ဝက်အစာစပ်နည်းနှင့် အသားဓာတ်ဖြည့် ကျွေးနည်း
ပုံစံ(၁) ရှင်းလင်းချက်
ရှင်းလင်းချက်
(၁) ဆန်ကွဲနေရာတွင် ပြောင်းကို အစားထိုးကျွေးနိုင်သည်။ ဖွဲဆန်ကွဲကျွေးပါက ( ဆန်ကွဲအလေးချိန်+ဖွဲနုအလေး ချိန်ကို ပေါင်းပါ။) ဥပမာ-ဝက်ငယ်စာတွင် ဖွဲဆန်ကွဲကျွေးမည်ဆိုပါက ဆန်ကွဲ ၅ + ဖွဲနု ၁= ၆ ပိသာဖြစ်သည်။)
(၂) ဖွဲနုအစား ဂျုံဖွဲကျွေးနိုင်ပါသည်။
(၃) စီပီ ၇၅၁ အစား အလားတူ အခြားကုပ္မဏီအစာများကိုလည်း ကျွေးနိုင်ပါသည်။ ဥပမာ- ဒီဟက်(စ)၃၄၀၈
(၄) စီပီ ၇၅၆ အစား အလားတူ အခြားကုပ္မဏီ အစာများကိုလည်း ကျွေးနိုင်ပါသည်။
(၅) စီပီ၇၅၁/၇၅၆အစား မိမိအရပ်ဒေသရှိ အရည်သွေးစိတ်ချရသော အသားဓါတ်များရှိပါက ထိုအလေးချိန်အတိုင်း ကျွေးနိုင်သည်။ ဥပမာ-ပဲဖတ်၊နှမ်းဖတ်၊ငါးခြောက် အစရှိသဖြင့်
(၆) ကန်စွန်းရွက် လက်တဆုတ်ဆိုသည်မှာ မိုးရာသီတွင်ပေါက်သော အညွန့်တတောင်ခန့် ( ၁၀-၂၀ ညွန့်) ပါသော လက်တဆုတ်ကို ဆိုလိုပါသည်။ အလားတူအခြား စိမ်းစိုသော အပင်အရွက်များကိုလည်း ကျွေးနိုင်ပါသည်။
(၇) ၁၀ ပိသာစပ်ထားပြီး မိမိတွင်ရှိသော ဝက်အကောင်ရေပေါ်မူတည်ပြီး တရက်စာ ကုန်သလောက် ကျွေးရန် ဖြစ်သည်။ ၁၀ပိသာ ကို ၁ ရက်ထဲကုန်အောင်ကျွေးရန် မဟုတ်ပါ။
(၈) စပ်ပီးသား အစာ ၁၀ ပိသာ ကို အခြောက်ဖြစ်စေ၊ ရေစိမ်၍ဖြစ်စေ ကျွေးနိုင်သည်။ သို့သော် ပြုတ်မကျွေးရပါ။
(၉) ရက်သားဝက်ငယ် အသက် ၁ရက်မှ ၄၅ ရက် အတွက် စီပီ ၉၅၀ ကိုသာ အခြောက်အတိုင်းကျွေးပါ။ မည်သည့် အရာနှင့်မျှထပ်မံမရောရပါ။
ပုံစံ(၂) ရှင်းလင်းချက်
(၁) ဆန်ကွဲ+ဖွဲနု+ထမင်းကျန်+ဆန်ဆေးရည်+++ အစရှိသည်တို့အထဲသို့ အသားဓာတ် (ဥပမာ- စီပီ၇၅၁၊ ၇၅၆၊ ပဲဖတ်၊နှမ်းဖတ်၊ ငါးခြောက်တမျိုးမျိုး)ကို ထည့်ပေါင်းကျွေးခြင်း ဖြစ်ပါသည်။
(၁) စီပီ ၇၅၁/၇၅၆ ကို ကျွေးနိုင်သကဲ့သို့ ထိုအစာများ နှင့်အလားတူ အခြားကုပ္မဏီ ထုတ်အစာများကိုလည်း ကျွေးနိုင်ပါသည်။
(၂) စီပီ ၇၅၁/၇၅၆ ကို မကျွေးဘဲ မိမိအရပ်ဒေသရှိ အရည်အသွေးစိတ်ချရသော အသားဓာတ်တမျိုးမျိုးကိုလည်း ကျွေးနိုင်ပါသည်။ ဥပမာ-ပဲဖတ်၊နှမ်းဖတ်၊ ပဲတမျိုးမျိုး၊ ငါးခြောက် အစရှိသဖြင့်
(၃)တစ်ရက်လျှင်ဆိုသည့်အဓိပ္ပာယ်မှာ တရက်အတွင်း အကြိမ်မည်မျှကျွေးသည်ဖြစ်စေ အားလုံးပေါင်းလိုက်ခြင်းကို တရက်လျှင်ဟု ဆိုလိုခြင်းဖြစ်သည်။ ဥပမာ-ဝက်ငယ်တကောင်အတွက် စီပီ ၇၅၁ တရက်လျင် ၂၀ ကျပ်သား ဆို သည့် အဓိပါယ်မှာ တရက်လျင် ၂ ခါ ကျွေးပါက မနက် ၁၀ ကျပ်သား၊ ညနေ ၁၀ ကျပ်သားကိုဆိုလိုခြင်းဖြစ်သည်။ တခါကျွေး ၂၀ ကျပ်သားမဟုတ်ပါ။
(၄) ရက်သားဝက် အသက်၁ရက်မှ ၄၅ ရက်အထိ စီပီ၉၅၀ ကို မည်သည့်အရာမှ မရောဘဲ အခြောက်အတိုင်းကျွေး ပါ။ စီပီ ၉၅၀ နှင့် အလားတူသော အခြားကုပ္မဏီ အစာများကိုလည်း ကျွေးနိုင်ပါသည်။
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
-----------
🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59585
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483



NewsFeed
Communities
Explore
Inbox
Me
Market Price