cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ကြာစေ့‌လေးတွေမှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေတာလဲ

. Health Articles
ကြာစေ့ ဆိုတာက ကြာပန်း အလယ်ပိုင်းက ဝတ်ဆံလေးတွေ ရင့်မာသွားတာဖြစ်ပြီး အပြင်ခွံစိမ်းစိမ်းလေးနဲ့ အတွင်းက အဆံလေးကတော့ ဖြူဖြူလေးပါ။ ကြာစေ့ကို စားတဲ့အခါ ဖန်တွန့်တွန့် အရသာရှိတဲ့ အပြင်ခွံစိမ်းစိမ်းလေးကိုဖယ်ပြီး အတွင်းက အဆံဖြူဖြူလေးကို စားရတာပါ။ နုလေချိုလေ အရသာရှိလေပါပဲ။
  • ကြာစေ့မှာ phosphorus၊ ပရိုတင်းပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ကြွယ်ဝပါတယ်။ ဒါတွေတင်မကပါဘူး။ ကြာစေ့လေးတွေမှာ ဇင့်နဲ့ သံဓာတ်တို့လည်းကြွယ်ဝစွာပါဝင်နေပါသေးတယ်။ ကြာစေ့လေးတွေမှာ အချိုဓာတ်၊အငန်ဓာတ်၊ ကိုလက်စထရော နဲ့ ပြည့်ဝဆီတွေက မပါသလောက်ကို နည်းပါတယ်။ ကြာစေ့ တစ်အောင်စမှာ ကယ်လိုရီပမာဏက ၉၄.၃ ကယ်လိုရီလောက်ပဲ ပါဝင်တာပါ။ 

    ကြာစေ့လေးတွေ စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများကတော့ 

    ကြာစေ့လေးတွေ ထဲမှာ L-isoaspartyl methyltransferase လို့ခေါ်တဲ့ အရွယ်တင် စေနိုင်တဲ့ အင်ဇိုင်းပါဝင်တာကြောင့် အသားအရေလှပစေဖို့အတွက် အထောက်အကူဖြစ်စေမယ့် သဘာဝ အစားအစာတစ်မျိုးပေါ့။ 

    အသားအရေကိုတင်းရင်းလှပနေစေမယ့်အပြင် ဖလေဗာနွိုက်ပါဝင်မှုကြောင့် အရေပြားမှာ ဖြစ်တဲ့ ရောင်ရမ်းမှုတွေကိုလည်းလျော့ပါးသက်သာစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကတော့ အသားအရေ အတွက် ကြာစေ့လေးကနေရရှိနိုင်မယ့် အကျိုးကျေးဇူးတွေပါ။ 

    စားသုံးလို့အရသာရှိတဲ့ ကြာစေ့လေးတွေက ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အရေးကြီးတဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုဖြစ်တဲ့ ကျောက်ကပ်ကိုလည်း ကျန်းမာစေနိုင်ပြီး ခန္ဓာကိုယ်အတွက် အင်အား ဖြစ်စေနိုင်ပါတယ်။ သရက်ရွက်ကျန်းမာစေဖို့အတွက်လည်း ကြာစေ့လေးတွေကို စားသုံးပေးလို့ ရပါတယ်။ 

    အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းလျှောတာကို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။ ဝမ်းလျှောနေသူတွေအနေနဲ့ ကြာစေ့လေးတွေကို ဆန်ပြုတ်ထဲထည့်ပြုတ်ပြီး စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ကို အားပြည့်စေမယ့်အပြင် ဝမ်းလျှောတာကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ကြာစေ့ကို စားသုံးပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်တာကြောင့် ညဘက် အိပ်မပျော်တဲ့ သူတွေ အနေနဲ့ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ ကြာစေ့က သဘာဝ အိပ်ဆေးတစ်မျိုးပါ။ အာရုံကြော တွေကိုလည်း ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ သွေးတိုးရောဂါရှိသူတွေအနေနဲ့ ကြာစေ့ကို အထဲက အဆံစိမ်းလေး မဖယ်ဘဲ စားသုံးပေးမယ်ဆိုရင်သွေးတိုးကျစေမှာဖြစ်ပါတယ်။ သွေးကြောတွေနဲ့ နှလုံးကိုပါ ကျန်းမာစေမှာ အသေအချာပါ။ 

    ဆီးအောင့်တာ၊ ဆီးကျဉ်တာလိုမျိုး ဆီးနဲ့ဆိုင်တဲ့ဝေဒနာတွေသက်သာစေဖို့အတွက် ကြာစေ့လေး တွေကို စားသုံးပေးလို့ရပါတယ်။ သွားနဲ့ သွားဖုံးတွေမှာ အနာဖြစ်နေခဲ့ရင်လည်း ကြာစေ့လေးတွေကို စားသုံးပေးပါက တစ်ရှုးတွေကို အသစ်ဖြစ်ပေါ်စေပြီး အနာတွေကို သက်သာစေမှာပါ။ ကြာစေ့လေးတွေမှာ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တဲ့အတွက် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုးတက်ကောင်းမွန်စေနိုင်သလို ခန္ဓာကိုယ်အတွက်လည်း ပြည့်ဝတဲ့ အာဟာရကိုရရှိစေမှာပါ။ နှလုံးကိုကျန်းမာစေနိုင်တဲ့ folate ပါဝင်တာကြောင့် နှလုံးရောဂါ ကင်းဝေးချင်သူတွေ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ 

    ကိုယ်အလေးချိန်ကျချင်သူတွေအနေနဲ့လည်း အဆီနဲ့ ကယ်လ်လိုရီပါဝင်မှုနည်းတဲ့ ကြာစေ့ လေးတွေကို သရေစာအနေနဲ့ စားသုံးပေးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးလို့ရပါတယ်။ အရေပြား မှာဖြစ်တဲ့ အနာတွေကိုသက်သာစေဖို့၊ အနာကျက်စေဖို့အတွက်လည်း ကြာစေ့လေးတွေကို စားသုံးပေး လို့ရပါတယ်။ မျက်နှာမှာဖြစ်တတ်တဲ့ ဝက်ခြံတွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကို လျော့ပါး သက်သာစေဖို့ အတွက်လည်း ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။ 

    အပျင်းပြေစားလို့ရသလို အရသာလည်းရှိတဲ့ ကြာစေ့လေးတွေစားရင်း အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။ 

    Hello ဆရာဝန် ကျန်းမာရေးဆောင်းပါးမှ ကူးယူဖော်ပြသည်။ 

    ---------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
12
comments
0
views
2561