပိုမိုကျရောက်တတ်၍ ရေအလွန်အကျွံသွင်းခြင်းရှောင်ကြဥ်ပါ။

    • စိုက်ခင်းအတွင်းလေဝင်လေထွက်ကောင်းမွန်အောင်ထားပါ။

    • မြေဩဇာကိုသင့်တင့်မျှတစွာကျွေးပါ။

    • ဓာတုဆေးသုံးလိုပါကမြန်မာ့ဩဘာမှ စွယ်စုံ၊ ကာဗင်၊ ယူနတီ မှိုသတ်ဆေးများအား သတ်မှတ်နှုန်းထားအတိုင်း ပက်ဖျန်းပေးနိုင်ပါသည်။

    ငါး၊ ပုစွန်မွေးမြူရေးကန်၏ ရေချဉ်ဖန်နှုန်းအကြောင်း

    ငါး၊ ပုစွန်မွေးမြူရေးကန်တစ်ခု၏ ရေချဉ်ဖန်နှုန်းသည် ငါး၊ ပုစွန်များ အသက်ရှင်သန်ခြင်းနှင့် ကြီးထွားနှုန်း အတွက် အရေကြီးသောအချက် ဖြစ်ပါသည်။ ကန်တစ်ခု၏ ရေ၏ချဉ်ဖန်နှုန်းသည် (၆)မှ (၉)အတွင်း ရှိသင့်ပါသည်။ သို့သော် (၇.၅) မှ (၈.၅) အတွင်းရှိပါက အကောင်းဆုံးဖြစ်ပါသည်။

    ရေ၏ချဉ်ဖန်နှုန်းအတက်အကျသည် ကန်၏ရုပဆိုင်ရာအချက်အလက်များပေါ်တွင်မူတည်နေကြပါသည်။ ကန်ရေ၏ချဉ်ဖန်နှုန်း ကျဆင်းရခြင်း ( PH 6) အောက်သို့ ကျဆင်းရခြင်းသည် (၁) အောက်ခံမြေသားအက် စစ်ဆန်နေခြင်း၊ (၂) ကန်အောက်ခြေတွင် အညစ်အကြေး များနေခြင်း၊ (၃)ကန်အတွင်း မိုးရေများနေခြင်း၊ (၄)ကျောက်ချဉ် အလွန်အကျွံ သုံးစွဲခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
7
comments
0
views
2922