ငါး၊ ပုစွန်မွေးမြူရေးကန်များတွင် ထုံးရဲ့အရေးပါမှု (Total Alkalinity)
ထို့ကြောင့် ငါး၊ ပုစွန်ကန်များတွင် ရေအတွင်း ထုံးပမာဏပါဝင်မှု သိရှိစေရန် လိုအပ်ပါသည်။ ပုံမှန်အားဖြင့် ငါး၊ ပုစွန်ကန်အတွင်း ရှိသင့်သော ထုံးပမာဏမှာ (100 -250)ppm ဖြစ်ပါသည်။ ကန်ရေတွင် ထုံးပမာဏ ပါဝင်ခြင်းသည် (၁)ကန်ရေ၏ ရေဩဇာကြွယ်ဝမှုကို ဖော်ပြသည်၊ (၂) ထုံးပါဝင်မှုပမာဏသည် 20 ppm အောက် လျှော့နည်းနေပါက ရေချဉ်ဖန်နှုန်းအတက်အကျဖြစ်ပေါ်စေပြီး၊ ငါးများ၏ ဇီဝ ဖြစ်ပျက်မှု စွမ်းအားနှင့် ခုခံနိုင်စွမ်းအား နိမ့်ကျစေပါသည်။ (၃)မိုးများစွာ ရွာသွန်းချိန်တွင် ကန်အတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ဒ် များလာသဖြင့် ချဉ်ဖန်နှုန်း ကျဆင်းလာပါသည်။ (၄)အပင်မျှောလှေးများ စွာပေါက်ဖွားချိန်တွင် ချဉ်ဖန်နှုန်း အတက်အကျများပြီး ငါးများ ထိခိုက်စေပါသည်။ (၅)ကန်အတွင်းရေနေသတ္တဝါများ၏ ဇီဝရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်တွင် Ca , Mg , K တို့သည် မရှိမဖြစ်လိုအပ်နေခြင်း (၆) အကောင်မျှောလှေးများသည် ကန်အတွင်း ပါဝင်သော ထုံးပမာဏ (Alkalinity) နိမ့်ကျသည့် ကန်ရေတွင် တိုးပွားခြင်း မရှိပါ။ (၇) ကန်ရေတွင် (Alkalinity) တန်ဖိုးမြင့်နေပါက ချဉ်ဖန်နှုန်း pH တန်ဖိုးတည်ငြိမ်စေပါသည်။
ငါး၊ ပုစွန်မွေးမြူကန်အတွင်း ပါဝင်ရမည့် စုစုပေါင်း ထုံးပမာဏ Alkalinity တန်ဖိုးအရ ငါးမွေးရန် သင့်၊ မသင့်ကို အောက်ပါအချက်များဖြင့် ဖော်ပြအပ်ပါသည်။
Ø 20 ppm - ငါးမွေးမြူရန်မသင့်
Ø 20-75 ppm - ထုံးကျောက် CaCO3 အသုံးပြု၍ ရေသြဇာမွေးမြူရန် လိုအပ်
Ø 75-100 ppm - ပုံမှန် ထုံး အသုံးပြုရန်
Ø 100-250 ppm - သင့်တော်၊ အစာထိန်းကျွေးရန်
Ø 300ppm - ငါးမွေးမြူရန် မသင့်
မိမိမွေးမြူရေး ကန်ရေတွင် ထုံးပမာဏ Alkalinity တန်ဖိုးကို တိုင်းတာပြီး ထုံး ထည့်သွင်းခြင်းကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်-
< 40ppm - ထုံးကျောက် CaCO3 60 ပိဿာ/ဧက
40-75ppm - ထုံးကျောက် CaCO3 45 ပိဿာ/ဧက
75-100ppm - ထုံးကျောက် CaCO3 30 ပိဿာ/ဧက
ဦးစန်းအောင်
ထွက်တိုး
-------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


NewsFeed
Communities
Explore
Inbox
Me
Market Price