cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အာဟာရတန်ဖိုးမြင့်သော အညာစာဂျုံကျိုပြုလုပ်နည်း

. Value Added Products
ကလေးရော လူကြီးပါမကျန် ကြိုက်နှစ်သက်ကြတဲ့ အာဟာရတန်ဖိုးမြင့် အညာစာ ဂျုံကျိုလေးကိုစားဖူးကြလား......
  • ဂျုံကျိုကို တနည်းအားဖြင့် ဂျုံယို ၊ ကာလစပါးယိုဟူ၍လည်း ခေါ်ကြသေးသည်။ လွယ်ကူ ရှင်းလင်းစွာ ပြုလုပ်နိုင်ပြီး အာဟာရတန်ဖိုးမြင့်သည့် ဂျုံကျိုပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

    ပါဝင်ပစ္စည်းများမှာ- 

    • ဂျုံစေ့ - ထမင်းစားဇွန်း ၈ ဇွန်း 
    • ရေ - ၂.၅ လီတာ 
    • ထန်းလျက် - ၃၀၀ ဂရမ် 
    • ဆား - လက်ဖက်စားဇွန်း တဝက် 
    • သာကူစေ့ - ထမင်းစားဇွန်း ၄ ဇွန်း 
    • အုန်းနို့ - ၁၆၀ ဂရမ် 

    ပြုလုပ်နည်းမှာ 

    • ဂျုံစေ့များအား ရေစင်အောင်ဆေးကြော၍ ၁ ည သို့မဟုတ် ၁၂ နာရီတိတိရေစိမ်ပါ။ 
    • စိမ်ပြီးရရှိလာသည့် ဂျုံစေ့များအား ရေ ၂ လီတာနှင့် ဆား အနည်းငယ် ထည့်၍ မီးအေးအေးဖြင့် ပြုတ်ပေးထားပါ။ ဝေကျတတ်၍ အဖုံးလေး ဟကာ တည်ပေးထားပါ။ 
    • ထန်းလျက်များအား ရေ ၅၀၀ မီလီလီတာဖြင့် ကျို၍ ပွက်လာပါက ခဲ/သဲကင်းစင်စေရန် ရေစစ်ဖြင့် စစ်ပေးထားပါ။ 
    • ဂျုံစေ့များ ပွလာပါက ထန်းလျက်ရေထည့်၍ ထပ်မံကျိုပေးပါ။ 
    • သာကူစေ့များအား ရေဆေး၍ ထည့်ကာ ၁၅ မိနစ်ခန့်ကျိုပေးပါ။ 
    • သာကူစေ့များ မျက်စံမကျန်တော့သည်အထိ ကျိုပြီးပါက အုန်းနို့ ၁၆၀ ဂရမ်ထည့်ပေးပါ။ 

    အရသာရှိလှသော အာဟာရတန်ဖိုးမြင့်သော အညာစာဂျုံကျို/ ဂျုံယိုလေးအား ကြိုက်နှစ်သက်သလို အုန်းသီးထည့်၍ စားသုံးနိုင်ပါပြီရှင်။ 

    ------     

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
10
comments
0
views
2335