ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့ ရှောက်ယိုထိုးနည်း
. Value Added Products
ရှောက်ယိုထိုးနည်းလေး မျှဝေပေးလိုက်ပါမယ်နော်..
ပါဝင်ပစ္စည်းများမှာ -
- ရှောက်သီး.... ၂လုံး
- ဆား....အနည်းငယ်
- ထန်းလျက်....၂၅ကျပ်သားခန့်
- နွယ်ချိုမှုန့်..... ၁ဇွန်း(မထည့်လည်းရ)
- ရေ....အနည်းငယ်
ပြုလုပ်နည်း
- ရှောက်သီးကို ဆားနဲ့ပွတ်ပြီ ၂နာရီခန့်ထားထားပါ။
- ပြီရင်ရေဆေး ၄ခြမ်းပိုင်းပြီ အစေ့ထုတ်ထားပါ။
- ပါးပါးလှီးထားပါ။
- ဆားအနည်းငယ်ထည့်ပြီ ၅မိနစ်ခန့်ပြုတ်ထားပါ။
- ပြီရင်ဆယ်ထားပါ။
- အိုးထဲ ထန်းလျက်အရင်ကျိုပါ။
- ဆူလာရင် ရေစစ်နဲ့စစ်ပြီ ပြန်ကျိုပါ။
- ရှောက်သီးထည့်ကျို ဆားထည့်ပါ။
- ညောင်စေးတဲ့အထိကျိုပေးပါ။
- အရသာက နည်းနည်းခါးပါတယ်။
- အအေးခံပြီရင် လေလုံဗူးထဲထည့်ပါ။
- ရေခဲသေတ္တာ ထဲ သိမ်းထားပါ။
- ၅ရက်လောက်ကြာပါက မခါးတော့ပါ။
မူရင်းရေးသားသူအား လေးစားလျက် ကူးယူဖော်ပြပေးလိုက်ပါသည်။
--------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။

6
0
8345

NewsFeed
Communities
Explore
Inbox
Me
Market Price