cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်းမိုးလေဝသခန့်မှန်းချက်နှင့် စိုက်/မွေးအကြံပြုချက်

. Weather News
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပဲခူးတိုင်းအနောက်ဘက်ခြမ်းမှ ပြည်ခရိုင်အတွင်း ၇ ရက်မိုးရေချိန်အများဆုံး ၇ လက်မနီးပါးခန့်ရွာသွန်းရရှိနိုင်ပါတယ်။
  • ပဲခူးတိုင်း နိုဝင်ဘာ ၄ ရက် မှ နိုဝင်ဘာ ၁၀ ရက်အထိ မိုးလေဝသအခြေအနေ 

    ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက် (Atmospheric instabilities) အခြေအနေများ 

    ·          ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းနှင့်ထိစပ်သည့်အပေါ်တွင် ဖြစ်ပေါ်လျှက်ရှိသော လေဖိအားနည်းရပ်ဝန်းက ဆက်လက်တည်ရှိနေပြီး၊ နောက် ၂၄ နာရီအတွင်း မြောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်ပါတယ်။ မုန်တိုင်းမဟုတ်သဖြင့် စိုးရိမ်ရန်မလိုပါ။ 

    ·          ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းသို့ ဦးတည်ရွေ့လျားလျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း KALMAEGI သည် နိုဝင်ဘာ ၃ ရက် ည မှာ ပိုမိုအားကောင်းလာကာ ဖိလစ်ပိုင်နိုင်ငံကို CATEGORY-2 ဆိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့်ဖြတ်ကျော်တိုက်ခတ်ပြီးသည့်နောက်၊ နိုဝင်ဘာ ၄ ရက်ည မှာ တောင်တရုတ်ပင်လယ်တွင်း စတင်ဝင်ရောက်လာနိုင်ပါမယ်။ 

    ·          တောင်တရုတ်ပင်လယ်အတွင်းအနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ ဗီယက်နမ်ကမ်းခြေကို “အားအလွန်ကောင်းသော တိုင်ဖွန်းမုန်တိုင်း” CATEGORY-3 Typhoon အဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ်။ 

    ·          နိုဝင်ဘာလ ၈ ရက်မှ ၉ ရက်အတွင်း တိုင်ဖွန်းမုန်တိုင်း KALMAEGI ၏ အကြွင်းအကျန်များသည် ထိုင်းနိုင်ငံမြောက်ပိုင်းမှတဆင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်းနဲ့ ဧရာဝတီတိုင်းအလယ်ပိုင်းတွေကိုဆက်လက်ဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း-ပင်လယ်ပြင်အထိ ရောက်ရှိနိုင်ကြောင်း ECMWF Model လမ်းကြောင်းခန့်မှန်းချက်မှာတွေ့ရပါတယ်။ 

    မြန်မာနိုင်ငံဘက်သို့ သက်ရောက်မှုရှိနိုင်မည့် မိုးလေဝသအခြေအနေများ 

    ·          ဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသများဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ နိုဝင်ဘာ ၇ ရက်နေ့ တရက် မိုးလေကင်းစင်နိုင်ပြီး နိုဝင်ဘာ ၈ ရက်နေ့မှာ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များဝင်ရောက်မှုကြောင့် မိုးပြန်ရွာနိုင်ပါမယ်။ 

    ·          လက်ရှိကြိုတင်ခန့်မှန်းချက်များအရ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ အားအလွန်ကောင်းသော (CAT-3)တိုင်ဖွန်းမုန်တိုင်း KALMAEGI ၏ အကြွင်းအကျန်များဝင်ရောက်နိုင်သည့် အခြေအနေသည်အလွန်နည်းပါးပြီး မိုးရွာသွန်းနိုင်ချေဆက်လက်၍ နည်းနေပါဦးမယ်။ ပြည်နယ်တိုင်းဒေသများအလိုက် နေ့စဉ်မိုးရွာသွန်းနိုင်မည့် အခြေအနေများကိုလည်းဆက်လက်တင်ပြပေးနေမှာဖြစ်တာကြောင့် ဂရုစိုက်စောင့်ကြည့်ကြစေချင်ပါတယ်။ 

    ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပဲခူးတိုင်းအနောက်ဘက်ခြမ်းမှ ပြည်ခရိုင်အတွင်း ၇ ရက်မိုးရေချိန်အများဆုံး ၇ လက်မနီးပါးခန့်ရွာသွန်းရရှိနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်းအရှေ့ခြမ်းမှ ဖြူး၊ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်၊ ကျောက်ကြီး၊ ရွှေကျင်၊ ညောင်လေးပင်၊ ဒိုက်ဦးခရိုင်များတွင် မိုးရေချိန်အသင့်အတင့် ၇ ရက်မိုးရေချိန် ၄ လက်မ အထက် ၅ လက်မခန့်မှ ၅ လက်မ အထက်အထိ ရွာသွန်းနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၏ တောင်ဘက်မှ သဲကုန်းနှင့်ပေါင်းတည် မြို့နယ်များတွင် ၇ ရက်မိုးရေချိန် ၃ လက်မအထက် ရွာသွန်းနိုင်ပြီး၊ ပုတီးကုန်း၊ အုတ်ဖို၊ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ စသည့် မြို့နယ်/ခရိုင်များတွင် မိုးနည်းနေနိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ပဲခူးတိုင်းတခုလုံးမှာ နိုဝင်ဘာ ၅ ရက်နေ့မှ ၉ ရက်နေ့အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၄၀°C အထိရှိလာနိုင်ပါမယ်။ 

    ·          နိုဝင်ဘာလ ၇/၈/၉ ရက်တွေမှာ ပဲခူးတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၆၀% မှ ၇၀% အထိ ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ များစွာကွာဟမှုမရှိပဲ ၉၀% မှ ၁၀၀% အတွင်းရှိနိုင်ပါမယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်းတခုလုံးမှာ 35 ဝန်းကျင်ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အခြေအနေမဟုတ်ပါ။ 

    ·          ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း နိုဝင်ဘာ၄ ရက်နှင့် ၅ ရက်နေ့များမှာ လှိုင်းအမြင့်ဆုံး ၃ ပေခန့်ရှိနိုင်ပြီး၊ ၅ ရက်နေ့နောက်ပိုင်းမှာ လှိုင်းအမြင့် ၁ ပေခန့် သို့လျော့ကျသွားနိုင်ပါတယ်။ နိုဝင်ဘာ ၄ ရက် နှင့် ၅ ရက်နေ့များမှာ မုတ္တမကွေ့အတွင်း လေတိုက်နှုန်းအမြင့်ဆုံး တနာရီ မိုင် ၃၀ အထိရှိနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်းကုန်းတွင်း မြို့နယ်/ခရိုင်များနှင့် ပဲခူးရိုးမတောင်ကြောပေါ်မှာ အရှေ့/အရှေ့တောင်ဘက်အရပ်များမှ လေတိုက်နှုန်းအများဆုံး တနာရီ ၁၅ မိုင်မှ ၂၅ မိုင်ခန့်ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲစိုက်တောင်သူများထံသို့.... 

    ဘက်တီးရီးယားရွက်ပြောက် (Angular Leaf Spot) ရောဂါကာကွယ်နှိမ်နင်းနည်း အကြံပြုချက် 

    • ဘက်တီးရီးယားကြောင့်ဖြစ်သော Angular Leaf Spot (ALS) ရောဂါသည် မှိုတစ်မျိုးဖြစ်သည့် Phaeoisariopsis griseola ကြောင့်ဖြစ်သော ရွက်ပြောက်ရောဂါနှင့် ဆင်တူသောကြောင့် သေချာစစ်ဆေးဖို့လိုပါတယ်။ 
    • ဘက်တီးရီးယားကြောင့်ဖြစ်သော ALS ရွက်ပြောက်လက္ခဏာသည် ညိုမဲမဲထောင့်ကွက်ပုံစံဖြစ်ပြီး အကွက်သည် ရွက်ကြောပေါ်သို့ဖြတ်နိုင်ပါတယ်။ 
    • ထိုကြောင့် ဘက်တီးရီးယားရွက်ပြောက်ကျရောက်ပါက နိုက်ထရိုဂျင်အဓိက ပါဝင်သော ရွက်ဖျန်းအားဆေးများကို အလွန်အကျွံအသုံးမပြုပါနဲ့။ 
    • ဓာတုဆေးအသုံးပြုမည်ဆိုပါက Copper oxychloride+ Kasugamycin ကိုရွေးချယ်နိုင်ပါတယ်။    

     ပျော်ဝင်အောက်စီဂျင်ရရှိစေရန် ဆောင်ရွက်နည်း  

    ငါး၊ ပုစွန်မွေးမြူရေးကန်များအတွက် အရေးကြီးသော ဓါတုဗေဒအချက်မှာ ပျော်ဝင်အောက်စီဂျင် ဖြစ်ပါသည်။ ပျော်ဝင်အောက်စီဂျင် DO ရရှိစေနိုင်သောနည်းလမ်းမှာ (၁)သဘာဝလေတိုက်ခိုက်ခြင်း (၂)ရေနေအပင်နှင့် အပင်မျှောလှေးတို့မှ အလင်းအမှီစုဖွဲ့ခြင်း (၃) လေပေးကိရိယာသုံးခြင်း (၄)ရေလှယ် ခြင်း တို့ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကန်တည်ဆောက်စဉ်ကတည်းက သဘာဝ လေတိုက်ခိုက် မှု့ ရရှိနိုင်သောနေရာ နှင့် နေအလင်းရောင် ကောင်းစွာရရှိနိုင်သော နေရာဖြစ်ပါက ပျော်ဝင်အောက်စီဂျင် ရရှိမှု့သည် ကောင်းမွန်သော ရူပဆိုင်ရာအချက်ဖြစ်ပါသည်။  

    -------    

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
15
comments
1
views
1708