ဧရာဝတီတိုင်း နိုဝင်ဘာ ၁၃ ရက်နေ့မှ နိုဝင်ဘာ ၁၉ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေများ
· ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် နိုဝင်ဘာလ ၂၄-၂၅ ရက်နေ့များ၌ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်ရာမှ ပိုမိုအားကောင်းလာပြီး အနည်းဆုံးမုန်တိုင်းငယ် (Deep Depression) ဖြစ်လာနိုင်ပါတယ်။ ECMWF Chart များအရ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၅၀% ရှိနေကြောင်းလည်းတွေ့ရပါတယ်။
· ဘင်္ဂလားပင်လယ်အော်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အရှေ့မြောက်မုတ်သုံလေအားကောင်းနေခြင်းနှင့် နိုဝင်ဘာ ၂၄-၂၅ ရက်နေ့တွေမှာ ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း/ဆိုင်ကလုန်းမုန်တိုင်းကြောင့် မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက် နိုဝင်ဘာ ၁၈ ရက် မှ ၂၆ ရက်အတွင်း အရှေ့ဘက်မှ လေပြင်း တနာရီ မိုင် ၄၀ ကျော်ခန့်တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်၇ ပေခန့်အထိ ရှိနိုင်ပါတယ်။
· နိုဝင်ဘာ ၁၃ ရက် မှ ၁၉ ရက်အတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း(အရှေ့/အနောက်)ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ နေပြည်တော်ဧရိယာမှာ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မ အထက်ရွာနိုင်၊ ၁ ရက်(၂၄ နာရီအတွင်း) ပျမ်းမျှ မိုးရေချိန် ၀.၃ လက်မခန့် ရွာနိုင်ပါတယ်။
နိုဝင်ဘာ ၁၃ ရက် မှ နိုဝင်ဘာ ၁၉ ရက်အထိ၊ ၇ ရက်အတွင်း ဧရာဝတီတိုင်း မိုးရွာသွန်းနိုင်သည့်အခြေအနေ
· ကျောင်းကုန်း၊ ကျုံပျော်၊ ကန်ကြီးဒေါင့်၊ ပုသိမ်၊ ငပုတော၊ လပွတ္တာ ခရိုင်/မြို့နယ်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်အထက်၊
· မြောင်းမြ၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဝါးခယ်မ၊ အိမ်မဲ၊ ဓနုဖြူ၊ အထောင် နဲ့ ဟင်္သာတ မြို့နယ်/ခရိုင်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မအထက်နဲ့၊
· အင်္ဂပူ၊ သာပေါင်း၊ မြန်အောင် မြို့နယ်/ခရိုင်တွေမှာ ၇ ရက်မိုးရေချိန် ၁ လက်မအောက် အသီးသီးရွာနိုင်မည့် အခြေအနေများရှိနိုင်ပါသေးတယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
· ဧရာဝတီတိုင်းအတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၂°C ရှိနိုင်ပြီး၊ ပင်လယ်ကမ်းရိုးတန်းအနီးက ခရိုင်/ မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ်။
· ကမ်းရိုးတန်းအနီးက မြို့နယ်/ကျေးရွာတွေမှာ အရှေ့ဘက်အရပ်မှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီမိုင် ၂၀ ခန့် ရှိနိုင်ပါတယ်။
· ဧရာဝတီတိုင်းအတွင်း နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၄၀% မှ ၅၀% အတွင်းမှာ ရှိနေနိုင်ပြီး နံနက်/ညအချိန်တွေမှာ လေထုစိုထိုင်းဆ ၈၀% မှ ၉၀% အထိ ရှိနိုင်ပါတယ်။
လေထုစိုထိုင်းဆများနေချိန်မှာ ခံစားရတဲ့အပူချိန် ၃၆°C အထိရှိနေနိင်ပါတယ်။
· ဧရာဝတီတိုင်းအနောက်ဘက် တောင်ခြေဒေသများမှာ လေထုညစ်ညမ်းမှုအခြေအနေ (AQI value) က အများဆုံး 165 အထိရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုအသင့်အတင့် ရှိနေပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးအခံမကောင်းသူများအတွက် အန္တရာယ်ရှိနေပါတယ်။
Air quality index (marked as AQI) is developed by Environmental Protection Agency. Values over 300 represents hazardous air quality, between 200-300 very unhealthy, 150-200 unhealthy, 100-150 unhealthy for sensitive groups and below 100 or rather below 50 the air quality is good.
· ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ နိုဝင်ဘာ ၁၈ ရက်နေ့တွင် လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၃၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၅ ပေခန့်ရှိနိုင်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
ငါးဖျဉ်းစွဲခြင်း(Dropsy disease) ၏ ကာကွယ်ကုသနည်း
· ငါးမွေးတောင်သူအများစု ကြုံတွေ့နေရသော ငါးရောဂါ တမျိုးမှာ ငါးများ ငါးများ ဗိုက်ဖောင်းပွပြီး ဗူပေါင်းကဲ့သို့ဖြစ်နေခြင်း
· ကာကွယ်ခြင်းနှင့်ကုသခြင်းမှာ
· (၁)အမော်စလင် (သို့မဟုတ်)အယ်ရီသရိမိုင်စင်ကဲ့သို့ ပဋိဇီဝဆေးများကို အစာတစ်ကီလိုလျှင် ၊ဆေး (၂-၃)ဂရမ်အထိထည့်ပြီး (၇-၁၀)အထိကျွေးပေးပါ။
· (၂)ရောဂါဖြစ်ပွားသော ငါးကို ပိုတက်စီယမ်ပါမင်းဂနိတ်ဖျော်ရည်တွင် (၁-၂) မိနစ် စိမ်ထားခြင်းဖြင့် ကုသနိုင်ပါသည်။
----------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price