cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း နိုဝင်ဘာ ၆ ရက်နေ့မှ နိုဝင်ဘာ ၁၂ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မြန်အောင်၊ အင်္ဂပူ၊ ကျုံပျော်၊ ငပုတော၊ သာပေါင်းမြို့နယ်များတွင် ၇ ရက်အတွင်းမိုးရေချိန်ရရှိမှုအနည်းဆုံး(၁ လက်မအောက် - ၀.၅ လက်မ အထက်) ဖြစ်ပါမယ်။
  • ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ·         ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် Well-Marked LPA (သိသာထင်ရှားသောလေဖိအားနည်းရပ်ဝန်း)မှ အားလျော့ပြီး လေဖိအားနည်းရပ်ဝန်းဖြစ်လာကာ ဘင်္ဂလားဒေ့ရှ်ကမ်းခြေအနီးသို့ နောက် ၂၄ နာရီအတွင်း ရောက်ရှိမယ်လို့ အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ 

    ·         ဒီလေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံအထက်ပိုင်းကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသအချို့မှာနေရာကွက်ပြီး မိုးသည်းထန်နိုင်၊ မိုးများနိုင်တာတွေ့ရပါတယ်။ နိုဝင်ဘာ ၆ ရက် ၇ ရက်နေ့နောက်ပိုင်းမှာ အဲ့ဒီဒေသတွေမှာ ၂၀၂၅ ခုနှစ်အတွင်းမိုးရွာသွန်းနိုင်မည့် အခြေအနေ ပြီးဆုံးသွားနိုင် မိုးရွာမှုရပ်တန့်ကာ ဆောင်းရာသီပီပီပြင်ပြင်ဖြစ်လာနိုင်ပါမယ်။ 

    ·         တောင်တရုတ်ပင်လယ်ကိုဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်း KALMAEGI က နိုဝင်ဘာ ၆ ရက်နေ့နှောင်းပိုင်းမှစတင်ပြီး ၇ ရက်နေ့ ညပိုင်းအထိ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို CATEGORY-2 တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။ အဲ့ဒီနောက် ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံတွေကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း PITSANULOK နှင့် TAK ခရိုင်များအထိ မုန်တိုင်းအကြွင်းအကျန်များရွေ့လျားရောက်ရှိနိုင်ကြောင်း တွေ့ရပါတယ်။ 

    ·         မုန်တိုင်းအကြွင်းအကျန်များဝင်ရောက်ခြင်းကြောင့် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ မိုးအသင့်အတင့်ရွာနိုင်ပြီး ကရင်ပြည်နယ် ဒေါနတောင်ကြောတလျှောက်၊ ဘုရားငုတ်တို၊ လှိုင်းဘွဲ့၊ ရှမ်းရွာသစ်၊ တာပေါင်ကျောက်တောင်၊ သင်္ဃန်းညီနောင် စတဲ့မြို့နယ်တွေမှာ မိုးသည်းထန်နိုင်/ မိုးများနိုင်ပါတယ်။ 

    နိုဝင်ဘာ ၆ ရက် မှ နိုဝင်ဘာ ၁၂ ရက်အထိ၊ ၇ ရက်အတွင်း ဧရာဝတီတိုင်း မိုးရွာသွန်းနိုင်သည့်အခြေအနေ 

    ·         ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ ၃ မြို့နယ်တွင် ၇ ရက်အတွင်းမိုးရေချိန်ရရှိမှုအများဆုံး (၁.၅ လက်မ အထက်) ဖြစ်ပါမယ်။ 

    ·         မြန်အောင်၊ အင်္ဂပူ၊ ကျုံပျော်၊ ငပုတော၊ သာပေါင်းမြို့နယ်များတွင် ၇ ရက်အတွင်းမိုးရေချိန်ရရှိမှုအနည်းဆုံး(၁ လက်မအောက် - ၀.၅ လက်မ အထက်) ဖြစ်ပါမယ်။ 

    ·         ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်၊ မအူပင်၊ ဓနုဖြူ၊ ပန်းတနော်၊ ပုသိမ်၊ ဟင်္သာတ ခရိုင်/မြို့နယ်တို့တွင် ၇ ရက်အတွင်းမိုးရေချိန် ၁ လက်မအထက် (၁.၅ လက်မအောက်) ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·         ဧရာဝတီတိုင်းတခုလုံး၏ ၇ ရက်အတွင်းပျမ်းမျှမိုးရေချိန် ၁.၂ လက်မ (30mm အထက်) ရှိနိုင်ပါမယ်။  

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·         ဧရာဝတီတိုင်းအတွင်း ယခု ၁ ပါတ် နိုဝင်ဘာ ၁၂ ရက်နေ့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၄°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး၊ ပင်လယ်ကမ်းရိုးတန်းအနီးက ခရိုင်/ မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၇°C ရှိနိုင်ပါတယ်။ 

    ·         ကမ်းရိုးတန်းအနီးက မြို့နယ်/ကျေးရွာတွေမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၆ မိုင်ခန့် ရှိနိုင်ပါတယ်။ 

    ·         ဧရာဝတီတိုင်းအတွင်း နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၅၀% မှ ၆၀% အတွင်းမှာ ရှိနေနိုင်ပြီး နံနက်/ညအချိန်တွေမှာ လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% အထိ ရှိနိုင်ပါတယ်။ 

    လေထုစိုထိုင်းဆများနေချိန်မှာ ခံစားရတဲ့အပူချိန် ၄၀°C အထိရှိနေနိင်ပါတယ်။ 

    ·         ဧရာဝတီတိုင်းအနောက်ဘက် တောင်ခြေဒေသများမှာ လေထုညစ်ညမ်းမှုအခြေအနေ (AQI value) က အများဆုံး 170 အထိရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုအသင့်အတင့် ရှိနေပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးအခံမကောင်းသူများအတွက် အန္တရာယ်ရှိနေပါတယ်။ 

    Air quality index (marked as AQI) is developed by Environmental Protection Agency. Values over 300 represents hazardous air quality, between 200-300 very unhealthy, 150-200 unhealthy, 100-150 unhealthy for sensitive groups and below 100 or rather below 50 the air quality is good 

    ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၂.၆ ပေခန့်ရှိနိုင်ပါတယ်။ 

    ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာပြီးနောက် 

    မတ်ပဲစိုက်တောင်သူများထံသို့ အကြံပြုချက်... 

    • မိုးသည်းထန်စွာရွာသွန်းပြီးနောက် စိုက်ခင်းများတွင် ရေဝပ်တာမျိုးရှိပါက ရေနုတ်မြောင်းလေးတွေအရင်ဖော်ပေးပါ။ 
    • မိုးစဲသွားတဲ့အခါ ရာသီဥတုဒဏ်ခံလိုက်ရတဲ့ အပင်များပေါ်သို့တန်းပြီး မှိုသတ်ဆေး၊ ပိုးသတ်ဆေးဖျန်းခြင်းများ မလုပ်ဆောင်ပါနဲ့။ 
    • ထိုအခြေအနေမှာ လိုအပ်တဲ့အာဟာရကိုဖြည့်ပေးနိုင်တဲ့ NPK+ အနည်းလိုရွက်ဖျန်းအားဆေး (သို့မဟုတ်) အီးအမ် EM ကိုဖျန်းပေးပါ။ 
    • ဒါတွေလုပ်ဆောင်ပြီးမှသာ ရောဂါတစ်ချို့ကိုကြိုတင်ကာကွယ်နိုင်မယ့် ထိသေမှိုသတ်ဆေးထဲမှ Mancozeb, Chlorothalonil, Copper oxychloride အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ဖျန်းပေးပါ။ 
    • ပျိုးပင်ငယ် ခါးရိ၊ အမြစ်ပုပ်ခြင်းများဖြစ်ပေါ်ပါက မှိုသတ်ဆေးအနေနဲ့ Thiophanate methyl ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။  

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    · ယခုတစ်ပတ်အတွင်း နေရာကွက်၍ မိုးသည်းထန်ခြင်းများရှိနိုင်သဖြင့် ကန်ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း ၊ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို လျော့ချသင့်ပါသည်။ 

    · ငါးမွေးမြူထားသော ကန်တစ်ကန်၏ရေချဉ်ဖန်နှုန်းသည် (၇.၅)မှ (၈.၅)အတွင်းရှိပါက အကောင်းဆုံး အခြေအနေရှိပါသည်။ငါးကန်အတွင်းရှိ ကန်ရေသည် အက်စစ်ဓာတ် (၅.၅)နှင့်အောက်ရောက်နေပါက လည်းကောင်း၊ ထုံးဓါတ်ဘက် (၉.၅)အထက် ဖက်ရောက်နေပါကလည်းကောင်း တွေ့ရှိပါက ကန်အတွင်းရှိ ငါးများကျန်းမာရေးမကောင်းဖြစ်ခြင်းနှင့် အစာ စားခြင်းမရှိကြောင်းတွေ့ရှိရပါသည်။ 

     · ထို့ကြောင့် ငါးမွေးကန် ၏ရေချဉ်ဖန်နှုန်းကို (၃)ရက်တစ်ကြိမ် တိုင်းတာရန်ရန်နှင့် လိုအပ်ပါက နေ့စဉ်တိုင်းတာပေးသင့် ပါသည်။  

    · ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ 

    -------------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
1562