cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဉာဏ်စမ်းအဖြေမှန်နှင့်ဖုန်းဘေလ်ကံထူးသူများစာရင်း

. Quiz
ဖုန်းဘေလ်ကံထူးသူများကို ထွက်တိုးဘက်ကနေဆက်သွယ်ပြီးတော့ ဖုန်းဘေလ်ဖြည့်ပေးသွားပါမယ်။
  • ငမြောင်တောင်ကတော့ လိပ်ပြာဖလံအုပ်စုဝင်ဖြစ်ပြီး၊ လောက်ကောင်တွေက ညနေပိုင်းနဲ့ ညပိုင်းအချိန်တွေမှာ သီးနှံပင်ကိုအဓိကစားသောက်ဖျက်ဆီးတဲ့သဘောရှိပါတယ်။ အစုအပြုံလိုက်ဥအုပြီး လိမ္မော်ဖျော့ရောင် ဥမြုံတွေကို အရွက်အောက်မျက်နှာပြင်မှာအဓိကတွေ့ရတတ်ပါတယ်။ ဥမြုံတစ်မြုံမှာ ဥ ၂၀၀-၃၀၀ ခန့်ရှိပြီး၊ ဥကနေအကောင်ပေါက်ရန် ၃-၅ ရက်ခန့်ကြာတတ်ပါတယ်။ လောက်ကောင်အဆင့် ၆ဆင့်ရှိပြီး လောက်ကောင်အဆင့် ၁၊၂၊၃ ကအရွက်ရဲ့တစ်ရှူးသားကိုအဓိကခြစ်စားပြီး ၊ လောက်ကောင်အဆင့် ၄၊၅၊၆သည် ညနေပိုင်းနဲ့ ညပိုင်းအချိန်တွေမှာ အရွက်၊သီးတောင့်တွေကို အဓိကကိုက်ဖြတ်စားပါတယ်။ နေ့ပိုင်းမှာတော့ ပုန်းခိုတတ်တဲ့ သဘာဝရှိပါတယ်။

    ဒါကြောင့် ဒီတစ်ပတ်ဉာဏ်စမ်းမေးခွန်းရဲ့အဖြေမှန်က (ဂ) ညနေခင်းနှင့် ညပိုင်း ဖြစ်ပါတယ်။

    ဝင်ရောက်ဖြေဆိုသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

    ဖုန်းဘေလ်ကံထူးသူများကို ထွက်တိုးဘက်ကနေဆက်သွယ်ပြီးတော့ ဖုန်းဘေလ်ဖြည့်ပေးသွားပါမယ်။

    ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    ထွက်တိုး Download ရယူရန် - https://bit.ly/htwettoev2


  • article
  • article
likes
11
comments
1
views
1498