cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မတ်ပဲ နဲ့ ပဲစင်းငုံ ၊ နှမ်းမျိုးစုံ စျေးကွက်အခြေအနေ

. Market Analysis
မတ်ပဲက ယခုတစ်ပတ်မှာလည်း အိန္ဒိယက ဝယ်လိုအား နည်းတာကြောင့် စျေးထပ်ကျပါတယ်။ တစ်တန်ကို ၁၀၀၀၀ မှ ၃၀၀၀၀ လောက်အထိ စျေးကျတာ ဖြစ်ပါတယ်။
  • မတ်ပဲ 

    မတ်ပဲက ယခုတစ်ပတ်မှာလည်း အိန္ဒိယက ဝယ်လိုအား နည်းတာကြောင့် စျေးထပ်ကျ ပါတယ်။ တစ်တန်ကို ၁၀၀၀၀ မှ ၃၀၀၀၀ လောက်အထိ စျေးကျတာ ဖြစ် ပါတယ်။ မတ်ပဲ FAQ ရဲ့ FOB  စျေးကတော့ အရင်အပတ်ကထက် ၅ ဒေါ်လာ ထပ်ကျသွားပြီး အမေရိကန် ဒေါ်လာ ၆၉၀ မှ ၇၀၀ အတွင်းသာ ရှိပါတယ် ။ 

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၆၁၀၀၀၀ ၊ အင်္ဂါ နေ့ မှာ ၂၆၀၃၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၆၂၄၀၀၀ ကျပ် နဲ့  ကြာသပတေးနေ့မှာ ၂၆၁၄၀၀၀ ကျပ် စျေးရှိပါတယ်။

    အရင်တပတ်တုန်းက မတ်ပဲ FAQ တစ်တန်ကို ၂၆၂၀၀၀၀ မှ ၂၆၃၃၀၀၀ ကျပ်ရှိခဲ့ပါတယ်။


    ပဲစင်းငုံ

    ပဲစင်းငုံနီကလည်း ယခုတစ်ပတ်မှာ စျေးထပ်ကျတာ တွေ့ရပါတယ်။ ပဲစင်းငုံတစ်တန်ကို ကျပ် ၅၀၀၀၀ ကျော်လောက် ကျသွားတာဖြစ်ပါတယ် ။ 

    FOB စျေးနှုန်းကတော့ အတက်အကျ မရှိဘဲ အမေရိကန်ဒေါ်လာ ၆၇၀ မှ ၆၈၀ အတွင်းမှာပဲ ငြိမ်နေ ပါတယ်။ ပဲစင်းငုံက လက်ကျန်နည်း နေပေမယ့်လည်း  ပြည်ပဝယ်လိုအား နည်းတဲ့အတွက် စျေးကျနေတာ ဖြစ်တယ်လို့ သိရပါတယ် ။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တင်္နလာနေ့က ၂၆၁၅၀၀၀ ၊ င်္အဂါနေ့ မှာ ၂၅၉၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၆၀၂၀၀၀ ၊ ကြာသပတေးနေ့ မှာ၂၅၉၇၀၀၀ စျေးရှိပါတယ်။

    အရင်အပတ် က တနင်္လလာနေ့က သောကြာနေ့အတွင်း မှာ ပဲစင်းငုံနီတစ်တန်ကို ၂၆၃၅၀၀၀ မှ ၂၆၅၀၀၀၀ ကျပ်ရှိခဲ့ ပါတယ်။ 

    နှမ်း

    ယခုတစ်ပတ်မှာတော့ နှမ်းနက်စမုံ နဲ့ နှမ်းဖြူဂျပန်က စျေးက ထပ်ပြီးအကျပြလာတာ တွေ့ရပါတယ် ။ နှမ်းညိုကလည်း တစ်အိတ်ကို ၂၀၀၀ ကျပ် စျေးကျပါတယ် ။


    နှမ်းနက်စမုံက အသစ်တွေစျေးကွက်ထဲဝင်နေပြီး တရုတ်ဝယ်လက်အေးလို့ စျေးကျတာဖြစ် ပါတယ်။ နှမ်းဖြူ ဂျပန်က လုပ်ငန်းသုံးသမား အဝယ်အေးလို့ စျေးကျတာဖြစ်ပါတယ်။  နှမ်းအမျိုးအစားအလိုက် တစ်အိတ်ကို ၂၀၀၀ မှ ၁၀၀၀၀ ကျပ်အတွင်း စျေးကျလာတာ ဖြစ်တယ်လို့ သိရပါတယ်။

    နှမ်းက အရည်အသွေးအပေါ်လိုက်ပြီး စျေးအပြောင်းအလဲ အတက်အကျရှိနေတာဖြစ်ပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ နှမ်းနက် စမုံ စျေးနှုန်းက ၄၅ ပိဿာ တစ်အိတ်ကို ၇၂၀၀၀၀ ကျပ်မှ ၇၇၀၀၀၀ ကျပ်ရှိပြီး နှမ်းဖြူဂျပန်က ၂၈၅၀၀၀ မှ ၂၉၀၀၀၀ ကျပ်ရှိပါတယ်။နှမ်းညိုက ၂၆၅၀၀၀ မှ၂၆၇၀၀၀ ကျပ် ရှိပါတယ်။ 

    နှမ်းဖြူဗမာကတော့ ယခုတစ်ပတ်မှာ ၂၆၀၀၀၀ မှ ၂၆၅၀၀၀ ကျပ်စျေးတန်း ဖွင့်ထားပါတယ်။

    AMIA ပေးပို့ပါသည်။

    --------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
4
comments
0
views
1238