cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဝက်များကို အသက်အရွယ်အလိုက် မွေးမြူပြုစုခြင်း

. Swine
ဝက်မမွေးမြူရေးတွင် အသက်အရွယ်အပိုင်းအခြားအလိုက် မွေးမြူပြုစုပုံ၊ အစာကျွေးပုံများ မတူခြင်းတို့ကြောင့် အသက်အရွယ်အလိုက်ဝက်များကို မည်သို့ပြုစုမွေးမြူရမည်ကို ဖော်ပြပါမည်။
  • (၁) သားခွဲမှ၄လအထိ ဝက်ငယ်များကို မွေးမြူပြုစုခြင်း

    ·      သားခွဲဝက်တကောင်သည် တကိုယ်လုံး အရှင်အလေးချိန် အနည်းဆုံး (၆) ပိဿာရှိရန် လိုပါသည်။

    ·      သားခွဲဝက်သည် ဝက်မဲအုပ်စုဖြစ်စေ၊ ဝက်ဖြူအုပ်စုဖြစ်စေ အလျားရှည်ပြီး ခြေဆံလက်ဆံ အတော်သင့် ရှည်ပြီး အတော်သင့်တုတ်ခိုင်ရန် လိုပါသည်။

    ·      ဝက်ကလေးများအအေးမမိစေရန် အထူးဂရုစိုက်ပါ။ အထူးသဖြင့် ဝက်ကလေး အသက်၁လခွဲမှ (၂)လခွဲ အထိ မိုးရာသီနှင့်ဆောင်းရာသီများတွင် မလိုအပ်ဘဲ ရေမချိုးပေးပါနှင့်။

    ·      အသက် ၁လခွဲ (၆ပတ်) ရှိပါက ဝက်ဝမ်းကျကာကွယ်ဆေးကို မဖြစ်မနေထိုးပေးရမည်။

    ·      ဝက်ဝမ်းကျကာကွယ်ဆေး ထိုးပြီး နောက်ထပ်၂ပတ်(ဝက်အသက်၈ပတ်)တွင် ဝက်နားရွက်ပြာ ကာကွယ် ဆေးကို ထိုးပေးရမည်။

    ·      အထက်ပါကာကွယ်ဆေး (၂) မျိုးလုံးကို နောက်ထပ်(၆) လကြာတိုင်း တကြိမ်စီ ထပ်မံထိုးပေးရမည်။

    ·      ဝက်အသက်(၂)လပြည့်ပါက သံချဆေးထိုးကို (၁)ကြိမ်မဖြစ်မနေ ထိုးပေးပါ။

    ·      အစာအုပ်စု(၃) မျိုးစလုံး လိုအပ်သောပမာဏအတိုင်းပါစေရန် အောက်ပါအတိုင်း နေ့စဥ်ကျွေးပါ။

    အထူးသတိထားသင့်သည့်အချက်များ

    ·      ဝက်ငယ် အသက် ၁လခွဲနှင့်အထက်ရှိပါက ဝက်ဝမ်းကျ နှင့် ဝက်နားရွက်ပြာ ကာကွယ်ဆေးကို မထိုးဘဲနေခြင်းသည် အလွန်အန္တရာယ်များပါသည်။

    ·      ဝက်ကလေး အသက် ၂ လနှင့်ကျော်ပါက သံချပေးခြင်းကို မလုပ်ဆောင်ပေးပါက ဝက်များ သံကောင်စွဲပြီး ကြီးထွားနှုန်းကို ထိခိုက်နိုင်သည့်အပြင် သေဆုံးသည်အထိဖြစ်တတ်ပါသည်။

    ·      အသက် ၂ လအောက်ဝက်ငယ်များကို အလွန်အေးသောအချိန်တွင် ရေချိုးပေးခြင်းကို မပြုလုပ်သင့်ပါ။

    (၂) အသက်၄လမှ၆လ ဝက်လတ်ကို မွေးမြူပြုစုခြင်း

    ·      ဝက်များကို ရေချိုးပေးနိုင်သော်လည်း ရာသီဥတုသိပ်ပူသော အချိန်တွင် ရေမချိုးပေးရပါ။ နွေရာသီတွင်    မနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ရေမချိုးပေးသင့်ပါ။

    ·      ရာသီဥတု သိပ်အေးသောအချိန်များတွင်လည်း ရေမပေးချိုးသင့်ပါ။ ဆောင်းရာသီ မနက်ပိုင်းတွင် ရေချိုးပေးလိုပါက မနက်၉နာရီကျော်မှ ပေးချိုးသင့်ပါသည်။ ညနေပိုင်းတွင် ရေပေးချိုးလိုပါက ၅နာရီထက် နောက်မကျစေဘဲ ပေးချိုးသင့်ပါသည်။

    ·      အသက်၄လမှ ၆လအတွင်းတွင် သံချဆေးထိုးဆေးကို ဒုတိယအကြိမ် ထပ်မံထိုးပေးရမည်။ ဒုတိယအကြိမ် သည် ပထမအကြိမ်နှင့် ၂လခွာပီးထိုးပေးရမည်။

    ·      အစာအုပ်စု(၃) စုလုံးလိုအပ်သည့်ပမာဏအတိုင်းနေ့စဥ်ကျွေးမွေးရမည်။

    (၃) အသက် ၆လနှင့်အထက် ဝက်ကြီးများကို ပြုစုမွေးမြူခြင်း

    ·      အသက်(၂)လမှ ၆လအတွင်း သံချဆေးကို (၁) ကြိမ်ဖြစ်စေ၊ (၂) ကြိမ်ဖြစ်စေ ထိုးထားပြီးပါက ၆လကျော် သည့်ဝက်များကို သံချဆေးထိုးလိုပါက နောက်ဆုံးအကြိမ်ထိုးထားသည်မှ (၆)လ တကြိမ်ပြန်ထိုးပါ။ သို့သော် (၁)ကြိမ်မှမထိုးရ သေးပါက ၁ကြိမ်မဖြစ်မနေထိုးပေးပါ။

    ·      ရာသီဥတုသိပ်ပူသောအချိန်၊ရာသီဥတုသိပ်အေးသောအချိန်များတွင်ရေမချိုးပေးပါနှင့်။

    ·      အစာ (၃) အုပ်စု လိုအပ်သောပမာဏအတိုင်းပါအောင် နေ့စဥ်ကျွေးပါ။

    ဝက်ကြီး၊ဝက်လတ်ဆိုင်ရာ အထူးသတိပြုသင့်သည့်အချက်များ

    ·      ရာသီဥတု ပူလွန်း၊အေးလွန်းသော အချိန်တွင်ရေမချိုးပေးသင့်ပါ။

    ( ဆက်ရန် - ဝက်ငယ်၊ဝက်လတ်၊ဝက်ကြီး၊ဇီးဝက်မ၊နို့ပေးဝက်မ၊ဝက်သိုးအတွက် အစာစပ်ပုံ၊ကျွေးပုံကို ဇယားနှင့် ဆက်လက်ဖော်ပြပေးမည်)

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    -----------

    🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59466

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
40
comments
1
views
13000