cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စံပယ်ပန်း အဖူးထိုးပိုး (Hendecasis duplifascialis )

. Pests Management
စံပယ်ပန်း စိုက်ပျိုးသူ တွေအတွက် စံပယ်ပန်း ဖြူဖြူမွှေးမွှေးလေးတွေက စိတ်ကြည်လင် လန်းဆန်းစေသော်လည်း စံပယ်ဖူး လေးတွေ ပိုးကိုက်ခံရပီး အပွင့်မပွင့်နိုင် ၊ ပွင့်လာတော့လည်း အညိုရောင်၊ အနက်ရောင် ဒဏ်ရာ အစွန်းအထင်းများဖြစ်ကာ ရောင်းတန်းမဝင်ခြင်း၊ ပိုမိုဆိုးရွားလာပါက ကြွေကျဆုံးရှုံးသွားသဖြင့် ဝင်ငွေလျော့နည်းလာခြင်းကြောင့် စိတ်ညစ်ဖူးမှာပါ။
  • စံပယ်ဖူးလေးတွေကို ဖျက်စီးတဲ့ ပိုးအကြောင်း နဲ့ ကာကွယ်နှိမ်နင်းနည်းတွေ မျှဝေပေးလိုက်ပါတယ်။ 

    ကျရောက်ဖျက်စီးပုံ  

    စံပယ်ပန်း အဖူးထိုးပိုး (Hendecasis duplifascialis ) ဖလံ အမတွေဟာ မပွင့်သေးသော စံပယ်ဖူး နဲ့ ရိုးတံတွေပေါ်မှာ ဥတွေကို အုချလေ့ရှိပါသည်။ သားလောင်းကောင်လေးတွေက စံပယ်ဖူးအတွင်းပိုင်းအထိ ဝင်ရောက်စားသောက်ပြီး သူနေထိုင်စားသောက်နေတဲ့အဖူးမှ တစ်ညွှန့်ထဲတွင်ရှိသော အခြားအဖူးများကို ကူးကာစားသောက် ဖျက်စီးသည်။ အဖူး(၂-၃)ဖူး အထိကို စားသောက်ဖျက်ဆီး သည်။ စံပယ်ဖူးထိုးပိုး ကျရောက်သော ပန်းပွင့်သည် အနီဖျော့ရောင် (သို့) ခရမ်းရောင် အဖြစ်ပြောင်းလဲသွား ပြီးနောက် အပင်မှ ကြွေကျသွားသည်။ မြေကြီး (သို့) စံပယ်ရွက်တွေ ပေါ်မှာ ပိုးရုပ်ဖုံး အဖြစ်နဲ့ (၅-၆) ရက် အထိ နေထိုင်ပြီးနောက် ဖလံမ အဖြစ် မပွင့်သေးသော စံပယ်ဖူးလေးများပေါ် ဥအုချကာ ထပ်မံဖျက်စီး ပါ သည်။ 

    ရုပ်သွင်ပြင် လက္ခဏာ 

    ဥမှပေါက်ခါစ သားလောင်းငယ်၏ ခန္ဓာကိုယ်မှာ (2 mm) ခန့် နှင့် အမွေးအနည်းငယ်ရှိပြီး နို့နှစ်ဝါရောင် ရှိသည်။ အရွယ်ရောက်ပြီးသော သားလောင်းအကြီး၏ ခန္ဓာကိုယ်မှာအစိမ်းဖျော့ရောင်ရှိပြီး အမဲရောင် ဦးခေါင်းပါရှိသည်။ အကောင်ကြီးသည်သေးငယ်တဲ့အဖြူရောင် ဖလံဖြစ်ပြီး အနောက်အ တောင် နှင့် ဝမ်းဗိုက်ပိုင်းတွင် အနက်ရောင်လိုင်းပါရှိသည်။ 

    ဘယ်အဆင့်မှာ နှိမ်နင်းရင် အထိရောက်ဆုံးဖြစ်မလဲ?  

    - နေ့စဉ်မပြတ် စစ်ဆေးသင့်ပြီး ပိုးစတင်တွေ့ရှိသည်နှင့် ထိုးဖောက်စိမ့်ဝင်အားကောင်းသော ထိသေ၊ စားသေ အာနိသင်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းနှိမ်နင်းရပါမည်။ 

    - ဖလံများ တွေ့ရှိချိန် ဥ မချမှီကပင် ကြိုတင်၍ အဆိပ်ငွေ့ပျံစေနိုင်သော ထိသေ၊ စားသေ အာနိသင်ရှိ သည့် ပိုးသတ်ဆေးများဖြင့် ပက်ဖျန်းကာကွယ်ခြင်းမှာ အထိရောက်ဆုံး ဖြစ်သဖြင့် မဖြစ်မနေ ဆောင် ရွက်ရန် တိုက်တွန်း အကြံပြုအပ်ပါသည်။ 

    - လောက်ကောင်အဆင့်မှာတော့ အဖူးထဲရောက်နေလို့ "အပင်အသားအတွင်း ထိုးဖောက်ဝင် ရောက်နိုင် စွမ်းအားကောင်း" တဲ့ ဆေးမျိုးနဲ့ ပက်ဖျန်းပါ။ 

    ကာကွယ် နှိမ်နင်းနည်း 

    • တစ်ပတ်လျှင် တစ်ကြိမ်လောက် ပိုးကျနေသောပန်းပွင့်နှင့် ပိုးကောင်ကို ရှာဖွေပြီး ဖျက်ဆီး သင့် ပါသည်။ 
    • စံပယ်ချုံကို သင့်တော်တဲ့ ကိုင်းချိုင်ခြင်းနှင့် သန့်ရှင်းရေးလုပ်ပေးခြင်းဖြင့် ပိုးကျရောက်မှုကိုနည်း စေနိုင်ပါတယ်။ 
    • ပိုးဖလံကို ဖမ်းပြီးသတ်ဖို့ရန် အလင်းရောင်ထောင်ချောက်တွေကို သုံးလို့ရပါတယ်။ 

    ဘယ်လို ပိုးသတ်ဆေးတွေ သုံးရမလဲ? 

    ပိုးသတ်ဆေး အသုံးပြုဖို့လိုမယ်ဆိုရင် ပရိုဖီနိုဖော့စ် (Profenofos 25 EC) ကို ရေတစ်လီတာလျှင် ဆေး (၂ မီလီမီတာ )နှုန်းဖြင့်သော် လည်းကောင်း၊ သိုင်ရာကလိုပရစ် (Thiacloprid 240SC) ကိုရေတစ်လီတာ လျှင် ဆေး (၁ မီလီမီ တာ) နှုန်းဖြင့်သော်လည်းကောင်း ၊ Emamectin Benzoate ၊ Cypermethrin အစရှိသည့် ပိုးသတ်ဆေးများကိုလည်း ပိုးကောင်ရေ ထိန်းချုပ်ဖို့ရန် နှင့် စီးပွားရေးအရ ဆုံးရှုံးမှုအနည်းဆုံးဖြစ်ဖို့ရန် အသုံးပြုနိုင်ပါသည်။ 

    မှီငြမ်းကိုးကားချက် -https://agritech.tnau.ac.in/horticulture/horti_flower%20crops_malligai.html 

    --------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
7
comments
0
views
710