cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သီးနှံဈေးကွက်ကိုပါ ထိခိုက်နိုင်သည့် စတော်ဘယ်ရီမှိုနက်သီးပုပ်ရောဂါ

. Diseases
စတော်ဘယ်ရီသီးတွင် ဖြစ်ပေါ်သော (Gray Mold)မီးခိုးရောင်မှိုရောဂါသည် စတော်ဘယ်ရီစိုက်ပျိုး‌သော နေရာတော်တော်များများတွင် ဆိုးရွားစွာဖြစ်ပေါ်သော မှိုရောဂါတစ်မျိုးဖြစ်ပါသည်။
  • စိုက်ခင်းထဲတွင်သာမက စတင်ရင့်မှည့်ချိန်တွင် ဆိုးရွားစွာ ပုပ်တတ်သည့်အတွက် သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် သီးနှံ၏ ဈေးကွက်အထိပါ ထိခိုက်နိုင်ပါသည်။ အရွက်၊ ပန်းပွင့်များ၊ ပင်စည်များနှင့် အသီးများကို အဓိကတိုက်ခိုက်ပါသည်။ ထိုမှိုရောဂါသည် ပန်းပွင့်ချိန်နှင့် ရိတ်သိမ်းချိန်များတွင် အပူချိန်နည်းပြီး မိုးများသောအချိန်နှင့် တိမ်ထူသော အချိန်များဖြစ်ပါက ကျရောက်မှု ပိုမိုများပြားပါသည်။ 

    သီးပုပ်ရောဂါ ကျပါက ရင့်မှည့်နေသော အသီးများကို ပျော့ပုပ်၍ ပွင့်ရင်းညှာကို မီးခိုးရောင် မှိုမျှင်များ ဖုံးအုပ်ထားသလို ပုံစံများဖြစ်နေတတ်ပါသည်။ နောက်ပိုင်းတွင် ပွင့်ရင်းညှာများသည် အညိုရောင်ပြောင်းပြီး ကြွေကျသွားပါမည်။ အသီးများ၏ ပုံစံသည် အောက်ပိုင်းချွန်ထက်ခြင်းမရှိတော့ဘဲ ပုံစံပျက်စီးသွားပါမည်။ အသီး၏မျက်နှာပြင်ပေါ်တွင် အညိုရောင်မှ မီးခိုးရောင် စက်ဝိုင်းပုံအကွက်များကို စတင်တွေ့ရပြီး နောက်ပိုင်းတွင် မီးခိုးရောင်မှိုမျှင် အစုအဝေးများသည် တွေ့ရသည်။ ထိုအကွက်များသည် အသီး၏မျက်နှာပြင်ပေါ်တွင် ကြီးမားလာပြီး နောက်ပိုင်းတွင် အသီးတစ်ခုလုံးကို ပျံ့နှံ့သွားပါသည်။ ရင့်မှည့်နေသော အသီးများကို တစ်ခါတစ်ရံ ရေခဲသေတ္တာထဲတွင် ကြာရှည်စွာထားပါကလည်း အသီး၏ မျက်နှာပြင်ပေါ်တွင် မီးခိုးရောင် မှိုမျှင်များကို တွေ့ရတတ်ပါသည်။ 

    ကြိုက်နှစ်သက်သောအခြေအနေများ 

    မီးခိုးရောင်မှိုရောဂါဖြစ်စေသော မှိုမျှင်သည် စိုစွတ်၍ နွေးသောရာသီဉတုနှင့် အပူချိန် 18 ဒီဂရီ နှင့် 24 ဒီဂရီစင်တီဂရိတ်တွင် ကျရောက်နိုင်သည်။ ရောဂါဖြစ်စေသည့် မှိုမျှင်များသည် အစိမ်းရောင် တစ်သျှူးများတွင် နေနိုင်သကဲ့သို့ ရောဂါလက္ခဏာမပြဘဲ ငုပ်လျှိုး၍လည်း နေနိုင်ပါသည်။ 

    ကာကွယ်နှိမ်နင်းနည်းများ 

    - စိုက်ခင်းကို သန့်ရှင်းအောင်ထားခြင်း၊ သန့်ရှင်းသော စိုက်ပျိုးကိရိယာများကို သုံးစွဲခြင်းဖြင့် ရောဂါကျရောက်မှုများကို လျော့ချနိုင်ပါသည်။ 

    - ကြွေကျနေသော ပန်းပွင့်များပွင့်ဖတ်များကို တွေ့သည်နှင့် ချက်ချင်း ကောက်ယူ ဖယ်ရှားသင့်သည်။ 

    - မှိုမျှင်များသည် လေ၊ရေတို့မှ တစ်ဆင့်အလွယ်တကူ ပျံ့နှံ့လွယ်သောကြောင့် ရေအလွန်အကျွံလောင်းခြင်းကို ရှောင်ရှားရပါမည်။ 

    - အသီးများကို မြေကြီးနှင့် တိုက်ရိုက်ထိတွေ့မှု မရှိစေရန် အပင်အခြေကို ပလတ်စတစ်စသော အရာများနှင့် ဖုံးအုပ်ထားသင့်ပါသည်။ 

    - နေရောင်ခြည်ကောင်းစွာ ရရှိသော နေရာတွင် စိုက်ပျိူးသင့်ပါသည်။ 

    - အထူးသဖြင့် ရာသီဉတုအေး၍ စိုထိုင်းဆမြင့်သော အချိန်များတွင် ရောဂါမဖြစ်ပွားမှီ ကြိုတင်ကာကွယ်မှု အနေဖြင့် မှိုသတ်ဆေးများကို သုံးစွဲနိုင်ပါသည်။ 

    - ဆေးအနေနဲ့ကတော့ ကပ်တန် (Captan)၊ ကလိုရိုသာလိုနေးလ်(Chlorothalonil)၊ ကော့ပါး ပါသော မှိုသတ်ဆေးများ (Copper Fungicides)၊ သီအိုဖီနိတ် မီသိုင်းလ် (Thiophanate Methyl)၊ အဇိုဆီစတိုဗင်(Azoxystrobin) စသော ဆေးအဆိပ်ပါသော မှိုသတ်ဆေးများကို ဆေးထုပ်ပါ အညွန်းအတိုင်း အသုံးပြုနိုင်ပါသည်။ 

    Source- Htwettoe 

    References 

    1. https://hgic.clemson.edu/factsheet/gray-mold-botrytis-blight-2/ 2. https://content.ces.ncsu.edu/botrytis-cinerea-botrytis-fruit-rot-and-blight-on-strawberry 

    2. https://plantvillage.psu.edu/topics/strawberry/infos/diseases_and_pests_description_uses_propagation 

    3. https://en.wikipedia.org/wiki/Botrytis_cinerea 

    ----------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
2
comments
0
views
1623