"ကြက်၊ ဝက်ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံထူးကြသူများ (၃)"
တောင်သူဦးကြီးများအတွက် ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဖတ်ရှုသောဆောင်းပါးတိုင်းမှတ်မိစေရန်၊ ဆောင်းပါးများဖတ်ရှုရာတွင် အင်တာနက်ကုန်ကျစရိတ် ကာမိစေရန်အတွက် ထွက်တိုးမှ တောင်သူဦးကြီးတို့အတွက် "ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ" အစီအစဥ်ကို ပြုလုပ်လိုက်ရပါသည်။
အစီအစဥ် - အင်္ဂါနေ့တိုင်း 🐓 ကြက်မွေးမြူရေးဆောင်းပါးများ
- ကြာသပတေးနေ့တိုင်း 🐖 ဝက်မွေးမြူရေးနည်းလမ်းကောင်းများ
ထွက်တိုးဖုန်းဆော့ဝဲနှင့် ထွက်တိုး ဖေ့ဘုတ်ပေါ်တွင် ဆောင်းပါးအသစ် နှင့် ဉာဏ်စမ်းမေးခွန်းတင်ပေးမည်ဖြစ်ပါသည်။
ကံထူးရှင်များကို ထွက်တိုးမှ
1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်
2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်
3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။
ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။
ကြက်ဉာဏ်စမ်း အဖြေမှန်မှာ (၃) တတိယ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
ရွေးချယ်ထားသော အမများကို ရွေးချယ်ထားသော အထီးဖြင့် အဆင့်ဆင့်မျိုးစပ်ပေးခြင်းဖြင့် တတိယ မျိုးဆက်ခန့်ရောက်လာပါက ပေါက်လာသော ကြက်ထီး၊ ကြက်မများသည် ကြီးထွားနှုန်း ကောင်းခြင်း၊ အကောင်ကြီးခြင်း၊ ဥများများအုခြင်း၊ ဥအလုံးကြီးခြင်း စသည့် ကောင်းကျိုးများကိုရမည် ဖြစ်သည်။ အကြမ်းအားဖြင့် အချိန် ၁နှစ်ခွဲခန့်ကြာမည်ဖြစ်သည်။
ဝက်ဉာဏ်စမ်း အဖြေမှန်မှာ (၁) မှန် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
ဝက်ခြံဆောက်လုပ်ခြင်းဆိုင်ရာ အထူးသတိထားသင့်သည့်အချက်မှာ ကွင်းထီးထီးဖြစ်သည့်နေရာနှင့် လေစိမ်းအမြဲတိုက်သော နေရာများတွင် ဝက်ခြံ ဆောက်လုပ်မွေးမြူခြင်း မပြုသင့်ပါ။
ဖြေဆိုရာတွင် အခက်အခဲများ တစုံတရာ ရှိပါက တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန် ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။
ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့။





NewsFeed
Communities
Explore
Inbox
Me
Market Price