cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

“ဧရာဝတီတိုင်းဂုဏ်တောက် ဓနိဖူးခြောက်” လုပ်ငန်း

. Agriculture Knowledge
ဓနိပင်လို့ ဆိုလိုက် သည်နှင့် အများစုသည် ဓနိရွက်ကို အိမ်မိုးတယ်၊ ဓနိရည်ကို အရက်ချက်တယ်၊ ဓနိဖူးကိုစားရင် သွားကိုက်ပျောက်တယ်လို့ဘဲ သိထားကြတာများပါတယ်။ တစ်ကယ်တော့ ဓနိပင်တစ်ပင်လုံး သည် လူသားများအတွက်များစွာ အသုံးဝင်သော အထောက်အကူပြု အပင်တစ်မျိုး ဖြစ်ပါတယ်။
  • ရခိုင်လို “ရီအုန်းပင်” လို့ခေါပြီး မြန်မာလို “ဓနိပင်” လို့ခေါ်တဲ့ ဒီရေတောပင်များသည် များသောအားဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသနှင့် မြစ်ကန်းရိုးဒီရေတောများပေါများသည့် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ပဲခူးမြစ်ကမ်းဘေးရှိ ဒီရေတောများတွင်အများဆုံးပေါက်ရောက်လေ့ရှိကြပါတယ်။ ဓနိပင်သည် အခြားသီးနှံများကဲ့သို့ မြေဩဇာ ကျွေးမွေးရခြင်း၊ ပေါင်းမြက်ရှင်းလင်းနှုတ်ဖယ်ရခြင်းတို့ကို ပြုလုပ်စရာ မလိုသောအပင်ဖြစ်ကာ ဒီရေများနှင့် ပါလာသော နုန်းမြေများသည် ဓနိခြံတွင် တင်ကျန်ခဲ့ပြီး သဘာဝမြေဩဇာအဖြစ်နှင့် ဓနိပင်များကို ကြီးထွားစေသောကြောင့် ဓနိမှထွက်သော အစားအစာမှန်သမျှ သဘာဝစစ်စစ် ဖြစ်ပြီးလူသားတို့အတွက် များစွာအကျိုးပြုနေသော အပင်များဘဲ ဖြစ်ပါတယ်။ ဓနိပင်လို့ ဆိုလိုက် သည်နှင့် အများစုသည် ဓနိရွက်ကို အိမ်မိုးတယ်၊ ဓနိရည်ကို အရက်ချက်တယ်၊ ဓနိဖူးကိုစားရင် သွားကိုက်ပျောက်တယ်လို့ဘဲ သိထားကြတာများပါတယ်။ တစ်ကယ်တော့ ဓနိပင်တစ်ပင်လုံး သည် လူသားများအတွက်များစွာ အသုံးဝင်သော အထောက်အကူပြု အပင်တစ်မျိုး ဖြစ်ပါတယ်။

    ဓနိပင်တစ်ပင်လုံး၏ အသုံးဝင်ပုံကို ရှင်းပြရရင်တော့ ဓနိပင်၏အရွက်ကို အိမ်အမိုးအကာ မိုးရန်အတွက်လည်းကောင်း၊ အရိုးကိုခြံစည်းရိုးကာရန်အတွက် လည်းကောင်း၊ ဓနိပင်၏ အရွက်နု သည် သင်းပျံ့သောရနံ့ရှိသဖြင့် မြန်မာမုန့်များထုပ်ပိုးရာတွင် ဖက်အဖြစ်လည်းကောင်း၊ ဓနိပင်မှရရှိသောဓနိသီးမှာ ထန်းသီးနှင့်ပုံသဏ္ဍာန်ဆင်၍ အလွန်စားကောင်းလှသော အသီးတစ်မျိုး ဖြစ်ပြီး အစိမ်းစား၍ရသည့်အပြင် ဖျော်ရည်နှင့် ရေခဲမုန့်များ ပြုလုပ်ရာတွင်လည်းကောင်း၊ ဓနိ အရည်ကိုထန်းရည်ကဲ့သို့သောက်နိုင်သကဲ့သို့ ဓနိရည်ကိုကျိုချက်၍ ဓနိအရက်၊ ဓနိသကြား၊ ပအုန်းရည်နှင့် ဓနိဝိုင်တို့ ထုတ်လုပ်ရာတွင် လည်းကောင်း အသုံးပြုကြပါတယ်။ သို့သော် ဓနိဖူးနှင့်ပတ်သက်သည့် ထုတ်ကုန်များတော့ ထုတ်လုပ်နိုင်ခြင်း မရှိသေးသော်လည်း ၂၀၁၂ ခုနှစ် လောက်တွင် ဓနိပင်မှ “ဓနိဖူးကိုအခြောက်ပြုလုပ်ကာဓနိဖူးခြောက်”  များအဖြစ်ကို နောက် ထပ် Value Added ပြုလုပ်လာကြပါတယ်။

    ဒီရေတောများ ပေါများလှသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာတော့ ဓနိပင်များကို အများဆုံးတွေ့ရှိရပြီး ဓနိပင်မှ ဓနိဖူးသည် ဆောင်းရာသီအကုန်တွင် စတင်ဖူးပြီး နွေရာသီ ကာလအထိ ပေါများစွာဖူးပွင့်လေ့ရှိသည်။ ဓနိဖူးခြောက်များ ထုတ်လုပ်နိုင်ရန်အတွက် ကိုယ်ပိုင်ဓနိခြံများ စိုက်ပျိုးလာသည်အထိ ဓနိဖူးခြောက်လုပ်ငန်းများအား လုပ်ကိုင်လာကြပါတယ်။ ဓနိပင်မှဓနိဖူးသည် ဆောင်းရာသီအကုန်ဖြစ်သည့် ဒီဇင်ဘာလတွင် စတင်ဖူးပြီး နွေရာသီ ကာလ ဖြစ်သော ဧပြီကာလအထိ ပေါများစွာ ဖူးပွင့်လေ့ရှိပါသည်။ ဓနိဖူးသည် ဂျင်ဆင်းထက် Antioxidant အဆပေါင်း ၄၄ ဆပိုမို ပါဝင်သော အင်မတန်မှ ဆေးဖက်ဝင်လှသည့် အဖိုးတန် ရတနာတစ်ပါးဖြစ်သည့်အတွက် ဓနိဖူးသည်ဓနိပင်တစ်ပင်လုံး၏ အသက်လို့ပင် တင်စားလို့ရပါတယ်။

    ဓနိဖူးကို ခြောက်သွေ့အောင် နေလှန်းရတဲ့အတွက် နွေရာသီမှာရောက်မှသာလျှင် ဓနိဖူးများကို ခုတ်ယူကာ အထပ်ထပ်ဆေးပြီး ရေစစ်ထားရပါတယ်။ ထို့နောက် ပွင့်ဖတ်၊ ရိုးတံစသည်ဖြင့် အမျိုးအစားခွဲကာ ကွမ်းညှပ်ဖြင့်ပါးပါးဖြတ်၍ ခြောက်သွေ့ပြီး စိုထိုင်းဆမကျန်အောင် ချက်ချင်းနေလှန်းရပါတယ်။ နေလှန်းနောက်ကျပါက အရောင်ပြောင်းပြီး လေလွင့်ခြင်း၊ အာနိသင် ပျက်ခြင်း ဖြစ်ပေါ်တတ်သဖြင့် အထူးဂရုထားကာနေလှန်းခြင်းများကို ဆောင်ရွက်ပြီးမှသာ ဓနိဖူးခြောက်များအား ထုပ်ပိုးသိမ်းဆည်းခြင်းများ ဆောင်ရွက်ကြပါသည်။ ဓနိဖူးခြောက်၏ အနံ့မှာလွန်စွာသင်းပျံ့လှသည့်အတွက် ရေနွေးကြမ်းသဖွယ် သောက်ရလွယ်ကူ သကဲ့သို့ သဘာဝ ဓနိဖူးခြောက်အထုပ်ကလေးတစ်ထုပ်ကို ရေတစ်လီတာစိမ်ပြီး သောက်သုံးပါကသွေးတိုး၊ ဆီးချို နှင့် သွေးတွင်း အဆီဓာတ်တွေကို ချေဖျက်နိုင်တယ်၊ အစာအိမ်သမား၊ ကင်ဆာ ဖြစ်နေသူများအတွက် သက်သာစေတယ်လို့ သိရပါတယ်။

    Source: https://www.doca.gov.mm

    ------    

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
1
comments
0
views
939