မွေးမြူရေးခြံများတွင် လူဝင်လူထွက် ကန့်သတ်ပါ
မွေးမြူရေးခြံများတွင် လူဝင်လူထွက် ကန့်သတ်ပါ။
ဇီဝလုံခြုံရေးနှင့်ဆိုင်သော ပဥ္စမအချက်ဖြစ်သည်။
-ဒီနေရာမှာ လူဝင်လူထွက်ကန့်သတ်ဖို့ဘဲ ရေးလိုပါတယ်။ ယဥ်၊ ကားတွေ အဝင်အထွက်ကို ကန့်သတ်ဖို့လည်း လိုပေမယ့် ကျေးရွာ/ရပ်ကွက် တနိုင်တပိုင်မွေးသူတွေအတွက် နည်းနည်းအလှမ်းဝေးတာကြောင့် လူအဝင်အထွက်ကို ကန့်သတ်ဖို့ဘဲ အဓိကထားရေးပါ့မယ်။
- ဒီနေရာမှာ ထင်သာမြင်သာအောင် ဝက်နဲ့ဘဲဥပမာ ပေးပါ့မယ်။ တိရစ္ဆာန်အားလုံးအတူတူပါဘဲ။
- ကူးစက်ရောဂါဖြစ်ပွားနေလို့ဖြစ်စေ၊ မဖြစ်ပွားနေလို့ဘဲဖြစ်စေ၊ လူတွေရဲ့ ခန္ဓာကိုယ်အနံ့မှာ သာမန်မျက်စေ့နဲ့မမြင် နိုင်တဲ့ ရောဂါပိုးတွေ အချိန်မရွေးကပ်ညှိနေနိုင်ပါတယ်။ မတော်လို့ အဲဒီရောဂါပိုးတွေကို သယ်ဆောင်ထားသူ တယောက်ဟာ ဝက်ခြံထဲဝင်မိရင် အဲဒီလူဆီက ( အထူးသဖြင့် ဖိနပ်ကနေ)ရောဂါပိုးတွေဟာ ကိုယ့်ရဲ့ခြံထဲကိုရောက် သွားပြီး ကိုယ့်အိမ်က တိရစ္ဆာန်တွေကို ရောဂါကူးစက်စေနိုင်ပါတယ်။
-အထူးသဖြင့် ဝက် ဝယ်/ရောင်းလုပ်တဲ့သူတွေ၊ ဆေးလိုက်ကုနေသူတွေကို ပိုသတိထားဖို့လိုပါတယ်။ သူတို့က ခြံအစုံကို ရောက်တတ်တော့ သူတို့ရောက်တဲ့ခြံတွေဟာ ရောဂါမဖြစ်တဲ့ခြံလည်းရှိနိုင်သလို၊ ရောဂါဖြစ်နေတဲ့ ခြံတွေလည်း ဖြစ်နိုင်ပါတယ်။ အကယ်လို့ ရောဂါဖြစ်တဲ့ခြံကနေ ကိုယ့်ခြံထဲဝင်မိရင် သူတို့ဆီက ပါလာနိုင်တဲ့ ရောဂါပိုးတွေက ကိုယ့်ခြံထဲရောက်ပြီး ကိုယ့်ခြံက ဝက်တွေကို ရောဂါကူးစက်စေနိုင်ပါတယ်။
-ဒီနေရာမှာ ခုနပြောတဲ့သူတွေဘဲလားဆိုတော့ မဟုတ်ပါဘူး။ အိမ်သားတွေကော၊ တခြားဧည့်သည်တွေလည်းဘဲ မသိနိုင်တဲ့တနေရာကနေ ရောဂါပိုးကို သယ်ဆောင်လာနိုင်တာဖြစ်တဲ့အတွက် ဘယ်သူကိုမဆို လူဝင်လူထွက်ကို ကန့်သတ်ဖို့လိုပါတယ်။
အဲဒီအပြင် နောက်ထပ်လုပ်သင့်တဲ့အချက်ကတော့ ကိုယ့်ရဲ့အိမ်အဝင်ဝမှာ ဘယ်သူမဆို(ဧည့်သည်/အိမ်သား)ဝင်လာသူတွေအားလုံး ခြေ၊လက်၊ဖိနပ်တွေကို ကာဘောလစ်ဆပ်ပြာလို ဆပ်ပြာတွေနဲ့ အထပ်ထပ်ဆေးဖို့လိုပါတယ်။ အဲဒီ အပြင် ဖိနပ်ကို ပိုးသတ်ဆေးဖျော်ထားတဲ့ ကန်ထဲက ပိုးသတ်ဆေးရည်ကို စိမ်ခိုင်းတာဖြစ်စေ၊ သို့မဟုတ် မဖောက်ထုံး မှုန့်ကို နင်းခိုင်တာဖြစ်စေ၊ ပြုလုပ်စေဖို့ လိုပါ တယ်။ မလိုအပ်ရင် ဝက်ခြံနဲ့ဝက်ခြံပတ်ဝန်းကျင်ကို မသွားစေတာ အကောင်းဆုံးပါ။ မဖြစ်မနေဝက်ခြံကို သွားရမဲ့လူတွေအတွက် ပိုးသတ်ဆေးအသင့်စိမ်ထားတဲ့ ဖိနပ်ဖြစ်စေ၊ ထုံးနင်းထားတဲ့ ဖိနပ်ဖြစ်စေ စီးပြီးမှ ဝင်စေပါ။ (ဒီနေရာမှာ ဝက်ခြံထဲသွားမဲ့လူတွေကို တကိုယ်လုံးဆပ်ပြာနဲ့ရေချိုးအဝတ်လဲ ပြီးမှ ဝင်စေ နိုင်ရင်တော့ပိုကောင်းမှာပါ။ လက်တွေ့သိပ်မကျပေမဲ့ လုပ်နိုင်ရင် အကောင်းဆုံးပါ။)
-လူဝင်လူထွက်ကန့်သတ်ခြင်း၊ အိမ်အဝင်ဝမှာ လက်၊ခြေ၊ဖိနပ်တွေကို ပိုးသတ်ထားခြင်းအားဖြင့် ရောဂါပိုးတွေ မဝင်အောင်တားဆီးထားတာဖြစ်တဲ့အတွက် ဇီဝလုံခြုံရေးအတွက် အရေးပါတဲ့အချက်ဖြစ်ပါတယ်။ အားလုံးလိုက်နာ ဆောင်ရွက်ဖို့လိုပါတယ်။
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
-----------
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


NewsFeed
Communities
Explore
Inbox
Me
Market Price