"ကြက်၊ ဝက်ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံထူးကြသူများ (၅)"
တောင်သူဦးကြီးများအတွက် ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဖတ်ရှုသောဆောင်းပါးတိုင်းမှတ်မိစေရန်၊ ဆောင်းပါးများဖတ်ရှုရာတွင် အင်တာနက်ကုန်ကျစရိတ် ကာမိစေရန်အတွက် ထွက်တိုးမှ တောင်သူဦးကြီးတို့အတွက် "ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ" အစီအစဥ်ကို ပြုလုပ်လိုက်ရပါသည်။
အစီအစဥ် - အင်္ဂါနေ့တိုင်း 🐓 ကြက်မွေးမြူရေးဆောင်းပါးများ
- ကြာသပတေးနေ့တိုင်း 🐖 ဝက်မွေးမြူရေးနည်းလမ်းကောင်းများ
ထွက်တိုးဖုန်းဆော့ဝဲနှင့် ထွက်တိုး ဖေ့ဘုတ်ပေါ်တွင် ဆောင်းပါးအသစ် နှင့် ဉာဏ်စမ်းမေးခွန်းတင်ပေးမည်ဖြစ်ပါသည်။
ကံထူးရှင်များကို ထွက်တိုးမှ
1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်
2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်
3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။
ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။
ကြက်ဉာဏ်စမ်း အဖြေမှန်မှာ (ခ) ၂ စတုရန်းပေ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
ကြက်ခြံ ဆောက်လုပ်သည်ဆိုသော်လည်း ကြက်များကို အမြဲခြံထဲတွင် လှောင်ထားခြင်းမဟုတ်ဘဲ ညအိပ်ချိန်တွင်သာ ပြန်လည်လှောင်ထားပြီး မနက်တွင် ပြန်လွတ်ထားသည့်ပုံစံ ဖြစ်ပါသည်။ ကြက်တကောင်အတွက် (၂) စတုရန်းပေ လိုပါသည်။ ထို့ကြောင့် မိမိစတင်မွေးမည့်အကောင်ရေ၊ ထပ်မံတိုး ပွားလာမည့်အကောင်ရေပေါ်မူတည်ပြီး ကြိုတင်တွက်ချက်ပြီး ဆောက်လုပ်ရမည်။ အလျား ၂၁ ပေ၊ အနံ ၁၄ ပေ ဆိုပါက ကြက်ငယ်/လတ်/ကြီး အကောင် ၁၀၀ အတွက် လုံလောက်ပါသည်။
ဝက်ဉာဏ်စမ်း အဖြေမှန်မှာ (၁) မှန် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
ဝက်ငယ်များ အသက် ၁လခွဲ (၆ပတ်) ရှိပါက ဝက်ဝမ်းကျကာကွယ်ဆေးကို မဖြစ်မနေထိုးပေးရမည်။ နောက်ထပ်၂ပတ်(ဝက်အသက်၈ပတ်)တွင် ဝက်နားရွက်ပြာ ကာကွယ် ဆေးကို ထိုးပေးရမည်။ နှစ်မျိုးလုံးကို နောက်ထပ်(၆) လကြာတိုင်း တကြိမ်စီ ထပ်မံ ထိုးပေးရမည်။ ဝက်အသက်(၂)လပြည့်ပါက သံချဆေးထိုးကို (၁)ကြိမ်မဖြစ်မနေ ထိုးပေးပါ။
ဖြေဆိုရာတွင် အခက်အခဲများ တစုံတရာ ရှိပါက တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန် ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။
ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့။





NewsFeed
Communities
Explore
Inbox
Me
Market Price