cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဝက်ခြံဆောက်လုပ်ခြင်း၏ အရေးပါမှု🐖🏠

. Swine
မိုးရာသီတွင် ရေမြုပ်သောနေရာဖြစ်ပါက ဝက်ခြံကို စင်ဖြင့်ဆောက်လုပ်မွေးမြူသင့်ပီး ရေမမြုပ်သောနေရာဖြစ်ပါက မြေကြီးပေါ်တွင် ကွန်ကရစ်ခင်းပြီး မွေးမြူသင့်ပါသည်။ ရေရှည်ဝက်မွေးမည်ဟု ရည်မှန်းထားပါက ကွန်ကရစ်ခင်းမွေးမြူခြင်းသည် တာရှည်ခံသဖြင့် စီးပွားရေးအရ ပိုမိုတွက်ခြေကိုက်ပါသည်။
  • ဝက်ခြံဆောက်လုပ်ခြင်း၏အကျိုးကျေးဇူးများ

    ·      ဝက်နှင့်ဝက်ခြံသန့်ရှင်းရေး ပြုလုပ်နိုင်သဖြင့် ဝက်များကျန်းမာရေးမွန်ခြင်း

    ·      လူနှင့်ယဥ်ပါးခြင်း၊ အထူးသဖြင့် သားပေါက်ချိန်တွင် လိုအပ်သည်များကို ပြုလုပ်ပေးနိုင်ခြင်း

    ·      အစာစားနှုန်းနှင့်ကျန်းမာရေးကို အမြဲတမ်း အကဲခပ်နိုင်ခြင်း

    ·      ပတ်ဝန်းကျင်တွင် ရောဂါဖြစ်ပွားပါက မိမိခြံသို့ ကူးစက်နိုင်ခြေနည်းခြင်း စသည့်အကျိုးကျေးဇူးများရှိပါ သည်။ ထို့ကြောင့် စံနစ်တကျဆောက်လုပ်မွေးမြူရန် လိုအပ်ပါသည်။

    #ဝက်ခြံဆောက်လုပ်ရန် မြေနေရာရွေးချယ်ခြင်း

    ဝက်ခြံဆောက်လုပ်မည်ဆိုပါက အောက်ပါအချက်နှင့် ပြည့်စုံသောနေရာတွင်ဆောက်လုပ်သင့်ပါသည်။

    (၁) အတော်သင့်ကုန်းမြင့်သောနေရာ

    (၂) အတော်သင့်လေဝင်လေထွက်ကောင်းသောနေရာ

    (၃) အတော်သင့်အရိပ်ရသောနေရာ

    (၄) လူနှင့်မနီးမဝေးနေရာ

    (၅) ရေနှင့်မနီးမဝေးနေရာ

    (၆) ခြုံ၊နွယ်၊ပိတ်ပေါင်းများ မရှိသည့်နေရာ၊ စသည့်အချက်များနှင့် ပြည့်စုံသောနေရာတွင် ရွေးချယ်ဆောက်လုပ်ရ မည်။

    ဝက်ခြံကိုမြေစိုက်မဆောက်သင့်ပါ။ မိုးရာသီတွင် ရေမြုပ်သောနေရာဖြစ်ပါက ဝက်ခြံကို စင်ဖြင့်ဆောက်လုပ်မွေးမြူသင့်ပီး ရေမမြုပ်သောနေရာဖြစ်ပါက မြေကြီးပေါ်တွင် ကွန်ကရစ်ခင်းပြီး မွေးမြူသင့်ပါသည်။ ရေရှည်ဝက်မွေးမည်ဟု ရည်မှန်းထားပါက ကွန်ကရစ်ခင်းမွေးမြူခြင်းသည် တာရှည်ခံသဖြင့် စီးပွားရေးအရ ပိုမိုတွက်ခြေကိုက်ပါသည်။

    #ဝက်ခြံအနိမ့်အမြင့်

    စင်ဖြင့်ဆောက်လုပ်ရာတွင် မြေကြီးမှစင်အထိ အနည်းဆုံးအမြင့် (၃)ပေရှိမည်။ စင်မှအမိုးလက်ခံအထိ အနည်းဆုံး(၅)ပေရှိသင့်ပါသည်။

    မြေကြီးပေါ်တွင် ကွန်ကရစ်ခင်းမွေးပါက ကွန်ကရစ်နှင့်အမိုးလက်ခံသည် အနည်းဆုံး(၅)ပေကွာ ရှိရမည်။ ကွန်ကရစ်ခြံတွင် ထုပိတ်(အကာ)တက်ပါက ၂ပေခွဲထက် ပိုမမြင့်ရန်လိုသည်။ သို့မှသာ လေဝင်လေထွက်ကောင်းနိုင်မည် ဖြစ်သည်။ ဝက်ထွက်နိုင်သေးဖြင့် ထုပိတ်၂ပေခွဲအထက်မှ ဝါးတန်းဖြစ်စေ၊ သစ်သားတန်းဖြစ်စေ ဝက်မထွက်နိုင်စေရန် ထပ်မံကာပေးပါ။ (ပုံကိုကြည့်ပါ.)

    #ဝက်ခြံအကျယ်အဝန်း

    ဝက်မဖြစ်စေ၊ ဝက်ထီးဖြစ်စေ အသားတိုးအတွက် ရည်ရွယ်မွေးမည်ဆိုပါက အသက်၁လခွဲမှရောင်းသည်ထိ (အကြမ်းအားဖြင့် နောက်ထပ်၄-၅လ) ဝက်တကောင်အတွက် အနည်းဆုံး အလျား(၆)xအနံ(၄)ပေ၊ (၂၄)စတုရန်းပေ လိုအပ်ပါသည်။ ဝက်တကောင် တိုးလာတိုင်း အလျားကို(၁)ပေခွဲ၊ အနံကို(၁)ပေခွဲတိုးပေးပါ။

    ဝက်မကိုသားဖောက်ရန်ရည်ရွယ်ပါက အလျား(၁၀)ပေxအနံ(၈)ပေ၊ (၈၀)စတုရန်းပေ ဆောက်လုပ်ပါက ဝက်မနှင့် သားပေါက်တအုပ်အတွက် လုံလောက်ပါသည်။

    #ဝက်ခြံဆောက်လုပ်ခြင်းဆိုင်ရာ အထူးသတိထားသင့်သည့်အချက်များ

    ·      ကွင်းထီးထီးဖြစ်သည့်နေရာနှင့် လေစိမ်းအမြဲတိုက်သော နေရာများတွင် ဝက်ခြံကို ဆောက်လုပ်မွေးမြူခြင်း မပြုသင့်ပါ။

    ------------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59205

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
  • article
  • article
likes
14
comments
2
views
1364