"ကြက်၊ ဝက်ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံထူးကြသူများ (၄)"
တောင်သူဦးကြီးများအတွက် ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဖတ်ရှုသောဆောင်းပါးတိုင်းမှတ်မိစေရန်၊ ဆောင်းပါးများဖတ်ရှုရာတွင် အင်တာနက်ကုန်ကျစရိတ် ကာမိစေရန်အတွက် ထွက်တိုးမှ တောင်သူဦးကြီးတို့အတွက် "ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ" အစီအစဥ်ကို ပြုလုပ်လိုက်ရပါသည်။
အစီအစဥ် - အင်္ဂါနေ့တိုင်း 🐓 ကြက်မွေးမြူရေးဆောင်းပါးများ
- ကြာသပတေးနေ့တိုင်း 🐖 ဝက်မွေးမြူရေးနည်းလမ်းကောင်းများ
ထွက်တိုးဖုန်းဆော့ဝဲနှင့် ထွက်တိုး ဖေ့ဘုတ်ပေါ်တွင် ဆောင်းပါးအသစ် နှင့် ဉာဏ်စမ်းမေးခွန်းတင်ပေးမည်ဖြစ်ပါသည်။
ကံထူးရှင်များကို ထွက်တိုးမှ
1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်
2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်
3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။
ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။
ကြက်ဉာဏ်စမ်း အဖြေမှန်မှာ (၁) မှန် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
ဝပ်ရက် (၁-၂) ရက်သာကွာသော ကြက်မ ၂ ကောင်အနက် စောဝပ်သော ကြက်မ မှပေါက်လာသော ကြက်ကလေးများသည် ၂-၃ ကောင်သာဖြစ်ပါက ထိုကြက်မသည် ကြက်ကလေးများကို ဆက်လက် သားထိန်းနေသည့်ကာလ တလျောက်လုံး ပြန်အုမည်မဟုတ်ပါ။
· ထို့ကြောင့် ပထမကြက်မမှ ပေါက်လာသော ကြက်ကလေး၂-၃ကောင်ကို ဒုတိယကြက်မ ပေါက်ပေါက်ခြင်း ညအချိန်တွင် သွားရောက်ထည့်ပေးရမည်။ ပထမကြက်မကို အရိပ်ရသော နေရာတွင် အစာနှင့်ရေထည့်ပြီး အုပ်ဆောင်းဖြင့် လှောင်ထားပါက ၁ ပတ်ခန့် အကြာတွင် ပြန်လည် အုမည်ဖြစ်သည်။ သတိပြုရန်မှာ ပထမပေါက်သော ကြက်ကလေးကို ဒုတိယပေါက်သော ကြက်ကလေးများထဲ ရောထည့် ပေးရမည်။
(ကြက်မ ၂ ကောင်ဝပ်ရက်သည် ၂ရက်ထက် ပိုမကွာရပါ။)
ဝက်ဉာဏ်စမ်း အဖြေမှန်မှာ (ခ) ၆ အုပ်စု ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
ဝက်များကို မွေးမြူရာတွင် ကုန်ကျစားရိတ်စုစုပေါင်း၏ (၆၀-၇၀%)သည် အစာကျွေးရာတွင် ကုန်ကျမည်ဖြစ်သဖြင့် မိမိကျွေးသောအစာသည် ဝက်များကိုကြီးထွားစေသည့် အစာမဖြစ်ပါက/အစာဖိုးကုန်သော်လည်း ဝက်များ မကြီးထွားပါက အမြတ်နည်းမည် ဖြစ်သည်။ ထို့ကြောင့် ဝက်များကို အစာစနစ်တကျကျွေးရန် အစာအာဟာရအကြောင်းကို သေချာစွာသိထားရန် လိုအပ်ပါသည်။
ဝက်များအတွက် အစာအုပ်စု - (၁)စွမ်းအင်ဓာတ်အုပ်စု၊ (၂)အသားဓာတ်အုပ်စု၊ (၃)ဗိုက်တာမင်နှင့်သတ္တုဓာတ်အုပ်စု၊ (၄)အဆီဓာတ်၊ ၅)ရေဓာတ်၊ (၆)အမျှင်ဓာတ်၊ ဟူ၍ ၆ အုပ်စုရှိပါသည်။
ဖြေဆိုရာတွင် အခက်အခဲများ တစုံတရာ ရှိပါက တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန် ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။
ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့။





NewsFeed
Communities
Explore
Inbox
Me
Market Price