cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် စိုက်/မွေးအကြံပြုချက်

. Weather News
ဧရာဝတီတိုင်းတခုလုံးတွင် ၇ ရက်အတွင်း အများဆုံးရွာသွန်းနိုင်သည့် မိုးရေချိန် ၀.၃ လက်မ သာရှိပြီး - ငပုတော၊ သာပေါင်း၊ ပုသိမ်၊ ကျောင်းကုန်းမြို့နယ်များတွင် မိုးဖွဲရွာသွန်းနိုင်တာ အများဆုံးဖြစ်နိုင်ပါတယ်။
  • ဧရာဝတီတိုင်း နိုဝင်ဘာ ၂၀ ရက်နေ့မှ နိုဝင်ဘာ ၂၆ ရက်အတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေ 

    ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ·          ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် နိုဝင်ဘာလ ၂၂ မှ ၂၄ ရက်နေ့အတွင်း လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်ရာမှ ပိုမိုအားကောင်းလာပြီး အနည်းဆုံးမုန်တိုင်းငယ် (Deep Depression) ဖြစ်လာနိုင်ပါတယ်။ ECMWF Chart များအရ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၇၀% ရှိနေကြောင်းလည်းတွေ့ရပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ GFS Model ခန့်မှန်းချက်အရ နိုဝင်ဘာ ၂၅ ရက် မှာဖြစ်လာနိုင်တဲ့ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းတောင်ပိုင်းဒေသအချို့မှာ မိုးအနည်းငယ်ရွာနိုင်ပြီး၊ လေပြင်းတနာရီ ၁၅ မိုင်မှ မိုင် ၃၀ ခန့်အထိ တိုက်နိုင်ပြီး မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးပင်လယ်ကမ်းခြေမှာ လှိုင်းအမြင့် ၆ ပေ မှ ၇ ပေခန့် ရှိနိုင်ပါတယ်။ 

    ·          GFS Model ကြိုတင်ခန့်မှန်းချက်အရ တနင်္သာရီတိုင်းတောင်ပိုင်းအစွန် ကော့သောင်းခရိုင်၊ မွန်ပြည်နယ် ကျိုက်ထိုခရိုင်တို့မှာ မိုးအသင့်အတင့်မှ မိုးအနည်းငယ်များနိုင်ပြီး ကျန်ပြည်နယ်တိုင်းအားလုံးမှာ မိုးအနည်းငယ်သာရွာသွန်းနိုင်ကာ၊ ဧရာဝတီတိုင်းအနောက်ဘက် (ငွေဆောင်+ချောင်းသာ ကမ်းခြေများ)နှင့် ရခိုင်ပြည်နယ်တောင်ပိုင်း ကမ်းရိုးတန်းဒေသအချို့မှာ မိုးအနည်းငယ်နှင့် လေတိုက်နှုန်း တနာရီ ၃၀ မိုင်ခန့် တိုက်ခတ်နိုင်ပါတယ်။ 

     နိုဝင်ဘာ ၂၀ ရက် မှ နိုဝင်ဘာ ၂၆ ရက်အထိ၊ ၇ ရက်အတွင်း ဧရာဝတီတိုင်း မိုးရွာသွန်းနိုင်သည့်အခြေအနေ 

    Ventusky App- ICON Model မှ ၇ ရက် မိုးရွာသွန်းနိုင်မည့်အခြေအနေ ကြိုတင်ခန့်မှန်းချက်အရ - 

    ·          ဧရာဝတီတိုင်းတခုလုံးတွင် ၇ ရက်အတွင်း အများဆုံးရွာသွန်းနိုင်သည့် မိုးရေချိန် ၀.၃ လက်မ သာရှိပြီး - ငပုတော၊ သာပေါင်း၊ ပုသိမ်၊ ကျောင်းကုန်းမြို့နယ်များတွင် မိုးဖွဲရွာသွန်းနိုင်တာ အများဆုံးဖြစ်နိုင်ပါတယ်။ 

    ·          မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးမှ ကျေးရွာများမှာ နိုဝင်ဘာ ၂၇ ရက်နေ့တွင် မိုးအနည်းငယ်ပိုနိုင်ပြီး အဲ့ဒီနေ့ နိုဝင်ဘာ ၂၇ ရက်နေ့)မှာ နေ့အပူချိန်များ သိသိသာသာ ကျဆင်းလာနိုင်ပါတယ်။ 

     အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ဧရာဝတီတိုင်းအတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၁°C ရှိနိုင်ပြီး၊ ပင်လယ်ကမ်းရိုးတန်းအနီးက ခရိုင်/ မြို့နယ်/ကျေးရွာတွေမှာ အမြင့်ဆုံးအပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ်။ 

    ·          ကမ်းရိုးတန်းအနီးက မြို့နယ်/ကျေးရွာတွေမှာ အရှေ့တောင်ဘက်အရပ်မှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၂၂ မိုင် ခန့် တိုက်နိုင်ပါတယ်။ 

    ·          ဧရာဝတီတိုင်းအတွင်း နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၆၀% ရှိနေနိုင်ပြီး နံနက်/ညအချိန်တွေမှာ လေထုစိုထိုင်းဆ ၈၀% မှ ၉၀% အထိ ရှိနိုင်ပါတယ်။ 

    လေထုစိုထိုင်းဆများနေချိန်မှာ ခံစားရတဲ့အပူချိန် ၃၄°C အထိရှိနေနိင်ပါတယ်။ 

    ·          ဧရာဝတီတိုင်းအနောက်ဘက် တောင်ခြေဒေသများမှာ လေထုညစ်ညမ်းမှုအခြေအနေ (AQI value) က အများဆုံး 125 အထိရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုအသင့်အတင့် ရှိနေပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးအခံမကောင်းသူများအတွက် အန္တရာယ်ရှိနေပါတယ်။ 

    Air quality index (marked as AQI) is developed by Environmental Protection Agency. Values over 300 represents hazardous air quality, between 200-300 very unhealthy, 150-200 unhealthy, 100-150 unhealthy for sensitive groups and below 100 or rather below 50 the air quality is good. 

    ·          ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ နိုဝင်ဘာ ၁၈ ရက်နေ့တွင် လေတိုက်နှုန်းအမြင့်ဆုံး တနာရီ မိုင် ၂၀ ခန့်နဲ့ လှိုင်းအမြင့် ၄ ပေခန့်ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲစိုက်တောင်သူများထံသို့.... 

    ဖားဥမှို၊ ပွင့်ထွေးပိုးကြိုတင်ကာကွယ်နည်းအကြံပြုချက် 

    • လက်ရှိရာသီဥတုက မနက်ခင်းမြူဆိုင်းအေးမြပြီး နေ့လည်ခင်းပိုင်း အပူချိန်မြင့်တာမျိုးဖြစ်နေမယ်၊ ဘေးစိုက်ခင်းတွေမှာ ဖားဥမှိုရောဂါကျတာမျိုးတွေ့မယ် ၊ ကိုယ့်အခင်းမှာတော့မကျသေးဘူး၊ ထိုအခြေအနေမျိုးတွင် Sulphur ကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ဖျန်းပေးနိုင်ပါတယ်။ 
    • ပဲပင် (၃၀-၃၅ ရက်) ဝန်းကျင် အဖူးစုချိန်တွင် ပွင့်ထွေးကြိုတင်ကာကွယ်လိုပါက Thiodicarb, Indoxacarb အဆင်ပြေရာတစ်မျိုးမျိုးကိုရွေးချယ်ဖျန်းပေးနိုင်ပါတယ်။ 
    • ရွက်ဖျန်းအားဆေးအနေနဲ့ကတော့ အဖူးဝင်ချိန်ကနေစပြီး ပိုတက်ရှ် (K) အဓိကပါဝင်သောရွက်ဖျန်းအားဆေးကို လိုက်ပေးနိုင်ပါတယ်။ 

     ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် 

    ငါးမွေးတောင်သူကြီးများအနေဖြင့် အောက်ပါ အချက်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ- 

    • နေ့ခင်းနေသာပြီး ညခင်းအအေးဓါတ်ဝင်ချိန် ရေအပူချိန်ပြောင်းလဲခြင်းက ငါးများကို စိတ်ဖိစီးမှု ဖြစ်စေ သဖြင့် ဂရုစိုက်ရန်၊ 

    • စိတ်ဖိစီးမှုမှတဆင့် ငါးများရောဂါဝင်နိုင်သဖြင့် ခုခံအားစနစ်ကို ကောင်းစေသည့် ပဋိဇီဝဆေးများ၊ ဗိုက်တာမင်စီတို့ကို အစာထဲရောကျွေးရန်၊ 

    • ညဘက် ၁၂ နောက်ပိုင်းတွင် အောက်ဆီဂျင်ပြတ်လက်နိုင်သဖြင့် အောက်ဆီဂျင်ရရှိရေးအတွက် ရေလှည့် ပေးရန်၊

    • ငါးရောဂါများ ကျဆင်းလာတော့မည့်ကာလဖြစ်၍ ကန်အတွင်းရှိ ငါးများ၏ သွားလာလှုပ်ရှားမှုကို အမြဲ ဂရုပြုစစ်ဆေးရန်၊ 

    • ဘက်တီးရီးကြောင့်ဖြစ်တဲ့ ရောဂါများကျရောက်ပါက အောက်ဆီတက်ထွာဆိုက်ကလင်း (Oxytetracycline)၊ အီရီသရိုမိုင်ဆင် (Erythromycin)၊ ဆာဖာမီသိုဇာဇိုး (Sulfamethoxazole) ဆေးများကို အစာ ၁ ကီလိုဂရမ်တွင် ၃ ဂရမ်မှ ၅ ဂရမ်အထိ ထည့်ပေးရန်၊ 

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
  • article
  • article
likes
6
comments
0
views
2029