ပေါင်းသတ်ဆေးအသုံးပြုသည့် တောင်သူဦးကြီးများ သတိထားစေရန်
ဆေးရွက်ကြီးစိုက်ပျိုးတောင်သူဦးကြီးတစ်ဦးသည် ပေါင်းသတ်ဆေးဖျန်းပြီး မဆေးကြောထားသော ဆေးဖျန်းပုံးအား သတိမမူမိပဲ ရွက်ဖျန်းအားဆေးထည့်ဖျန်းမိခဲ့ရာမှ စတင်မှားယွင်းခဲ့ခြင်းဖြစ်ပါတယ်။ ဆေးဖျန်းချိန်တွင် ဆေးဖျန်းပုံးထဲမှ လက်ကျန်ဆေးရည်များအား ပေါင်းသတ်ဆေးဆိုတာကို မေ့လျော့ကာ မဆေးမိပဲဆေးရွက်ကြီးခင်းတွင် ပက်ဖျန်းခဲ့ပါတယ်။ ဆေးရွက်ကြီးအရွက်တွေစတင် ဝါလာခဲ့ပါပြီ။
ပေါင်းသတ်ဆေးလက်ကျန်ပမာဏနည်းသော်တည်း ဆေးဖျန်းပုံး ၁ ပုံးစာ ပက်ဖျန်းမိသွားပြီ ဖြစ်တဲ့အတွက် ဘာဆက်လုပ်သင့်သလဲ............
ပေါင်းသတ်ဆေးလွဲမှားခြင်းအတွက် ဖြေဆေးရယ်လို့မရှိပါ........
လုပ်ဆောင်ရမည့်အချက်များမှာ-
- သိသိချင်း ထွက်တိုးကောစင်တာ (၀၉-၉၇၇၉၁၀၀၀၀)ကို ချက်ချင်းဆက်သွယ်ပေးပါ။
- ပက်ဖျန်းမိလိုက်သော ပေါင်းသတ်ရဲ့ ဆေး ai (အစွမ်းရှိပစ္စည်း)ကို သေချာစွာပြောပေးပါ။
- ရေသန့်သန့်ဖြင့် ပက်ဖျန်းမိသောနေရာ/စိုက်ခင်းအား ၁၀ ဆ ပက်ဖျန်းပေးပါ။
- အပင်အခြေအနေအား နေ့စဥ်စောင့်ကြည့်ပေးပါ။
- ပေါင်းသတ်ဆေးပက်ဖျန်းမိသည့်နေ့မှစ၍ ၃-၄ ရက် ရေဖြင့် နေ့စဥ် မနက် ၁ကြိမ်- ညနေ ၁ကြိမ် ပက်ဖျန်းပေးပါ။
- အထူးသတိပြုရမည့်အချက်မှာ ပေါင်းသတ်ဆေးဖျန်းသည့် ဆေးဖျန်းပုံးအား အခြားသော ဆေးဖျန်းပုံးများနဲ့ အတူ အသုံးမပြုပဲ သီးသန့်ထားရှိပေးပါ။
- သီးသန့်ထားရှိရန်အဆင်မပြေပါက ပေါင်းသတ်ဆေးဖျန်းပြီးတိုင်း အောက်ဖော်ပြပါအတိုင်း သန့်စင်စွာဆေးကြောပေးပါ။
- ဆေးကြောရာတွင် ပထမဦးစွာ ရွှံ့နှစ်ရည်ဖြင့် စတင်ဆေးကြောပေးပါ။
- ထို့နောက် ရေသန့်သန့်ဖြင့် ၄-၅ ကြိမ်တိတိ ပြန်လည်ဆေးကြောပြီး နေလှန်းပေးပါ။
- ဆေးဖျန်းပုံးအား သီးသန့်မထားနိုင်သော်လည်း ဆေးဖျန်းပိုက်နှင့်ဆေးဖျန်းခေါင်းတို့အား သီးသန့် ထားရှိပေးပါ။
✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ -
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် -
https://htwettoe.com/post/38752


NewsFeed
Communities
Explore
Inbox
Me
Market Price