cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဝက်မွေးမြူရေးတွင် အစာအာဟာရ စနစ်တကျကျွေးရန်

. Swine
ဝက်များကို မွေးမြူရာတွင် ကုန်ကျစားရိတ်စုစုပေါင်း၏ (၆၀-၇၀%)သည် အစာကျွေးရာတွင် ကုန်ကျမည်ဖြစ်သဖြင့် မိမိကျွေးသောအစာသည် ဝက်များကိုကြီးထွားစေသည့် အစာမဖြစ်ပါက/အစာဖိုးကုန်သော်လည်း ဝက်များ မကြီးထွားပါက အမြတ်နည်းမည် ဖြစ်သည်။ ထို့ကြောင့် ဝက်များကို အစာစနစ်တကျကျွေးရန် အစာအာဟာရအကြောင်းကို သေချာစွာသိထားရန် လိုအပ်ပါသည်။
  • ဝက်များအတွက် အစာအုပ်စု -

    (၁)စွမ်းအင်ဓာတ်အုပ်စု

    (၂)အသားဓာတ်အုပ်စု

    (၃)ဗိုက်တာမင်နှင့်သတ္တုဓာတ်အုပ်စု

    (၄)အဆီဓာတ်

    (၅)ရေဓာတ်

    (၆)အမျှင်ဓာတ်

    ဟူပြီး ဟူ၍ အုပ်စုရှိပါသည်။ အဆီဓာတ်၊ ရေဓာတ်၊ အမျှင်ဓာတ်များ စသည့်(၃)မျိုးသည် များသောအားဖြင့် ကျေးရွာများရှိ ဝက်မွေးမြူရေးသမားများ အစာကျွေးရာတွင် အလိုလျောက်အနည်းနှင့်အများ ပါဝင်သွားသည့်အတွက် ထို(၃)မျိုးအကြောင်းကို အထူးမရှင်းပြတော့ဘဲ စွမ်းအင်ဓာတ်၊ အသားဓာတ်၊ ဗိုက်တာမင်နှင့်သတ္တုဓါတ်အုပ်စုများ ဆိုသည့်(၃)မျိုးအကြောင်းကိုသာ အဓိကထား ဖော်ပြသွားမည်ဖြစ်သည်။

    ၁) စွမ်းအင်ဓာတ်အုပ်စု

    စွမ်းအင်ဓာတ် အဓိကပါဝင်သောအစာများမှာ - ပြောင်း၊ ဆန်ကွဲ၊ ဆန်၊ လုံးတီးဆန်၊ ပွိုင့်၊ ဖွဲဆန်ကွဲ၊ ဖွဲနု၊ ဂျုံဖွဲ၊ ထမင်းကျန်၊ ထမင်းရည်၊ ဆန်ဆေးရည်၊ ပိန်းရိုးပြုတ်၊ ငှက်ပျောအူ စသည်တို့ဖြစ်ပါသည်။

    စွမ်းအင်ဓာတ်ပါသော အစာကို ကျွေးပါက ဝက်များအားရှိကာ သွားလာလှုပ်ရှားနိုင်မည် ဖြစ်သော်လည်း ဝက်များ၏ ကြီးထွားမှုကိုများစွာ အထောက်ကူမပြုပါ။ များစွာကျွေးပါက ဝက်များ အဆီကပ်မည်ဖြစ်သည်။ စွမ်းအင်ဓာတ်ပါ အစာများကို တမျိုးထဲကျွေးသည်ထက် အမယ်များစွာစုံအောင် ကျွေးခြင်းက အာဟာရတန်ဖိုး ပိုမိုမြင့်မားစေပါသည်။

     (၂) အသားဓာတ်အုပ်စု

    အသားဓာတ် အဓိကပါသော အစာများမှာ - မြေပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ ဝါစေ့ဖတ်၊ ပဲအမျိုးမျိုး၊ ငါးလေးများ၊ ပုဇွန်လေးများ၊ ကြက်စာငါးခြောက်၊ ပုဇွန်ဖွဲ၊ခရု/ဂဏန်းအတွင်းသားများ၊ မြွေ၊ ဖား၊ ကြွက် စသည်တို့ဖြစ်သည်။

    ဝက်များကြီးထွားနှုန်းမြန်ခြင်း၊ သားပေါက်ကောင်ရေများခြင်း၊ ဝက်မကြီး နို့ထွက်ကောင်းခြင်း စသည့် ကောင်းကျိုးများ ရှိပါသည်။ ထို့ကြောင့် အသားဓါတ်ကို မဖြစ်မနေ နေ့စဥ် ကျွေးသင့်ပါသည်။

    သို့သော် အစာသည် မှိုတက်ခြင်း၊ ဆားအလွန်ငံခြင်းဖြစ်ပါက ဝက်များအတွက် ဆိုးကျိုး ဖြစ်စေနိုင်သဖြင့် စိတ်ချလက်ချကျွေးလိုပါက ကုမ္ပဏီများမှ ထုတ်သော အသားဓာတ် မြင့်မားစွာပါသော အစာအနှစ်ကို ကျွေးမွေး သင့်ပါသည်။ ဥပမာ-စီပီ ၇၅၁ ၊ ဒီဟတ်(စ) ၃၄၀၈

    ဤနေရာတွင် ကုပ္မဏီထုတ်အစာများအကြောင်းကို အနည်းငယ် ရှင်းပြလိုပါသည်။ အစာ အမျိုးပေါင်းများစွာရှိသော်လည်း အဓိကအားဖြင့် အဆင်သင့်ကျွေးနိုင်သည့်အစာ (ready-made feed) နှင့် အစာအနှစ် (Concentrated feed) ဟူ၍(၂) မျိုးခွဲခြား နိုင်ပါသည်။ အဆင်သင့်ကျွေးနိုင်သော အစာများမှာ အသားဓာတ် ပါဝင်မှုနည်းပြီး အစာနှစ်တွင် အသားဓာတ် များစွာပါရှိသောကြောင့် အသားဓာတ်အတွက် ကုမ္ပဏီ ထုတ်အစာများကို ကျွေးမည်ဆိုပါက အစာနှစ်ကိုအသုံးပြုပြီး စပ်ရမည့် အစာအချိုးအဆအတိုင်း စပ်ပြီး ကျွေးသင့် ပါသည်။

    (၃)ဗိုက်တာမင်နှင့်သတ္တုဓာတ်အုပ်စု

    ဗိုက်တာမင်နှင့်သတ္တုဓာတ်ပါသော အဓိကအစာများမှာ-အစာစိမ်းဟုအလွယ်တကူခေါ်ဆိုနိုင်သော စိမ်းလန်းသော အပင်၊ အရွက်များဖြစ်သည့် ကန်စွန်းရွက်၊ မိုနတို၊ ကနဖော့၊ ဥာဏ်ရွက်၊ ဘော့စကိုင်းရွက်၊ မြက်၊ ဗေဒါ အစရှိ သည်တို့ ဖြစ်သည်။

    ဗိုက်တာမင်နှင့်သတ္တုဓာတ်ကို ကျွေးခြင်းအားဖြင့် ဝက်များရောဂါဖြစ်ပွားခြင်းမှ အတော်သင့်ခံနိုင်ရည်ရှိခြင်းနှင့် အစာ စားကောင်းခြင်းစသည့် ကောင်းကျိုးများ ရရှိမည်ဖြစ်ပါသည်။ အရပ်ထဲတွင် အလွယ်တကူ“အားဆေး” ဟုခေါ်သည့် ဆေးမှာ ဗိုက်တာမင်နှင့်သတ္တုဓာတ်များ ဖြစ်ပါသည်။

    အစာစိမ်းကို လုံလောက်စွာ မရရှိနိုင်ပါက တိရစ္ဆာန်အစာနှင့်ဆေး ရောင်းသောဆိုင်များတွင် အစာစပ်ဆေး (တနည်း) အားဆေး ကိုအစာထဲတွင်ထည့်စပ်ခြင်းအားဖြင့်ကျွေးမွေးနိုင်ပါသည်။

    အစာအဟာရနှင့်ပါတ်သက်ပီး အချုပ်ဆိုရသော် နေ့စဥ်ကျွေးနေသော ဝက်စာထဲတွင် စွမ်းအင်ဓါတ်၊အသားဓါတ်နှင့် ဗိုက်တာမင်နှင့်သတ္တုဓါတ် (၃)မျိုးစလုံးကို ဝက်များ၏ အသက်အရွယ်အလိုက် လိုအပ်သောပမာဏ အတိုင်းနေ့စဥ် ထည့်သွင်းကျွေးမွေးရန်လိုအပ်ပါသည်။

    ဝက်များ၏အဟာရများနှင့်ဆိုင်ရာ အထူးသတိထားသင့်သည့်အချက်များ

    ·      ဝက်ဖြူအုပ်စုမွေးသည်ဖြစ်စေ၊ဝက်မဲအုပ်စုမွေးသည် ဖြစ်စေ၊ ဆန်ကွဲ၊ဖွဲနု အစရှိသည်များကိုသာ ကျွေးခြင်း သည် အာဟာရအတွက် လုံးဝ မလုံလောက်ပါ။ အသားဓာတ်ပါသော အစာတမျိုးမျိုး ကို မဖြစ်မနေ၊နေ့စဥ် ထည့် ကျွေးရန်လိုသကဲ့သို့ ကန်စွန်းရွက် အစရှိသော အစာစိမ်းတမျိုးမျိုးကိုလည်း နေ့စဥ်ထည့်သွင်း ကျွေးမွေးရန် လိုပါသည်။

    ------------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59327

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
19
comments
1
views
606