cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း နိုဝင်ဘာ ၅ ရက် မှ နိုဝင်ဘာ ၁၁ ရက်အထိမိုးလေဝသအခြေအနေ

. Weather News
ဂန့်ဂေါ၊ ဆော၊ ပခုက္ကူမြို့နယ်တွေမှာ ၇ ရက်မိုးရေချိန် 60 မှ 75 mm(၂ လက်မ မှ ၃ လက်နီးပါး)ရွာသွန်းနိုင်၊ မိုးရေချိန်အများဆုံးရွာနိုင်ပါတယ်။
  • ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ·         ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ဆက်စပ်သည့်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းသည် အားပိုကောင်းလာပြီး Well-Marked-LPA ဖြစ်လာပါတယ်၊ မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်အနီးမှ ကမ်းခြေကိုဖြတ်ပြီး ကုန်းတွင်းသို့ဆက်လက်ရွေ့လျားသွားနိုင်ပါမယ်။ 

    ·         တောင်တရုတ်ပင်လယ်ကိုဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်း KALMAEGI သည် အမြင့်ဆုံး CATEGORY-2 အဆင့်အထိရောက်ရှိနိုင်ပြီး အနောက်ဘက်-ဗီယက်နမ်နိုင်ငံအလယ်ပိုင်းသို့ ဆက်လက်ရွေ့လျားပြီး၊ နိုဝင်ဘာ ၆ ရက် နဲ့ ၇ ရက်နေ့တွေမှာ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ်၊ 

    ·         ကုန်းတွင်းသို့ဝင်ရောက်ပြီးတဲ့နောက် တိုင်ဖွန်းမုန်တိုင်း KALMAEGI ၏ မုန်တိုင်းအကြွင်းအကျန်များသည် လာအိုနိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှတဆင့် မြန်မာနိုင်ငံနယ်စပ်ကို မြဝတီမြို့အနီးမှ နိုဝင်ဘာ ၉ ရက်နေ့မှာဖြတ်ကျော်ဝင်ရောက်လာနိုင်ပါတယ်။ 

    ·         တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များကြောင့် တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် မကွေးတိုင်းတွေမှာ နိုဝင်ဘာ ၇/၈/၉/၁၀ ရက်များတွင် မိုးအသင့်အတင့်ရွာနိုင်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ နေရာကွက်၍ မိုးသည်းထန်နိုင်ပါတယ်။ 

    မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေကြိုတင်ခန့်မှန်းချက် 

    Windy နှင့် Ventusky Application တို့၏ ကြိုတင်ခန့်မှန်းရေး icon နှင့် gfs model များမှ ရရှိသည့်အချက်အလက်များအရ - 

    ·         မကွေးတိုင်းအတွင်းမှ အောက်ဖေါ်ပြပါမြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မနှင့်အထက် ရွာသွန်းရရှိနိုင်ပါတယ် - 

    ဂန့်ဂေါ၊ ဆော၊ ပခုက္ကူ၊ မင်းတုံး၊ မင်းဘူး၊ မကွေး 

    ·         မကွေးတိုင်းအတွင်းမှ အောက်ဖေါ်ပြပါမြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မနှင့်အထက် ရွာသွန်းရရှိနိုင်ပါတယ် - 

    နတ်မောက်၊ သရက်၊ ပွင့်ဖြူ၊ ရေနံချောင်း၊ ချောက်၊ စလင်း၊ ပေါက်၊ ဆိပ်ဖြူ 

    ·         ဂန့်ဂေါ၊ ဆော၊ ပခုက္ကူမြို့နယ်တွေမှာ ၇ ရက်မိုးရေချိန် 60 မှ 75 mm(၂ လက်မ မှ ၃ လက်နီးပါး)ရွာသွန်းနိုင်၊ မိုးရေချိန်အများဆုံးရွာနိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·         ယခု ၁ ပတ်အတွင်း မကွေးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ ခံစားရသည့်အပူချိန် (Feels Like Temperature) ၃၇°C ခန့်ရှိနိုင်ပါမယ်။ 

    ·         မကွေးတိုင်းအလယ်ပိုင်းမြို့နယ်များရဲ့ အောက်တိုဘာ ၁၅ ရက်နေ့ လေထုစိုထိုင်းဆ ၅၀% မှ ၆၀% ခန့်ရှိနိုင်ပြီး၊ တောင်ကုန်းထူထပ်သည့်ဒေသများ၊ ဧရာဝတီမြစ်ကမ်းအနီးဒေသများမှာ လေထုစိုထိုင်းဆ ၇၀% အထက်အထိ ရှိနိုင်ပါမယ်။ မကွေးတိုင်းဒေသအားလုံးမှာ ညပိုင်းနှင့် နံနက်အစောပိုင်းလေထုစိုထိုင်းဆများသည် ၉၀% မှ ၁၀၀% အထိ ရှိနေနိုင်ပါတယ်။ 

    ·         မကွေးတိုင်းရဲ့ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI level) ၁၀၀-၁၅၀ Good to Moderate Range မှာ ရှိနိုင်ပြီး သာမန်အားဖြင့်အန္တရာယ်ရှိသည့် level မဟုတ်သော်လည်း အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းသူများအတွက် သတိပြုသင့်သည့် အခြေအနေဖြစ်ပါတယ်။ 

    Air quality index (marked as AQI) is developed by Environmental Protection Agency. Values over 300 represents hazardous air quality, between 200-300 very unhealthy, 150-200 unhealthy, 100-150 unhealthy for sensitive groups and below 100 or rather below 50 the air quality is good. 

    Win Naing 

    Administration Team, 

    MMWEATHER, 

    မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်စိုက်ပျိုးတောင်သူများအတွက် 

    ကြက်သွန်ခါးရိရောဂါ ကာကွယ်ရန်စိုက်ပျိုးရေးအကြံပြုချက် 

    မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်စိုက်ပျိုးရာတွင် ပျိုးခင်းအဆင့်ခါးရိရောဂါများအတွက် ကာကွယ်နိုင်စေရန်-

    • မြေကြီးကိုလေဝင်လေထွက်ကောင်းသောမြေဖြစ်စေရန် ကျောက်မူန့်ကို မြေခံ ထည့်သွင်းကာ ပြင်ဆင်ပေးပါ။ 
    • ရေအလွန်အကျွံလောင်းခြင်းကိုရှောင်ကြဉ်ပြီး ကောင်းမွန်သော ရေနှုတ်မြောင်းများ ကိုအသုံးပြုပါ။ 
    • မျိုးစေ့လူနယ်ဆေးကို အသုံးပြုပေးပါ။ 
    • ရောဂါကျရောက်ပြီးသော ပျိုးပင်များကို ချက်ချင်းဖယ်ရှား၍ ဖျက်ဆီးပြစ်ပါ။ 
    • ရောဂါကျရောက်မူအတွက် ကြိုတင်၍ ပျိုးဘောင် နှင့် စိုက်ဘောင်တွင် Cymoxinil ပါဝင်သော မှိုသတ်ဆေးကို မြေပြင်ကို ပက်ဖျန်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ 
    • ရောဂါစတင်ကျရောက်လာပါက Azoxystrobin၊ Difenoconazole၊ Iprodione နှင့် Pyrimethanil ပါဝင်သော မှိုသတ်ဆေးကို သတ်မှတ်နှုန်းထားဖြင့် ပက်ဖျန်းအသုံးပြုပေးပါ။‌ 

    ငါး၊ ပုစွန်ကန်များတွင် ထုံးပါဝင်မှုစစ်ဆေးရန် 

    ငါး၊ ပုစွန်မွေးမြူကန်အတွင်း ပါဝင်ရမည့် စုစုပေါင်း ထုံးပမာဏ Alkalinity တန်ဖိုးအရ ငါးမွေးရန် သင့်၊ မသင့်ကို အောက်ပါအချက်များဖြင့် ဖော်ပြအပ်ပါသည်။ 

    • 20 ppm             -    ငါးမွေးမြူရန်မသင့် 
    • 20-75 ppm     -     CaCO3 အသုံးပြု၍ ရေသြဇာမွေးမြူရန် လိုအပ် 
    • 75-100 ppm   -     ပုံမှန် ထုံးအသုံးပြုရန် 
    • 100-250 ppm  -   သင့်တော်၊ အစာထိန်းကျွေးရန် 
    • 300ppm          -    ငါးမွေးမြူရန် မသင့် 

    ------------------- 

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
1
comments
0
views
946