cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း မြို့နယ်အချို့တွင် ဝက်တွေ ရောဂါကျပြီး သေဆုံးမှုဖြစ်နေ

. Swine
“ဝက်တွေက အစာစားရင်း လဲကျသေတာ ရှိသလို အချို့က လှဲနေအိပ်နေရင်း သေလို့ သေမှန်းမသိပဲ သေသွား တာလည်းရှိတယ်။ သေကာစမှာ အသားက မနံပေမယ့် သေလို့သေမှန်းမသိပဲ သေသွားတဲ့ ဝက်တွေကျတော့ အချိန်မီမဖျက်နိုင် တာကြောင့် အသားကအနံ့ထွက်နေတယ်” လို့ ကျုံပျာ်မြို့နယ်က ဒေသခံတဦးက ပြောပါတယ်။
  • ဝက်ချောင်း၊ကြောင်ရိုး စတဲ့ရွာတွေဘက်မှာ ခြံလုံးကျွတ် သေတဲ့ ပုံစံမျိုး မဟုတ်ပဲ တအိမ် နှစ်ကောင်စ သုံးကောင်စ သေတာမျိုးလို့ ရွာခံအချို့က ပြောပါတယ်။

    ဧရာဝတီတိုင်း အတွင်းက ကျုံပျော် ၊ကျောင်းကုန်း နဲ့ ကန်ကြီးထောင့် စတဲ့ မြို့နယ် တချို့မှာ အောက် တိုဘာလ နောက်ဆုံးပတ်ကစပြီး မွေးမြူရေး ဝက်တွေ အပြင်းဖျားရောဂါနဲ့ သေဆုံးမှုတွေ ရှိနေပါတယ်။

    “ဝက်တွေက အစာစားရင်း လဲကျသေတာ ရှိသလို အချို့က လှဲနေအိပ်နေရင်း သေလို့ သေမှန်းမသိပဲ သေသွား တာလည်းရှိတယ်။ သေကာစမှာ အသားက မနံပေမယ့် သေလို့သေမှန်းမသိပဲ သေသွားတဲ့ ဝက်တွေကျတော့ အချိန်မီမဖျက်နိုင် တာကြောင့် အသားကအနံ့ထွက်နေတယ်” လို့ ကျုံပျာ်မြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

    ကျောင်းကုန်းနဲ့ ကျုံပျော်မြို့နယ် အကြားမှာရှိတဲ့ ဝက်ချောင်း၊ကြောင်ရိုး စတဲ့ရွာတွေဘက်မှာ ခြံလုံး ကျွတ် သေတဲ့ ပုံစံမျိုး မဟုတ်ပဲ တအိမ် နှစ်ကောင်စ သုံးကောင်စ သေတာမျိုးလို့ ရွာခံအချို့က ပြောပါတယ်။ သူတို့ရဲ့ ပြောပြချက်အရ သေတဲ့အထဲမှာ ဇီးနဲ့ ဝက်မကြီးတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

    ဝက်ကုန်သည်တွေ ရွာအလိုက် ဝယ်စုထားတဲ့ ဝက် တွေအပြင် တပိုင်တနိုင်မွေးတဲ့ ဝက်တွေလည်း အခုလို အခြေအနေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ အခုလို သေဆုံးမှုတွေ ရှိနေတာက ရာသီဥတု အပူအအေး မမျှတပဲ ရာသီအကူးအပြောင်းမှာ မိုးဆက်ရွာတာ ရှိသလို နေပူပြန်ရင်လည်း ပြင်းပြင်း ထန်ထန် ပူလွန်းတာကြောင့် အာဖရိက ဝက်အပြင်းဖျားရောဂါနဲ့ သေဆုံးတာလို့ တိရိစ္ဆာန် မွေးမြူရေး နဲ့ ကုသရေး ဦးစီးဌာနက တိ/မွေး/ကု ဒေါက်တာ တစ်ဦးက မှတ်ချက်ပေးပါတယ်။ လောလောဆယ်မှာ ကာကွယ်ဖို့နဲ့ ကုသဖို့လည်း ဆေးမရှိသေးဘူးလို့ ဆိုပါတယ်။

    ဝက်၊ ကြက်၊ ဘဲ၊ ဆိတ်၊ နွား မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူတွေကို ရာသီအလိုက် ဖြစ်တတ်တဲ့ ရောဂါတွေနဲ့ ပါတ်သက်ပြီး ကာကွယ် ဂရုစိုက်ရမယ့် လုပ်ငန်းစဉ်တွေကို ညွှန်ကြား အသိပညာပေးထားပေမယ့် အထူးသဖြင့် ဝက်ကုန်သည် ပွဲစားတွေက လိုက်နာမှုမရှိဘူးလို့လည်း မှတ်ချက်ပြုပါတယ်။

    “ဝက်တွေ ရောဂါဖြစ်ပြီး ဝက်နာကျသေကြတာ သိကြတော့ လူတွေက ကြောက်လန့်ပြီး ဝက်သား ဝယ် စားသူတွေ နည်းသွားတယ် ။ ဝက်သားဈေးကလည်း အရင်က တပိသာ သုံးသောင်း ငါးထောင်ကျပ် ကနေ ခုတော့ တပိသာ နှစ်သောင်း ရှစ်ထောင်ကျပ်အထိ ဈေးကျသွားတယ်” ကျောင်းကုန်းမြို့ခံတဦးကပြောပါတယ်။

    ရောဂါကြောင့် သေဆုံးတဲ့ ဝက်တွေဟာ အရေးပြားနီရဲတာ၊ ပန်းခရမ်းအပြာရောင် ပြောင်းတာတွေ ဖြစ် ပြီး သေဆုံး ပြီးနောက် ဗိုက်ခွဲကြည့်တဲ့အခါ သရက် ရွက်ဟာ ပုံမှန်ထက် ၅ ဆကြီးထွားကာ အဆုပ်အရောင်ဟာ ပုံအားဖြင့် နီညိုရောင် ရှိရပေမယ့် မဲသွားကာ ကြေမွပျက်စီးသွားတဲ့ လက္ခဏာ တွေ့ရတယ်လို့ သိရပါတယ်။

    Delta News Agency မှ ကူးယူဖော်ပြပါသည်။

    ၄၊ နိုဝင်ဘာ၊ ၂၀၂၅

    -------------

    မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
8
comments
0
views
820