cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တနှစ်အတွင်း ကြက်ကောင်ရေများများရအောင် လုပ်ဆောင်နည်းများ (၂)

. Poultry
ကြက်မကို (၁) လအထိသာ သားထိန်းခိုင်းပီး ၁ လကျော်ပါက သားခွဲပေးခြင်းအားဖြင့် ထိုကြက်မသည် ဥ စောစောပြန်အုမည်ဖြစ်သည်။
  • #ကြက်ကလေးများကိုစောစောသားခွဲပေးခြင်း

    ·      သာမန်အားဖြင့် ကြက်မတကောင်သည် ကြက်ကလေးများကို ၂လခန့်သားထိန်းပီးမှ ပြန်လည်ဥအုလေ့ရှိ သည်။ သားထိန်းရက်ကြာလေ နောက်တကြိမ်ပြန် အုခြင်းနောက်ကျ မည်ဖြစ်သည်။

    ·      ထို့ကြောင့် ကြက်မကို (၁) လအထိသာ သားထိန်းခိုင်းပီး ၁ လကျော်ပါက သားခွဲပေးခြင်းအားဖြင့် ထိုကြက် မသည် ဥ စောစောပြန်အုမည်ဖြစ်သည်။

    ·      ကြက်မကို ကြက်ကလေးများ၏အသံမကြားနိုင်သည့်ဝေးသော နေရာတွင် တွင်လှောင်ထားပီး အစာနှင့်ရေ ပေးထား ပါက တပတ်ခန့်အကြာတွင်ပြန်လည် ဥအုမည်ဖြစ်သည်။

    ·      ကြက်ကလေးများမှာ အသက်(၁)လရှိပီဖြစ်သဖြင့် အမွေးအတောင်အတော်စုံပီဖြစ်ခြင်း၊မိမိလက်ရှိနေ နေ သောနေရာ ဖြစ်သဖြင့် အစာကိုအလွယ်တကူ ရှာစားနိုင်ခြင်း တို့ကြောင့် ဆက်လက်ရှင်သန်ကြီးထွားမည်  ဖြစ်သည်။

    ·      သတိပြုရန်မှာ ကြက်ကလေးများကို လက်ရှိနေရာမှ အဝေးသို့သွားမထားရပါ။

    #သားတင်နှုန်းမကောင်းသည့်အချိန်ကို ရှောင်ပီးသားဖောက်ခြင်း

    ·      မြန်မာနိုင်ငံတွင်ရာသီဥတု ၃ မျိုးရှိသည့်အနက် ကြက်သားပေါက်ကလေးများ သေဆုံးမှုအများဆုံးရာသီ သည် မိုးရာသီဖြစ်ပါသည်။

    ·      မိုးရာသီတွင်မိုးရေစိုသောကြောင့် ပေါက်ခါစကြက်များအအေးမိခြင်း၊ ကြက်မကြီးမှဝပ်ပေးသော် လည်း မြေကြီးအောက်မှ အစိုဓါတ်ရှိနေသောကြောင့် အအေးမိသဖြင့် မိုးရာသီတွင် ကြက်ကလေးများ သေဆုံးမှု များပါသည်။

    ·       ထို့ကြောင့် မိုးရာသီရောက်ချိန်တွင် ကြက်များကိုသားမဖောက်တော့ဘဲ ဥများကို ရောင်းစားခြင်းက ပိုမို အကျိုးရှိပါသည်။

    ·      သို့သော် မိုးမှန်သွားချိန်တွင် ကြက်ကလေး အသက် (၁) လရှိနှင့်ပီးဖြစ်ပါက အမွေးအတောင်များအတော်စုံ ပီးဖြစ်သဖြင့် သေဆုံးနိုင်ခြေနည်းပါသည်။ တွက်ချက်မှုအရ ကြက်မများသည် ဧပြီလ နောက်ဆုံးထားပီး စတင်ဝပ်ပါကပေါက်လာသောကြက်ကလေးများသည်မိုးမှန်သွားချိန်တွင်အသက်၁လခန့်ရှိနိုင်ပါသည်။

    #မိုးရာသီတွင်သားပေါက်ပါက လှောင်အိမ်ထဲအနွေးပေးပီးမွေးသည့်နည်း

    ·      အကြောင်းအမျိုးမျိုးကြောင့် မိုးရာသီတွင် ကြက်ကလေးများပေါက်ပါက သေနိုင်ခြေများသဖြင့်သေနှုန်း အနည်းဆုံးဖြစ်စေရန် လှောင်အိမ်ထဲထည့်မွေးသည့်နည်းဖြစ်သည်။

    ·      ခြေတံပါသော လှောင်အိမ်ကိုဆောက်ထားပြီး ကြက်ကလေးများပေါက်လာပါက ကြက်မနှင့်အတူကြက် ကလေးများကို လှောင်အိမ်ထဲထည့်ပြီး အစာကျွေး၊ရေတိုက်ခြင်း ဖြစ်သည်။ ကြက်မကို တပတ်သာ ကြက်ကလေးများနှင့်အတူထားပြီး တပတ်ကျော်ပါက ကြက်မကို အပြင်ထုတ်ကာ ကြက်ကလေးများကို လှောင်အိမ်ထဲ အသက် (၁) လရသည်အထိ ဆက်မွေးထားပြီး အသက်(၁) လကျော်ပါက အပြင်သို့လွတ် မွေးခြင်းအားဖြင့် ကြက်ကလေးများ သေဆုံးမှုနည်းသွားမည်ဖြစ်သည်။

    ·      လှောင်အိမ်တွင် ပလပ်စတစ် အကာများပါရှိသဖြင့်အေးပါက ပလပ်စတစ်ကို ချထားခြင်းအားဖြင့်ကြက် ကလေးများ အအေးမိခြင်းမှ ကာကွယ်နိုင်ပါသည်။

    ----------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59537

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
  • article
  • article
  • article
likes
24
comments
2
views
1610