cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဒေသမျိုးခရမ်းချဥ်များစိုက်သူများပြီး ဈေးကောင်းနေ🍅🍅

. Market News
လက်ရှိအချိန်တွင်ဈေးကွက်အတွင်း ဒေသမျိုးခရမ်းချဥ်သီး တစ်ပိဿာကို ငွေကျပ် ၈၀၀၀ မှ ၁၀၀၀၀ ကြားအထိရှိနေပြီး ခြံဖြတ်ဈေးနှုန်းများမှာလည်း တစ်ပိဿာကို ၃၀၀၀ ဝန်းကျင်ရရှိနေကြောင်းသိရပါတယ်။
  • မန္တလေးဈေးကွက်အတွင်း ဒေသမျိုးရင်းဖြစ်သော ခရမ်းချဥ်သီးအများအပြားဝင်ရောက်လျက်ရှိကာ ဈေး ကောင်းရရှိနေကြောင်း ဒေသခံဈေးသည်များကပြောပါတယ်။

    ယခုရက်ပိုင်းအတွင်း မန္တလေးမြို့နှင့်အနီးဝန်းကျင်ရှိ ပုသိမ်ကြီး၊ အမရပူရ၊ မတ္တရာ၊ စဥ့်ကိုင်၊ ကျောက် ဆည် နှင့်တံတားဦးမြို့နယ်များမှ ဒေသမျိုးခရမ်းချဥ်များဈေးကွက်အတွင်းစတင်ဝင်ရောက်လာခြင်းဖြစ်ပါတယ်။

    "အင်းသီးတွေထက်ပိုပြီးလူကြိုက်များတယ်။ အရင်ကနည်းနည်းပဲရှိတာ။ ဒီနှစ်တော့စိုက်တဲ့သူများလို့ ထွက်တာပိုများလာတာ။ ဈေးကောင်းလည်းရတယ်"ဟု မဟာအောင်မြေမြို့နယ်မှ ကုန်စိမ်းဈေးသည် တစ်ဦးကပြောပါတယ်။

    ဒေသမျိုးရင်းခရမ်းချဥ်များမှာ အထွက်နှုန်းနည်းပါးမှုနှင့် စိုက်ပျိုးစရိတ်မြင့်မားမှုကြောင့် ယခင်ကစိုက်ပျိုး သူနည်းပါးခဲ့သော်လည်း ယခုနှစ်တွင်ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍စိုက်ပျိုးသူများပြားလာခြင်း ဖြစ် ပါတယ်။

    လက်ရှိအချိန်တွင်ဈေးကွက်အတွင်း ဒေသမျိုးခရမ်းချဥ်သီး တစ်ပိဿာကို ငွေကျပ် ၈၀၀၀ မှ ၁၀၀၀၀ ကြားအထိရှိနေပြီး ခြံဖြတ်ဈေးနှုန်းများမှာလည်း တစ်ပိဿာကို ၃၀၀၀ ဝန်းကျင်ရရှိနေကြောင်းသိရပါတယ်။

    မန်းအောင်

    Opinion Leaders မှ ကူးယူဖော်ပြပါသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - 

    https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
4
comments
0
views
808