cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ် နိုဝင်ဘာ ၁ ရက် မှ နိုဝင်ဘာ ၇ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီး၊ ကလော - ၄ လက်မအထက်၊ လွိုင်လင်၊ ညောင်ရွှေ၊ ပင်လောင်း - ၃လက်မအထက်၊ ဟိုပုံး၊ ပင်းတယ၊ ရပ်စောက် - ၂ လက်မအထက်
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ 

    ·          အောက်တိုဘာ ၃၁ ရက်နေ့ညတွင် ထိုင်းပင်လယ်ကွေ့မှ အနောက်ဘက်သို့ ရွေ့လျားဝင်ရောက်လာသည့် လေပွေလှိုင်းသည် ကပ္ပလီပင်လယ်ပြင်အတွင်း ပုသိမ်မြို့တောင်ဘက် ၂၄၄ မိုင်ခန့်၊ ထားဝယ်မြို့အနောက်ဘက် ၂၅၅ မိုင်ခန့်သို့ရောက်ရှိလာပြီး၊ နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်းတွင် ကိုကိုးကျွန်းတောင်ဘက်မှ ဖြတ်သန်းပြီးအနောက်မြောက်ဘက်(ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့)ဆက်လက်ရွေ့လျားနိုင်ပါတယ်။ 

    ·          လေပွေလှိုင်းသည် နိုဝင်ဘာ ၂ ရက်နေ့ နေ့လည် ၁၂ နာရီအထိ၊ မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး၊ ဂွမြို့အနောက်ဘက် ၁၁၅ မိုင်ခန့်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း ICON model မှ ခန့်မှန်းထားပါတယ်။ ECMWF model ခန့်မှန်းချက်မှာ နိုဝင်ဘာ ၂ ရက် နေ့လည်တွင် ပုသိမ်မြို့အနောက်တောင်ဘက် မိုင် ၁၀၀ ခန့်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ 

    ·          အခုဖြစ်ပေါ်နေတဲ့ ကပ္ပလီပင်လယ်မြောက်ပိုင်းမှ လေပွေလှိုင်းအရှိန်ကြောင့်၊ နိုဝင်ဘာ ၁ ရက် မှ ၃ ရက်အတွင်း မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တွေမှာ ၃ ရက်အတွင်း မိုးရေချိန် ၃ လက်မ အထက်ရွာသွန်းရရှိနိုင်ပြီး နေရာကွက်၍မိုးများနိုင်ပါတယ်။ 

    ·          တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွေမှာ ၃ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက် ၃ လက်မနီးပါး ရွာသွန်းရရှိနိုင်ပါတယ်။ 

    ·          မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်တွေမှာ ၃ ရက်အတွင်းမိုးရေချိန် ၂ လက်မ အထက်-၃ လက်မနီးပါးနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွေမှာ ၃ ရက်အတွင်း မိုးရေချိန် ၁ လက်မအောက်- မိုးအနည်းငယ်ရွာသွန်းနိုင်ပါတယ်။ 

    ယခု ၁ ပါတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ 

    Ventusky Icon Model Update အရ 

    ·          Highest rainfall: Taunggyi (Southern Shan) ~4.7 in (≈120 mm) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ၇ ရက်မိုးရေချိန် ၄.၇ လက်မ(120mm/7days) ယခု ၁ ပတ်အတွင်း မိုးရေချိန်အများဆုံးရွာနိုင်ပါသည်။ 

    ·          Wettest region overall: Southern Shan (avg ~3.5 in / 89 mm) ရှမ်းပြည်နယ်တောင်ပိုင်းသည် စိုစွတ်မှုအရှိဆုံး(Wettest Region)ဖြစ်နိုင်ပါမည်။ 

    ·          Lightest rainfall: Northeastern dry corridors (Mong Yawng, Tangyan <2.5 in) ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း မိုင်းယောင်းနှင့် တန့်ယန်းမြို့နယ်များတွင် ၇ ရက်မိုးရေချိန် ၂.၅ လက်မခန့်သာရွာနိုင်ပြီး မိုးအနည်းဆုံးမြို့နယ်များဖြစ်နိုင်ပါမည်။ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-လားရှိုး မြို့နယ်/ခရိုင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး-ကလော မြို့နယ်/ခရိုင်တွေမှာ ယခုတပတ်အတွင်း မိုးအများဆုံး ၇ ရက်မိုးရေချိန် ၄ လက်မအထက် ရွာသွန်းရရှိနိုင်ပါတယ်။ 

    ရှမ်းပြည်နယ်အတွင်း မြောက်/အရှေ့/တောင်ပိုင်းရှိ မြို့နယ်/ခရိုင်များအလိုက် ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်များ 

    ·          ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး၊ မူဆယ် - ၄ လက်မအထက်၊ ကျောက်မဲ၊ နမ္မတူ၊ သီပေါ - ၃ လက်မအထက်၊ ကွတ်ခိုင်၊ တန့်ယန်း၊ မိုင်းရယ် - ၂ လက်မအထက် 

    ·          ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ် - ၃ လက်မအထက်၊ တာချီလိတ်၊ မိုင်းပျဉ်း၊ မိုင်းယောင်း - ၂လက်မအထက် 

    ·          ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီး၊ ကလော - ၄ လက်မအထက်၊ လွိုင်လင်၊ ညောင်ရွှေ၊ ပင်လောင်း - ၃လက်မအထက်၊ ဟိုပုံး၊ ပင်းတယ၊ ရပ်စောက် - ၂ လက်မအထက် 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၈°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၉°C ခန့် ရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အနိမ့်ဆုံးညအပူချိန် ၂၂°C ခန့်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အနိမ့်ဆုံးညအပူချိန် ၁၇°C ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း တောင်ဘက်နှင့် အရှေ့တောင်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၂၅ မိုင်ခန့်အထိရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်ရဲ့ လေထုစိုထိုင်းဆအခြေအနေများအနေနဲ့ နေ့လည်ပိုင်းအချိန်တွေမှာ ၅၀% မှ ၆၀% ဝန်းကျင် ရှိနိုင်ပြီး ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၉၀% မှ ၁၀၀% အထိ ရှိနိုင်ပါတယ်။ 

    ·          လေထုစိုထိုင်းဆမြင့်မားချိန် ၂၉ ရက်အထိ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၃၀°C ခန့်ရှိနေနိုင်ပါမယ်။ 

    ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ လေထုညစ်ညမ်းမှုအခြေအနေသည် Good to Moderate အသင့်အတင့်သာ မြင့်မားမှုရှိတာကြောင့် စိုးရိမ်စရာမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ရှမ်းပြည်နယ်အတွင်း ပဲတိုင်ထောင်စိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    ရှမ်းပြည်နယ်အတွင်း ပဲတိုင်ထောင်စိုက်ပျိုးရာတွင် ဘက်တီးရီးယားရွက်ခြောက်ရောဂါကျရောက်မှူ သတိပြုကာကွယ်ပါ။ ဘက်တီးရီးယားရွက်ခြောက်ရောဂါကျရောက်ပါက ပဲအရွက်များပေါ်တွင် နီညိုရောင်အနာကွက်ကို အဝါရောင်အနားသတ်ဖြင့်တွေ့ရှိရတတ်ပါသည်။ သီးတောင့်များတွင်လဲ ကျရောက်ပါက နီညိုရင့်ရောင်နေလောင်ကွက်များတွေ့ရှိရပြီး နို့နှစ်ရောင် ဘက်တီးရီးယား ဆစ်ထုတ်ရည်များအား တွေ့ရှိရမည်ဖြစ်ပါသည်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- 

    • ရောဂါကင်းသော မျိုးရွေးချယ်စိုက်ပျိုးပါ။ 
    • မျိုးရင်းဝင်မတူသောသီးနှံဖြင့် သီးလှည့်စိုက်ပျိုးပါ။ 
    • ရေပေးသွင်းရာတွင် ပက်ဖျန်းခြင်းများသည် ဘက်တီးရီးယားပြန့်နှံ့မှု အားပေးတတ်၍ အပင်ခြေမှရေပေးသွင်းပေးပါ။ 
    • ဓာတုဆေးသုံးလိုပါက ကော့ပါးပါဝင်သော မှိုသတ်ဆေးများကြိုတင်ပက်ဖျန်းခြင်း၊ Kasugamycin , Bismerthiazol ပါဝင်သောမှုသတ်ဆေးများ ပက်ဖျန်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ 

    ငါးကန်ရေအရောင်စစ်ဆေးရန် အကြံပြုချက်     

    - ငါးနှင့်ရေသတ္တဝါအားလုံးသည် သဘာဝအစာ (သက်ရှိအစာ)ကို အခြေခံစားသောက်ကြပါသည်။     

    - သဘာဝအစာဆိုသည်မှာ အပင်မျှောလှေးနှင့် အကောင်မျှောလှေးများဖြစ်ကြပါသည်။ ကန်အတွင်းသဘာဝ အစာ ရှိနေပါက ကန်ရေ၏အရောင်သည် အစိမ်းရောင် ပေါ်ပေါက်နေပါသည်။    

    - ကန်ရေ၏အရောင်သည် အစိမ်းနုရောင် ရှိနေပါက သဘာဝအစာ သင့်တင့်မျှတစွာရှိနေကြာင်းကို ဖော်ပြပြီး၊ အစိမ်းရင့်ရောင်ဖြစ်နေပါက သဘာဝအစာပေါများစွာရှိနေကြောင်းကို ဖော်ပြပါသည်။ ကန်အတွင်း သဘာဝအစာပေါက်ဖွားခြင်းသည် အလင်းမှီစုဖွဲ့အစာချက်လုပ်ခြင်းမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။   

    ---------   

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
4
comments
0
views
3293