ပဲခူးတိုင်း နိုဝင်ဘာ ၁၁ ရက် မှ နိုဝင်ဘာ ၁၇ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက် (Atmospheric instabilities) အခြေအနေများ
· ဖိလစ်ပိုင်နိုင်ငံကို CATEGORY-4 အဆင့်တိုင်ဖွန်းမုန်တိုင်းအဖြစ်ဝင်ရောက်တိုက်ခတ်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့တွင် တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာသည့် တိုင်ဖွန်းမုန်တိုင်း FUNG WONG သည် CATEGORY-1 တိုင်ဖွန်းမုန်တိုင်းအဖြစ်အဆင့်လျော့ကျသွားပြီး၊ မြောက်ဘက်- အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ထိုင်ဝမ်ကျွန်းသို့ ဦးတည်နိုင်ကြောင်း တွေ့ရပါတယ်။
· ဘင်္ဂလားပင်လယ်အော်တွင် ထူးခြားသည့်မိုးလေဝသအခြေအနေဖြစ်ပေါ်ရန်မရှိတော့ပါ။ တောင်တရုတ်ပင်လယ်အနောက်တောင်ပိုင်း ဗီယက်နမ်၊ ဘရူနိုင်းနှင့် မလေးရှားကျွန်းဆွယ်ကြားပင်လယ်ပြင်၌ နိုဝင်ဘာ ၁၇ ရက်တွင် လေပွေလှိုင်းမှလေဖိအားနည်းရပ်ဝန်းဖြစ်လာရန်ရှိပြီး မုန်တိုင်းအဆင့်အထိ ရောက်မလာနိုင်ဘဲ နိုဝင်ဘာ ၁၉-၂၀ ရက်နေ့မှာ ပျက်ပြယ်သွားနိုင်ပါတယ်။
· ဤအခြေအနေများကြောင့် မြန်မာနိုင်ငံဘက်သို့သက်ရောက်မှု လုံးဝမရှိနိုင်သဖြင့် နိုဝင်ဘာလ ၁၆ ရက်နောက်ပိုင်းမှစတင်ပြီး မိုးရွာသွန်းမှုရပ်တန့်ကာ ကျန်ရှိသည့် မိုးလွန်ကာလအတွင်း ဖျက်မိုး/အခါလွန်မိုးရွာသွန်းနိုင်မည့်အခြေအနေများလည်း မရှိနိုင်တော့ပါ။ (မုတ်သုံဆုတ်ခွာရက် - အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိကို “မိုးလွန်ကာလ”ဟု သတ်မှတ်ထားပါသည်)
· မိုးအကုန်-ဆောင်းအကူးကာလ - နိုဝင်ဘာ ၁၁ ရက် မှ ၁၇ ရက်အတွင်း - ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့+အနောက်)၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မကွေးတိုင်းတို့တွင် ၇ ရက်မိုးရေချိန် ၁ လက်မအထက်မှ ၃ လက်မအထက်အထိ မိုးရေချိန်ရရှိနိုင်(မိုးရွာသွန်းမှုအနည်းငယ်ရှိနိုင်ဦးမှာဖြစ်)ကြောင်း ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါတယ်။
· ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့ခြမ်း/အနောက်ခြမ်း)၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်တွေမှာ နိုဝင်ဘာ ၁၁ ရက် နံနက် ၆ နာရီ မှ နောက် နာရီ ၁၂၀ (၅ ရက်အတွင်း) မိုးရေချိန် ၁.၅ လက်မ မှ ၂ လက်မအထက်အထိ ရွာသွန်းနိုင်ပါတယ်။ ၁ ရက် ပျမ်းမျှ မိုးရေချိန်တွေအနေနဲ့ ၂၄ နာရီအတွင်းမှာ အများဆုံး ၀.၄ လက်မခန့်သာရှိနိုင်ပါတယ်
ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်
· ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်/ခရိုင်များဖြစ်သည့် - ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ပေါင်းတည်၊ ရွှေတောင် မြို့နယ်များတွင် ၇ ရက်အတွင်း မိုရေချိန် ၁ လက်မ နီးပါးခန့်ရွာသွန်းနိုင်ပြီး၊
· ပဲခူးတိုင်းရှေ့ခြမ်း မြို့နယ်ခရိုင်များဖြစ်သည့် - တောင်ငူ၊ အုတ်တွင်း၊ ကျောက်ကြီး၊ ဖြူး၊ ရေတာရှည် မြို့နယ်များတွင် ၇ ရက်အတွင်းမိုးရေချိန် ၁ လက်မခန့်မှ ၁ လက်ကျော်အထိရွာသွန်းနိုင်ကာ၊
· ပဲခူးတိုင်းအလယ်ပိုင်း ရိုးမတောင်ကြောနှင့် ထိစပ်သည့် မြို့နယ်/ခရိုင်များဖြစ်သည့် - ပဲခူး၊ ဝေါ၊ သနပ်ပင်၊ ကဝ၊ ဒိုက်ဦး မြို့နယ်များတွင် မိုရေချိန် ၁ လက်မ နီးပါးခန့် ရွာသွန်းနိုင်ပါတယ်။
· ပဲခူးတိုင်းဒေသအားလုံးတွင် နိုဝင်ဘာလ ၁၆ ရက်နောက်ပိုင်းမှာ မိုးရွာသွန်းမှုများ ရပ်တန့်သွားနိုင် - မိုးပြတ်နိုင်ပြီး ည အပူချိန်များ စတင်ကျဆင်းလာနိုင်ပါတယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ
· ပဲခူးတိုင်းတခုလုံးမှာ နိုဝင်ဘာ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၁°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၉°C အထိရှိလာနိုင်ပါမယ်။
· ပဲခူးတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၄၀% အထိ ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ များစွာကွာဟမှုမရှိပဲ ၈၀% မှ ၉၀% အတွင်းရှိနိုင်ပါမယ်။
· လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်းတခုလုံးမှာ 40 ဝန်းကျင်ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အခြေအနေမဟုတ်ပါ။
· ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၁.၅ ပေခန့်ရှိနိုင်ပြီး၊ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၅ မိုင်ခန့်ရှိနိုင်ပါတယ်။
· နိုဝင်ဘာ ၁၁ ရက် မှ ၁၄ ရက်အထိ ပဲခူးတိုင်းကုန်းတွင်း မြို့နယ်/ခရိုင်များနှင့် ပဲခူးရိုးမတောင်ကြောပေါ်မှာ မြောက်ဘက်အရပ်မှ လေတိုက်နှုန်းအများဆုံး တနာရီ ၄ မိုင်ခန့်ရှိနိုင်ပြီး နိုဝင်ဘာ ၁၄ ရက်နေ့နောက်ပိုင်းမှာ အရှေ့ဘက်အရပ်မှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်ခန့် ရှိနိုင်ပါမယ်။
Win Naing
Administration Team,
MMWEATHER,
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲစိုက်တောင်သူများထံသို့….
ရွက်ဖောက်ကျိုင်းကာကွယ်နှိမ်နင်းနည်းအကြံပြုချက်
- စိုက်ချိန်နောက်ကျသော ပဲစိုက်ခင်းများယခုကြုံတွေ့နေရတဲ့ ရွက်ဖောက်ကျိုင်းကျရောက်ပါက အပင်တွင် အဝိုင်းပုံစံကိုက်ဖြတ်ပြီး တစ်ရှူးသားကိုခြစ်စားထားတဲ့လက္ခဏာကိုအဓိက တွေ့မြင်ရပါတယ်။
- အုပ်စုဖွဲ့ကျရောက်တတ်ပြီး နေရောင်ခြည်ကောင်းစွာရတဲ့ နေ့ခင်းပိုင်းအချိန်တွင် အုပ်စုဖွဲ့ဖျက်ဆီးတတ်တဲ့သဘောရှိပါတယ်။
- ဒါကြောင့် စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကိုရှင်းလင်းပေးပါ။
- ကျရောက်မှုနည်းပါက တမာပိုးသတ်ဆေး ကိုသုံးစွဲနိုင်ပါတယ်။
- ပဲတွင် အရေးကြီးဖျက်ပိုးမဟုတ်သော်လည်း အပင်ငယ်စဥ်တွင်ကျရောက်ပါက သေချာသတိထားစစ်ဆေးဖို့လိုပါတယ်။
- အင်းဆက်ဇကာဖြင့်တစ်ချက်ဝှေ့ယမ်းကြည့်ပါက ၁၀ ကောင်ဖမ်းမိလျှင် ဓာတုပိုးသတ်ဆေးကိုအသုံးပြုပါ၊ ဓာတုဆေးအနေနဲ့ Cypermethrin ကိုရွေးချယ်နိုင်ပါတယ်။
ငါးများဗိုက်ဖောင်းပြီး သေဆုံးသည့်ရောဂါအကြောင်း
· ငါးမွေးတောင်သူအများစု ကြုံတွေ့နေရသော ငါးရောဂါ တမျိုးမှာ ငါးများ ငါးများ ဗိုက်ဖောင်းပွပြီး ဗူပေါင်းကဲ့သို့ဖြစ်နေခြင်း နှင့် ဝမ်းဗိုက်တွင် အစိမ်းရောင် အရည် (သို့မဟုတ်)အဝါရောင် အရည်များ စုဝေနေတတ်သည်။ ဖျဉ်းစွဲခြင်း(Dropsy disease) ဟုခေါ်ပါသည်။ ကပ်ပါးပိုးနှင့် ဘက်တီးရီးယားပိုးပေါင်းစပ်ပြီး ရောဂါဝင်ခြင်းဖြစ်ပါသည်။ ထိုရောဂါဖြစ်ပါက ငါးသည် ဟန်ချက်ပျက်ပြီး ရေတွင်ကောင်းစွာမကူးခတ်နိုင်ပါ၊ အစာလည်းကောင်း စွာမစားနိုင်သဖြင့် သေဆုံးနိုင်ပြီး ကုန်ထုတ်လုပ်မှု ကျဆင်းနိုင်ပါသည်။ ထိုရောဂါ ကျနေပါက သဘာဝဓါတ်မြေဩဇာသုံးစွဲခြင်းကို ယာယီရပ်ဆိုင်းထားပါ။
· တစ်ဧကလျှင် ထုံး (၃၀)ပိဿာကို မနက် (၁၀)နာရီအတွင်း နေပူချိန်တွင် ကန်အနှံ့ပက်ပေးပါ။
· ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။
--------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


NewsFeed
Communities
Explore
Inbox
Me
Market Price