cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း နိုဝင်ဘာ ၁၇ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ကြိုတင်ခန့်မှန်းချက်များအရ၊ နိုဝင်ဘာလကုန်ရက်များ(ခန့်မှန်း ၂၈-၂၉-၃၀ ရက်များ)မှာ ၁ ရက် မှ ၂ ရက်ခန့် နေရာကွက်၍ မိုးအသင့်အတင့်ရွာသွန်းနိုင်ပါတယ်၊ ကြိုတင်ခန့်မှန်းချက်အပြောင်းအလဲများကို ဆက်လက်စောင့်ကြည့်ကြရပါမယ်။
  • ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက်ခြင်း(Atmospheric instabilities) အခြေအနေများ 

    ·          ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်တောင်ပိုင်းပင်လယ်ပြင်များမှာ အားကောင်းလျှက်ရှိသောအရှေ့မြောက်မုတ်သုံလေကြောင့် လေထုမငြိမ်မသက်ဖြစ်ပြီး အထက်အမြင့်လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC) များ ယခု ၁ ပတ်အတွင်းမှာ အစပျိုးဖြစ်ပေါ်လာနိုင်ပါမယ်။ 

    ·          နိုဝင်ဘာ ၁၆ ရက် မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လျှက်ရှိကြောင်းနဲ့ နောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ထားတာလဲ ရှိပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ လေပွေလှိုင်းများသည် နိုဝင်ဘာလ လကုန်ပိုင်းမှာ မုန်တိုင်းဖြစ်လာနိုင်ကြောင်း၊ မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းကိုရောက်ရှိလာနိုင်ကြောင်း ECMWF, GFS, GEFS ကြိုတင်ခန့်မှန်းရေး model များ၏ ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ 

    ·          လက်ရှိကြိုတင်ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့မှာ မိုးအနည်းငယ်သာရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မကွေးတိုင်းနှင့်ထိစပ်နေသော-မန္တလေးတိုင်းအနောက်ခြမ်းနှင့် ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာ ၂၇-၂၈-၂၉ ရက်နေ့တွေမှာ နေရာကွက်၍မိုးသည်းထန်နိုင်သည်များရှိနိုင်ပါတယ်။ 

    ရန်ကုန်တိုင်းအတွင်း နိုဝင်ဘာ ၁၇ ရက် မှ ၂၃ ရက်အထိ၊ ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ရန်ကုန်တိုင်း၊ တောင်ပိုင်း၊ အနောက်ပိုင်းနဲ့ မြောက်ပိုင်းခရိုင်များအတွင်းမှာ မိုးအနည်းငယ် (၇ ရက် မိုးရေချိန် ၀.၃ လက်မခန့်) ရွာသွန်းနိုင်ပြီး၊ နောက် ၁ ပတ်၊ 

    ·          ကြိုတင်ခန့်မှန်းချက်များအရ၊ နိုဝင်ဘာလကုန်ရက်များ(ခန့်မှန်း ၂၈-၂၉-၃၀ ရက်များ)မှာ ၁ ရက် မှ ၂ ရက်ခန့် နေရာကွက်၍ မိုးအသင့်အတင့်ရွာသွန်းနိုင်ပါတယ်၊ ကြိုတင်ခန့်မှန်းချက်အပြောင်းအလဲများကို ဆက်လက်စောင့်ကြည့်ကြရပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ရန်ကုန်တိုင်းရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၁°C ရှိနိုင်ပါတယ်။ 

    ·          ရန်ကုန်တိုင်းအတွင်း နိုဝင်ဘာ ၁၇ ရက်နေ့မှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၃၅°C အထိရှိနိုင်ပါမယ်။ 

    ·          ယခု ၁ ပတ်အတွင်း မြောက်ဘက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၁၈ မိုင်မှ မိုင် ၂၀ ခန့်ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ နိုဝင်ဘာ ၁၈ ရက်မှ ၂၂ ရက် အတွင်း လှိုင်းအမြင့်ဆုံး ၃ ပေမှ ၄ ပေ ခန့်ရှိနိုင်ပါတယ်။ 

    ·          ရန်ကုန်တိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၆၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်းနှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၉၀% ခန့် ရှိနေနိုင်ပါတယ်။ 

    ·          ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်းရဲ့ လေထုညစ်ညမ်းမှုအညွှန်းကိန်းအမြင့်ဆုံး (AQI value) “140” ရှိနိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး-မကောင်းသူများအတွက် အန္တရာယ်ရှိနိုင်သော အညွှန်းကိန်းအဆင့်ဖြစ်ပါတယ်။ 

    နိုဝင်ဘာ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီအတွင်း ရန်ကုန်တိုင်း၏ ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း “8” High-Risk-Level မှာ ရှိနိုင်တာကြောင့် အပြင်ထွက်တဲ့အခါ အရေပြားနှင့် မျက်စေ့ထိခိုက်ခြင်းမှ အထိုက်အလျှောက်ကာကွယ်နိုင်သော အဝတ်အစား/ဦးထုတ်/နေကာမျက်မှန် စသည်ဖြင့်ဝတ်ဆင်ကြပါရန် အသိပေးတိုက်တွန်းလိုပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါး၊ ပုစွန်များ အစာကျွေးရာတွင် သိသင့်သည်များ 

    ယခုလို အေးလာသောကာလတွင် အစာကျွေးခြင်းကို ဂရုပြုရန်လိုအပ်ပါသည်။ ငါး၊ ပုစွန်များသည် သတ်မှတ်ထားသော အပူချိန်ရှိမှသာ အစာစားခြင်းကို ဆောင်ရွက်လေ့ရှိသဖြင့် အပူချိန် ၂၅ မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်းမှသာ အစာကျွေးရန် အကြံပြုပါသည်။ ကန်ရေအပူချိန် ကျဆင်းနေပါက အစာကျွေးခြင်း ကို ဆင်ခြင်ရန်လိုအပ်ပါသည်။ ထို့အတူ မိမိကျွေးသော အစာများ ကုန်၊မကုန်ကို စစ်ဆေးပေးသင့်ပါသည်။ အစာမကုန်ပါက/ အစာကျန်များရှိနေပါက နောက်တနေ့တွင် အစာလျှော့ကျွေးရန် အကြံပြုအပ်ပါသည်။ 

    --------------    

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12    

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက _ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို    

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.    

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
8
comments
0
views
3866