cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သိချင်နေတဲ့ ယင်မဲစစ်သည်အကြောင်း လာပြီဗျို့ ...

. Fish Articles
ယင်မဲစစ်သည်သားလောင်းမှာ ပရိုတင်းဓာတ် ၃၀%- ၅၃% ထိပါဝင်လို့ တိရိစ္ဆာန် အစာအပြင် လူအစာအဖြစ် အသုံးပြုရပါတယ်။ စွန့်ပစ်ပစ္စည်းတွေကို လျင်လျင်မြန်မြန်ပဲ ဆွေးမြေ့စေတဲ့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးမှာ အကျိုးရှိစေတဲ့အပြင် သားလောင်းလေးတွေရဲ့ မစင်ကနေ စိုက်ပျိုးရေးအတွက် မြေဩဇာ အဖြစ် အသုံးပြုနိုင်ပါတယ်။
  • (၁) ယင်မဲစစ်သည် ဆိုတာ အိမ်မှာတွေ့နေကျယင်ကောင်ပဲလား။ 

    ယင်မဲစစ်သည် ယင်ကောင်တွေလိုပဲ အင်းဆက် အုပ်စုဝင်ဖြစ်ပေမဲ့ သူတို့ရဲ့ ရှင်သန် ပေါက်ရောက်ပုံက ကွဲပြား ပါတယ်။ ဥပမာ- သားလောင်းအရွယ်မှာသာ အစာစားကြပြီး အရွယ်ရောက်တဲ့ ယင်မဲ စစ်သည် (BSF) တစ်ကောင်ဟာ ယင်ကောင်တွေလို အစာ‌ဟောင်းတွေ စွန့်ပစ်ပစ္စည်း တွေကို မစားသုံးတော့ပဲ မျိုးပွားရန်အတွက် ရေ အနည်းငယ်သာ သောက်သုံးလေ့ရှိပါတယ်။ 

    (၂) ယင်မဲကို ဘာအတွက် အကျိုးရှိလို့ မွေးသင့်တာလဲ။ 

    ယင်မဲစစ်သည်သားလောင်းမှာ ပရိုတင်းဓာတ် ၃၀%- ၅၃% ထိပါဝင်လို့ တိရိစ္ဆာန် အစာအပြင် လူ အစာ အဖြစ် အသုံးပြုရပါတယ်။ ဒါအပြင် ယင်မဲ စစ်သည်သားလောင်းတွေ ဟာ စွန့်ပစ်ပစ္စည်းတွေကို လျင်လျင်မြန်မြန်ပဲ ဆွေးမြေ့စေတဲ့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးမှာ အကျိုးရှိစေတဲ့အပြင် သားလောင်းလေးတွေရဲ့ မစင်ကနေ စိုက်ပျိုးရေးအတွက် မြေဩဇာ အဖြစ် အသုံးပြုနိုင်ပါတယ်။ 

    (၃) ယင်မဲစစ်သည်မွေးဖို့ ဘာအစာတွေကျွေးရမလဲ။ 

    ပလစ်စတစ်ကလွဲရင် မီးဖိုချောင်၊ စားသောက်ဆိုင်၊ စိုက်ပျိုးရေး အကြွင်းအကျန်နဲ့ တိရိစ္ဆာန် အညစ်အကြေး အားလုံးဟာ ယင်မဲစစ်သည် အစာပါပဲ။  

    (၄) ယင်မဲစစ်သည်သားလောင်းကို တိရိစ္ဆာန်စာအနေနဲ့ ဘယ်လိုကျွေးရမလဲ။ 

    ယင်မဲစစ်သည်သားလောင်းကို တိရိစ္ဆာန်စာ အနေနဲ့ သုံးရင် သားလောင်း အရှင် အတိုင်းကျွေးလို့ရတဲ့ အပြင် အခြောက်ခံ အမှုန့်လုပ်၍ သော်လည်းကောင်း ၊ ဖွဲနု၊ အရွက်စိမ်းတွေနဲ့ ရောနှောပြီး ကျွေးနိုင်ပါတယ်။  

    (၅) ယင်မဲစစ်သည်ကောင်က ပတ်ဝန်းကျင်ထဲ လွှတ်သွားရင် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးပေးနိုင်လား။ 

    သဘာဝထဲမှာလည်း ယင်မဲစစ်သည်ကောင်တွေရှိပြီးသားပါ။ ယင်မဲစစ်သည်ကောင်ရဲ့သက်တမ်းက  အရွယ်‌ရောက်ကောင်က ၇ ရက်ပဲ ရှင်သန်ပါတယ်။ အရွယ်ရောက်ကောင်အဆင့်မှာ ‌ရေကိုသာ အာဟာရ မှီဝဲတဲ့ အပြင် မျိုးပွားဖို့တာဝန် ထမ်းဆောင်ပြီးတာနဲ့ သက်တမ်းကုန်ရတာမို့ ပတ်ဝန်းကျင်ကို ဘေးဥပဒ် မဖြစ်စေနိုင်ပါလို့ သုတေသီများက ဖော်ပြထားပါတယ်။ 

    (၆) ယင်မဲစစ်သည်သားလောင်းကို တိရိစ္တာန် အစာအတွက် ကျွေးရင် ဘာတွေ သတိထားရမလဲ? 

    သားလောင်း အကောင်လိုက်ပဲ ကျွေးကျွေး ၊ သားလောင်းအခြောက်ကို အမှုန့်လုပ်ပြီး တခြားအစားနဲ့ ရောပြီးကျွေးကျွေး၊ မကျွေးခင် သားလောင်းအခြောက်မှုန့်မလုပ်ခင် သားလောင်းလေးတွေကို အနည်းဆုံး ၃ နာရီလောက် သန့်ပြီး အစာဖြတ်ပေးထားရပါမယ်။  

    ------------- 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
  • article
  • article
  • article
likes
1
comments
0
views
8922