ရှမ်းကုန်စိမ်းတချို့ စျေးတက်နေ
စျေးကွက်အတွင်းသို့ အဝင်နည်းနေသောကြောင့် ကုန်စိမ်းတစ်ချို့ စျေးတက်နေကြောင်း ကုန်စိမ်း အရောင်းအဝယ် လုပ်သူများထံ မှ သိရပါသည်။
မိုးအကုန် ဆောင်းရာသီအကူး ပွင့်လင်းရာသီ ရောက်လာပြီးဖြစ်၍ ခရီးသွားများသည့်ကာလ ဖြစ်သောကြောင့် ဟိုတယ်လုပ်ငန်းများ နှင့် စားသောက်ဆိုင်များမှာလည်း အဆိုပါ ကုန်စိမ်းများအား အသုံးပြုမှုများလာကြောင်း လည်း သိရပါသည်။
လက်ရှိ မုန်ညင်း၊ ငရုတ်ပွ၊ ဘိုစားပဲ နှင့် မုန်လာဉနီ အစရှိ ရှမ်းကုန်စိမ်းများမှာ ယခင်လထက် နှစ်ဆနီးပါးမြင့် တက်နေကြောင်း သိရပြီး အဆိုပါ ရှမ်းကုန်များမှာ နှစ်စဉ်ဆောင်းရာသီ ကာလတွင် စျေးတက်လေ့ရှိကြောင်း လည်းသိရပါသည်။
"မုန်ညင်းက ၄၀၀၀ စျေး ဖြစ်လာပါပြီး စျေးကွက်ကို အဝင်နည်းလို့ စျေးတက်လာတာပါ။ အခု အတက်စျေး ရောက်နေတာက ငရုတ်ပွ ၊ ဥနီတို့ တက်နေတယ်။ မုန်ညင်းကတော့ ဒီလထဲမှာ အမြင့်ဆုံးထိ ထပ်တက်နိုင်တယ် ''ဟု ရှမ်းပြည်နယ် အောင်ပန်းမြို့ မှ ကုန်စိမ်းရောင်းဝယ်သူ တစ်ဦးက ပြောသည်။
လက်ရှိ ရှမ်းပြည်နယ်တွင် မုန်ညင်းတစ်ပိဿာလျှင် ယခင်က ၁၉၀၀ ကျပ် မှ ယခု ၄၅၀၀ကျပ်သို့ လည်းကောင်း၊ ငရုတ်ပွ တစ်ပိဿာလျှင် ယခင်က ၆၅၀၀ ကျပ် မှ ယခု ၁၁၀၀၀ ကျပ် သို့လည်ကောင်း၊ ဘိုစား တစ်ပိဿာလျှင် ယခင်က ၃၅၀၀ ကျပ် မှ ယခု လျှင် ၆၅၀၀ကျပ်သို့ လည်ကောင်း အသီးသီး မြင့်တက်လာကြောင်း သိရပါသည်။
“ ဘိုစား ၊ ငရုတ်ပွ၊ မုန်ညင်း တွေက ဟိုတယ်တွေနဲ့ စားသောက်ဆိုင်ကြီးတွေမှာ အသုံးများတာ ၊ ယခင်ကမိုးရာသီဆိုတော့ ခရီးသွားဝင်ရောက်တာ နည်းတော့ စျေးမရဘူး ။ အခု ခရီးသွားရာသီလည်း ဖြစ်တယ် ကုန် အဝင်လည်း နည်းတယ်။ တချို့ ဟိုတယ်တွေက စိုက်ခင်းကနေတိုက်ရိုက် ဝယ်တာတွေလဲ ရှိတော့ စျေးကွက် ကို အဝင်နည်းသွားတာလည်း ပြောလို့ရတယ်။ အခုက အသုံး များလာလို့ စျေးတက်တာပါ''ဟု ရှမ်းကုန်စိမ်း ဝယ်ရောင်း လုပ်ကိုင်းသူ တစ်ဉီးကပြောသည်။
သို့သော် လက်ရှိ ရှမ်းပြည်နယ်စျေးကွက် ဂေါ်ဖီ၊ ပန်းပွင့်၊ ခရမ်းချဉ် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂေါ်ရခါး ၊ ပြောင်းဆံ ၊ ဖရုံသီးစသည့် သီးနှံများ စျေးကျနေကြောင်း သိရပါသည်။ ယခင်နှစ်များထက် သယ်ယူပို့ဆောင်းရေး ခက်ခဲတဲ့နယ်ဘက်မှ အဝယ်နည်းလာကြောင်းလည်း ကုန်သည်တချို့ ထံမှလည်း သိရပါသည်။
ပြီးခဲ့သည့်လများက မိုးအဆက်မပျက် ရွာသွန်းနေခြင်းကြောင့် စျေးကွက်တွင် ရှမ်းကုန်များအဝင်များကာ ဝယ်လက်များ အသွားအလာ နည်းပြီး အရောင်းအဝယ် ပါးခဲ့ကြောင်းလည်း သိရပါသည်။
Source: ဖိုးချဲ(AMIA) မှ ပေးပို့ပါသည်။
--------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


NewsFeed
Communities
Explore
Inbox
Me
Market Price