တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်
မတ်ပဲ
မတ်ပဲကတော့ ယခုတစ်ပတ်မှာ စျေးကွက်အတက်အကျ အပြောင်းအလဲ ကြီးကြီးမားမား မရှိတာတွေ့ရပါတယ်။
မတ်ပဲ စိုက်တဲ့ကာလ ရောက်နေတဲ့အပြင် အိန္ဒိယကလည်း မတ်ပဲ ဝယ်လိုအား နည်းတဲ့အတွက် စျေးကွက်လည်း အရောင်းအဝယ်အေးနေပါတယ်။ မတ်ပဲ FAQ ရဲ့ FOB စျေးကတော့ အရင်အပတ်ကထက် ၅ ဒေါ်လာ ထပ်ကျသွားပြီး အမေရိကန် ဒေါ်လာ ၆၈၀ မှ ၆၉၀ အတွင်းသာ ရှိပါတယ် ။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၆၀၈၀၀၀ကျပ် ၊ အင်္ဂါ နေ့က ၂၆၀၇၀၀၀ ကျပ် ၊ ဗုဒ္ဓဟူးနေ့ကတော့ ၂၆၂၀၀၀၀ ကျပ်၊ကြာသပတေးနေ့မှာ၂၆၁၆၀၀၀ ကျပ်ရှိပြီး သောကြာနေ့ မှာ တော့ ၂၆၃၂၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်အပတ်နဲ့ယှဉ်ရင်တော့ မတ်ပဲက ပါးပါးလေး အတက်ရှိပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံနီကတော့ ယခုတစ်ပတ်မှာ တစ်တန်ကို ၁၀၀၀၀ ကျပ်လောက် အကျပြပါတယ်။ ပဲစင်းငုံက လက်ကျန်မရှိသလောက်နည်းနေပေမယ့် ပြည်ပအဝယ်အေးတာကြောင့် စျေးလည်းအကျဖက် မှာပဲရှိနေတာဖြစ်ပါတယ်။ FOB စျေးနှုန်းကတော့ အတက်အကျ မရှိဘဲ အမေရိကန်ဒေါ်လာ ၆၇၀ မှ ၆၈၀ အတွင်းမှာပဲ ငြိမ်နေဆဲ ဖြစ် ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တင်္နလာနေ့က ၂၅၉၀၀၀၀ ကျပ် ၊ အင်္ဂါနေ့က ၂၅၈၅၀၀၀ ကျပ် ၊ ဗုဒ္ဓဟူးနေ့ကတော့ ၂၆၁၅၀၀၀ ကျပ် ရှိပြီး ၊ ကြာသပတေး နဲ့သောကြာ နေ့ မှာ တော့ ၂၆၀၇၀၀၀ စျေးရှိပါတယ်။
အရင်အပတ် က တနင်္လာကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၆၀၂၀၀၀ မှ ၂၆၁၅၀၀၀ ကျပ်ရှိခဲ့ပြီး အနည်းငယ် ဈေးကျဆင်းပါတယ်။
ပဲတီစိမ်း
မန္တလေးစျေးကွက်မှာ ပဲတီစိမ်းက စျေးဆက်တိုက်ကျလာပါတယ်။ ယခုတစ်ပတ်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၅၀၀၀ ကျပ်နှုန်း ကျလာတာဖြစ်ပါတယ်။ မိုးပဲတီစိမ်းအသစ်တွေ စျေးကွက်ထဲ ဝင်ရောက်မှုရှိနေပြီး ပြည်ပအဝယ်အေးသွားတဲ့အတွက် စျေးပြန်ကျတာဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ ပဲတီစိမ်း သုံးတင်း တစ်အိတ် က ၅၆.၂၅ ပိဿာကို ၃၂၀၀၀၀ မှ ၃၄၀၀၀၀ ကျပ် ရှိပါတယ် ။အရင်အပတ် က ၃၂၅၀၀၀ မှ ၃၄၅၀၀၀ ကျပ်ရှိခဲ့ပြီး ၅၀၀၀ လောက် ဈေးကျဆင်းပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါတို့ က တစ်ပိဿာကို ၆၇၅၀ ကျပ်ရှိပြီး ပဲတီစိမ်း အညာက ၅၃၃၀ ကျပ်မှ ၅၃၅၀ ကျပ် နဲ့ ပဲတီစိမ်း ဝါးခယ်မက ၆၀၈၀ မှ ၆၁၀၀ ကျပ် ရှိပါတယ်။
( ၁၇. ၁၁.၂၀၂၅ မှ ၂၁.၁၁. ၂၀၂၅ ရက်အတွင်း သုံးသပ်ချက်)
AMIA မှ ပေးပို့ပါသည်။
✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


NewsFeed
Communities
Explore
Inbox
Me
Market Price