cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တိုင်းရင်းကြက်များကို အသားနှင့်ဥ တိုးစေရန် အဆင့်ဆင့်မွေးမြူသားဖောက်နည်း

. Poultry
ရွေးချယ်ထားသောအမ များကို ရွေးချယ်ထားသော အထီးဖြင့် မျိုးစပ်ပါ။· ထိုကြက်မများမှပေါက်လာသောကြက်မလေးများကို မဒန်းအရွယ်ရောက်ချိန်တွင် အထက်ပါနည်းအတိုင်း စိတ်ကြိုက် ပထမမျိုးဆက်မဒန်းများကိုရွေးချယ်ပါ။
  • (၁) မျိုးကြက်ထီးရွေးချယ်ခြင်း

    ·      ခြေဆံလက်ဆံမြင့်သောအထီး

    ·      ရင်ပတ်နှင့်ကျော အလျားရှည်သောအထီး

    ·      ရင်ပတ်နှင့်ကျော လုံးပတ် ပြည့်သောအထီး

    ·      ခေါင်းကြီးပီး အမောက်ကြီးသောအထီး

    အထက်ပါအချက်များနှင့်ပြည့်စုံသည့်အပြင် ကြက်မတကောင်မှ ပေါက်လာသော ကြက်အုပ်တအုပ်ထဲမှ အသက်ရွယ်တူအထီးများအနက်အခြားသောအထီးများထက်သိသာစွာကြီးသောအထီးတစ်ကောင်ကို ရွေးပါ။     

    (၂) မျိုးကြက်မရွေးချယ်ခြင်း

    ·      သာမန်မျက်စိဖြင့်ကြည့်ရုံဖြင့် အသက်တူကြက်မများထက်ပိုကြီးသော ကြက်မဒန်း

    ·      စောစောအုသောကြက်မဒန်း

    ·      ဥများများ အုသောကြက်မဒန်း

    ·      ဥအလုံးကြီးသောကြက်မဒန်း

    ·      အထက်ပါအချက်များနှင့် ပြည့်စုံသည့် ကြက်အုပ်တအုပ်မှ ဖြစ်စေ၊ ထိုထက်ပိုသောကြက်အုပ်မှ ဖြစ်စေ၊ စိတ်ကြိုက် ကြက်မဒန်း ၃-၅ ကောင်ခန့်ကိုရွေးထားပါ။ထို့ထက်မကလည်းရွေးနိုင်ပါသည်။         

    (၃) အဆင့်ဆင့်မျိုးစပ်ခြင်း·      

    ရွေးချယ်ထားသောအမ များကို ရွေးချယ်ထားသော အထီးဖြင့် မျိုးစပ်ပါ။·      ထိုကြက်မများမှပေါက်လာသောကြက်မလေးများကို မဒန်းအရွယ်ရောက်ချိန်တွင် အထက်ပါနည်းအတိုင်း စိတ်ကြိုက် ပထမမျိုးဆက်မဒန်းများကိုရွေးချယ်ပါ။

    ·      ထိုရွေးချယ်ထားသော ပထမမျိုးဆက်မဒန်းများကို နောက်ထပ်အကောင်ကြီးသော အထီးအသစ် တကောင်ဖြင့် မျိုးစပ်ပါ။ (ယခင်အထီးကို အသုံးပြုပါက မျိုးနီးသားစပ်ခြင်းဖြစ်နိုင်သဖြင့် မျိုးပျက်ခြင်းများဖြစ်သွားနိုင် သောကြောင့် ဖြစ်သည်။)

    ·      ပေါက်လာသော ဒုတိယမျိုးဆက်ထဲတွင်လည်း အထက်ပါအချက်များနှင့် ပြည့်စုံသော ကြက်မများကိုရွေး ချယ်ပါ။ ထို့နောက် နောက်ထပ်အထီးအသစ် တကောင်ဖြင့်မျိုးစပ်ပါ။

    ·      ထိုသို့ အဆင့်ဆင့်မျိုးစပ်ပေးခြင်းဖြင့် တတိယ မျိုးဆက်ခန့်ရောက်လာပါက ပေါက်လာသော ကြက်ထီး၊ ကြက်မများသည် ကြီးထွားနှုန်း ကောင်းခြင်း၊ အကောင်ကြီးခြင်း၊ ဥများများအုခြင်း၊ ဥအလုံးကြီးခြင်း စသည့် ကောင်းကျိုးများကို ရမည်ဖြစ်သည်။

    ·      အကြမ်းအားဖြင့် အချိန် ၁နှစ်ခွဲခန့်ကြာမည်ဖြစ်သည်။

    ·      အထက်ပါ နည်းလမ်းများမှာ ကြက်ကိုစတင်မွေးမည်ဆိုပါက လုပ်ဆောင်ရန်ဖြစ်သည်။

    ·      အကယ်၍မိမိတွင်ကြက်များရှိထားပါက ကြက်ထီးကိုသာ အသစ်ရှာပါ။ ကြက်မများထဲမှ အကောင်သေးသော ကြက်မများနှင့် ယင်းတို့မှပေါက်လာသော ကြက်ကလေးများအားလုံးကို ရောင်းထုတ်ပါ။ အကောင် ကြီးသောကြက်မများနှင့် သူတို့မှပေါက်လာသော ကြက်မများကို စိတ်ကြိုက်ရွေးထားပီး အထက်ပါအတိုင်း အဆင့်ဆင့်သားဖောက်ပါ။

    ဆက်ရန် ရှိသည် ---

    မွေးမြူရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန်လင့် - https://htwettoe.com/post/59174

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/tawetto-mwemyuyaetawinthumyaa

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
47
comments
2
views
5778