ရာဇဝင်မသိသော မည်သည့် အသား(ဝက်သား) ကိုမှဝယ်မစားပါနှင့်။
ဇီဝလုံခြုံရေးဆိုင်ရာလိုက်နာရမည့်စတုတ္ထအချက် ဖြစ်သည်။
“ဒီနေရာမှာထင်သာမြင်သာအောင် ဝက်နဲ့ဘဲနမူနာ ပြောပါ့မယ်။ ကျန်တဲ့ အသားတွေလည်း အလားတူပါဘဲ။”
-ဝက်တစ်ကောင်မှာ ကူးစက်ရောဂါတမျိုးမျိုး ဖြစ်နေပီဆိုရင် ရောဂါဖြစ်လို့ မသေခင်ပေါ်ရောင်းလို့ဖြစ်စေ၊ သေသွားလို့ပေါ်ရောင်းတာဘဲဖြစ်စေ၊ အဲဒီအသား/အဆီ/သွေးထဲမှာ ရောဂါပိုးတွေအများကြီး ရှိနေတတ်ပါတယ်။ အဲဒါကိုဝယ်မိလို့ ခုတ်ထစ်မယ်ဆိုရင်(များသောအားဖြင့် ရေကပြင်က စဥ့်နီတုံးမှာ ခုတ်လေ့ရှိပါတယ်။ အဲဒီနေရာနဲ့ အနီးမှာဘဲ အစာပုံးတွေ၊ ရေပုံးတွေထားတတ်ပါတယ်)။ ခုတ်လို့စင်သွားတဲ့အစအနတွေဟာ ဝက်စာ ကျွေးတဲ့ပုံးထဲရောက်ပြီး အစာကျွေးတဲ့အခါမှာ ရောဂါပိုးတွေပါသွားပြီး စားမိတဲ့ဝက်တွေကို ရောဂါကူးစက်စေပါတယ်။
-နောက်တခုက ခုနဝက်ကိုခုတ်ထစ်တဲ့လူရဲ့ ခြေ၊လက်၊ဖိနပ်တွေမှာ ရောဂါပိုးတွေ ကပ်ညှိနေမှာပါ။ အဲဒီလူက သေချာ ခြေလက်မဆေးဘဲ ဝက်စာကျွေးဖို့ အစာကိုဖျော်တဲ့အခါမှာ ရောဂါပိုးတွေက အစာထဲရောက်ပြီး ဝက်က စားမိရင် မိမိအိမ်က ဝက်တွေ ရောဂါကူးစက်တော့မှာပါ။
-ခြံထဲဝင်သွားတဲ့အခါမှာလည်း ဖိနပ်အောက်မှာ ကပ်ညှိနေတဲ့ရောဂါပိုးတွေ ခြံထဲရောက်သွားပြီး အဲဒီကတဆင့် အိမ် ကဝက်တွေကို ရောဂါကူးစက်တော့မှာပါ။
-များသောအားဖြင့် ဝက်သားကိုင်တာ/ခုတ်တာ၊ ဝက်စာကျွေးတာတွေ လုပ်လေ့ရှိတာက အမျိုးသမီးတွေဘဲ ဖြစ်တဲ့အတွက် ရောဂါဖြစ်တဲ့ဝက်သားကြောင့် ကိုယ့်အိမ်မှာရှိတဲ့ ဝက်တွေကို ကူးစက်နိုင်ခြေရှိတယ်ဆိုတာ မမေ့ပါနဲ့။
#ပြသနာက ဘယ်သူမဆို ရောဂါဖြစ်လို့ပေါ်တဲ့ ဝက်သားကိုရောင်းရင် အမှန်တိုင်းပြောပြီး မရောင်းပါဘူး။ “မကောင်းလည်း ကောင်းတယ်လို့ပြောမှာ။ မယုံရင် ကြည့်ပါလား၊ အသားက ကောင်းနေတာဘဲလို့ ပြောကြပါလိမ့်မယ်။”
**ရောဂါဖြစ်တဲ့ဝက်သားကို အမြင်နဲ့ကြည့်ပီး ရောဂါပိုးပါမပါ ဘယ်လိုနည်းနဲ့မှ သိနိုင်မှာ မဟုတ်ပါဘူး။ အဲလိုမျိုးဝက်သားကိုဝယ်စားမိပြီဆိုရင် အပေါ်ကပြောပြ သလိုပါဘဲ။ ကိုယ့်အိမ်က ဝက်တွေကို ရောဂါကူးစက်နိုင်ပါတယ်။**
-ဒါကြောင့်ရာဇဝင်မသိတဲ့ ဘယ်ဝက်သားကိုမှ ဝယ်မစားပါနဲ့လို့ပြောရခြင်းဖြစ်ပါတယ်။
-“ရာဇဝင်သိအောင်ဘယ်လိုလုပ်မှာလဲ? အတော်ခက်တဲ့အလုပ်ပါ။” အကောင်းဆုံးကတော့ ကိုယ်ရွာ/ရပ်ကွက်ထဲ ဝက်ပေါ်လို့ လာရောင်းတယ်ဆိုရင်တောင် ဘာကြောင့်ပေါ်တာလဲ၊ ရောဂါဖြစ်လို့ပေါ်တာလား သေချာစုံစမ်းပါ။ ရောဂါတကယ်မဖြစ်တာ သေချာရင်တော့ ဝယ်စားနိုင်ပါတယ်။
-ရာဇဝင်မသိတဲ့ ဝက်သား(အသား)တွေကို ဝယ်မစားခြင်းအားဖြင့် ကိုယ့်ခြံထဲ ရောဂါ ပိုးမဝင်အောင် တားဆီးနိုင်တာကြောင့် ဇီဝလုံခြုံရေးနှင့်ဆိုင်တဲ့ အချက်ဖြစ်ပါတယ်။
အားလုံးလိုက်နာဆောင်ရွက်ဖို့ လိုပါအပ်ပါတယ်ခင်ဗျာ...
----------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


NewsFeed
Communities
Explore
Inbox
Me
Market Price