cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တနှစ်အတွင်း ကြက်ကောင်ရေ များများရအောင် လုပ်ဆောင်နည်းများ

. Diseases
ကျေးရွာများတွင် ကြက်မ တကောင်မှ တနှစ်လျှင် သား ၃-၄ ခါ သာ ပေါက်ပြီး တခါပေါက်တိုင်း ၅-၆ ကောင်ခန့်သာ တင်သဖြင့် တနှစ်အတွင်း အကောင် ၂၀ ခန့်သာ ရောင်း/စား သဖြင့် အလွန်နည်းပါသည်။ ထို့ကြောင့် တနှစ်အတွင်း ကြက်ကောင်ရေ များများရအောင် လုပ်ဆောင်ရမည့်နည်းလမ်းများကို ဖော်ပြအပ်ပါသည်။
  • (၁) ဝပ်စိတ်မရှိအောင် ပြုလုပ်နည်း

    တခါတရံကြက်မများသည် ဥမရှိတော့သော်လည်း ဝပ်နေတတ်သဖြင့် ထိုသို့ကြက်မမျိုးသည် ဥအုရန် နောက်ကျမည် ဖြစ်သဖြင့် ဝပ်စိပ်မရှိစေရန် ပြုလုပ်ပေးရမည်။

    ·      ဝပ်ကျင်းထဲမှကြက်မကို အပြင်ထုတ်ပြီး လေဝင်လေထွက်ကောင်းသော၊ အရိပ်ရသောနေရာတွင် အစာနှင့်ရေထည့်ပြီး အုပ်ဆောင်းအုပ်ထားခြင်းဖြင့် ၇ ရက်ခန့်ကြာပါက ဝပ်စိတ်ပျောက်ပြီး ပြန်လည် ဥအုမည်ဖြစ်ပါသည်။

    (၂) ဝပ်စိတ်ရှိအောင်ပြုလုပ်ခြင်း

    ·      အချို့သော ဥစားကြက်ထီးများနှင့်စပ်ထားသော ကပြားကြက်မများသည် တခါတရံ ဥ အုထားသော်လည်း မဝပ်ဘဲ ရှိတတ်သည်။

    ·      နေ့စဥ်အုနေသော ကြက်မသည် ဆက် မအုတော့ပါက ၁-၂ ရက်ကြာတွင် ဝပ်ရမည်ဖြစ်သည်။

    ·      မဝပ်ပါက ကြက်မကို ဥတင်းထဲထည့်ကာ မထွက်နိုင်သော အကွက်ရှိသည့်အုပ်ဆောင်းဖြင့် ပိတ်ထားပါ။ အစာကျွေးချိန်၊ ရေတိုက်ချိန် ခဏထုတ်ပြီး ပြန်အုပ်ထားပါ။ ၂-၃ ရက်ခန့် အုပ်ထားပြီး ဝပ်တာ သေချာပေါက်သိမှ အုပ်ဆောင်းကို ပြန်ဖွင့်ပေးပါ။ ကြက်မ ဆက်ဝပ်သွားမည်ဖြစ်သည်။

    (၃) ကြက်ဥများပေါင်းပီး ဝပ်စေခြင်း

    ·       ဥအုရက် သိပ်မကွာသော ကြက်မ(၂)ကောင်တွင် အကြောင်းအမျိုးမျိုးကြောင့် ဝပ်ခါနီး တကောင်မှာ ၃-၄ လုံးသာ ရှိနေပါက ၂ ကောင်စလုံး၏ ဥများကို စုပေါင်းပေးပြီး တကောင်သာ ဝပ်စေခြင်းဖြင့် ကြက်ဥများ အလေလွင့်မရှိတော့ဘဲ အကောင်ရေများများ ပေါက်မည်ဖြစ်သည်။

    ·      မပေးဝပ်သော ကြက်မကို လေဝင်လေထွက်ကောင်းပြီး အရိပ်ရသော နေရာတွင် အုပ်ဆောင်းဖြင့်အုပ်ကာ အစာနှင့်ရေ ပေးထားခြင်းဖြင့် မကြာမှီ ပြန်လည် အုမည်ဖြစ်သည်။

    ·      သတိပြုရန်မှာ စုပေါင်းဝပ်သော ကြက်ဥ အလုံးရေသည် ၁၅-၂၀ လုံးအတွင်းသာ ရှိသင့်သည်။

    (၄) ကြက်ကလေးများကို စုပေါင်းပြီး ကြက်မတကောင်ကိုသာ သားထိန်းစေခြင်း

    ·      ဝပ်ရက် (၁-၂) ရက်သာကွာသော ကြက်မ ၂ ကောင်အနက် စောဝပ်သော ကြက်မ မှပေါက်လာသော ကြက်ကလေးများသည် ၂-၃ ကောင်သာဖြစ်ပါက ထိုကြက်မသည် ကြက်ကလေးများကို ဆက်လက် သားထိန်းနေသည့်ကာလ တလျောက်လုံး ပြန် အုမည်မဟုတ်ပါ။

    ·      ထိုအခြေနေမျိုးတွင် ပထမကြက်မမှ ပေါက်လာသော ကြက်ကလေး၂-၃ကောင်ကို ဒုတိယကြက်မ ပေါက်ပေါက်ခြင်း ညအချိန်တွင် သွားရောက်ထည့်ပေးရမည်။

    ·      ပထမကြက်မကို အရိပ်ရသော နေရာတွင် အစာနှင့်ရေထည့်ပြီး အုပ်ဆောင်းဖြင့် လှောင်ထားပါက ၁ ပတ်ခန့် အကြာတွင် ပြန်လည် အုမည်ဖြစ်သည်။

    ·      သတိပြုရန်မှာ ပထမပေါက်သော ကြက်ကလေးကို ဒုတိယပေါက်သော ကြက်ကလေးများထဲ ရောထည့် ပေးရမည်။

    ·      ကြက်မ ၂ ကောင်ဝပ်ရက်သည် ၂ရက်ထက် ပိုမကွာရပါ။

    ဆက်ရန်-

    ------------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59297

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
9
comments
1
views
350