cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

"ကြက်၊ ဝက်ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံထူးကြသူများ (၆)"

. Poultry
ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာ‌ရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။
  • တောင်သူဦးကြီးများအတွက် ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဖတ်ရှုသောဆောင်းပါးတိုင်းမှတ်မိစေရန်၊ ဆောင်းပါးများဖတ်ရှုရာတွင် အင်တာနက်ကုန်ကျစရိတ် ကာမိစေရန်အတွက် ထွက်တိုးမှ တောင်သူဦးကြီးတို့အတွက် "ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ" အစီအစဥ်ကို ပြုလုပ်လိုက်ရပါသည်။

    အစီအစဥ် - အင်္ဂါနေ့တိုင်း 🐓 ကြက်မွေးမြူရေးဆောင်းပါးများ

    -   ကြာသပတေးနေ့တိုင်း 🐖 ဝက်မွေးမြူရေးနည်းလမ်းကောင်းများ

    ထွက်တိုးဖုန်းဆော့ဝဲနှင့် ထွက်တိုး ဖေ့ဘုတ်ပေါ်တွင် ဆောင်းပါးအသစ် နှင့် ဉာဏ်စမ်းမေးခွန်းတင်ပေးမည်ဖြစ်ပါသည်။

    ကံထူးရှင်များကို ထွက်တိုးမှ

    1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်

    2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်

    3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။

    ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာ‌ရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။

    ကြက်ဉာဏ်စမ်း အဖြေမှန်မှာ (၂) မိုးရာသီ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်

    မြန်မာနိုင်ငံတွင်ရာသီဥတု ၃ မျိုးရှိသည့်အနက် ကြက်သားပေါက်ကလေးများ သေဆုံးမှုအများဆုံးရာသီသည် မိုးရာသီဖြစ်ပါသည်။ မိုးရာသီတွင်မိုးရေစိုသောကြောင့် ပေါက်ခါစကြက်များအအေးမိခြင်း၊ ကြက်မကြီးမှဝပ်ပေးသော် လည်း မြေကြီးအောက်မှ အစိုဓါတ်ရှိနေသောကြောင့် အအေးမိသဖြင့် ကြက်ကလေးများ သေဆုံးမှုများပါသည်။ မိုးရာသီရောက်ချိန်တွင် ကြက်များကို သားမဖောက်တော့ဘဲ ဥရောင်းစားခြင်းက ပိုမိုအကျိုးရှိပါသည်။

    ဝက်ဉာဏ်စမ်း အဖြေမှန်မှာ (၁) မှန် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်

    ဝက်စာကျွေးရာတွင် စွမ်းအင်အုပ်စု၊ အသားဓာတ်အုပ်စု၊ ဗိုက်တာမင်နှင့်သတ္တုဓာတ်အုပ်စု၊ အစာစပ်ဆေး/အားဆေးတို့ကို ပါဝင်အောင် ကျွေးပေးဖို့ လိုအပ်ပါသည်။ ကျေးရွာများတွင် ဝက်စာကျွေးလေ့ရှိသည့်ပုံစံကို အသားဓာတ်ဖြည့်ကျွေးမွေးနည်းရန် လိုအပ်သည်။ ဆန်ကွဲ+ဖွဲနု+ထမင်းကျန်+ဆန်ဆေးရည်+++ အစရှိသည်တို့အထဲသို့ အသားဓါတ် (ဥပမာ- စီပီ၇၅၁၊ ၇၅၆၊ ပဲဖတ်၊နှမ်းဖတ်၊ ငါးခြောက်တမျိုးမျိုး)ကို ထည့်ပေါင်းကျွေးခြင်း ဖြစ် ပါသည်။ 

    ဖြေဆိုရာတွင် အခက်အခဲများ တစုံတရာ ရှိပါက တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန် ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။

    ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့။


  • article
  • article
  • article
  • article
likes
22
comments
4
views
2173