cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

“တိုင်ဖွန်းမုန်တိုင်း KOTO အား - ၂၀၂၅ ခုနှစ် မုန်တိုင်းရာသီ၏ နောက်ဆုံးမုန်တိုင်းအဖြစ်မှတ်တမ်းတင်ရတော့မည်”

. Weather News
လေပွေလှိုင်း(သို့မဟုတ်) လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းဖြစ်လာနိုင်ခြင်းမရှိလျှင် လတ်တလောဖြစ်ပေါ်လျှက်ရှိသည့် မိုးလွန်ကာလမုန်တိုင်းများအနက် တိုင်ဖွန်းမုန်တိုင်း KOTO သည် ၂၀၂၅ ခုနှစ် မုန်တိုင်းရာသီ၏ နောက်ဆုံးမုန်တိုင်း ၁ လုံးအဖြစ်မှတ်တမ်းတင်ရတော့မှာဖြစ်ပါတယ်။
  • · ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော Cyclone DITWAH သည် မြောက်-အနောက်မြောက်ဘက် အိန္ဒိယနိုင်ငံအရှေ့ကမ်းခြေအတိုင်း ဆက်လက်ရွေ့လျားရင်း ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ တမီလ်နာဒီူးပြည်နယ်နှင့် အန်ဒရာပရာဒက်ရှ်ပြည်နယ်၊ နယ်စပ်အနီးပင်လယ်ပြင်တွင် မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပါတယ်။

    · ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ မလက္ကာရေလက်ကြားတွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း SENYAR သည် မလေးရှားနိုင်ငံကိုဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်အတွင်း ဆက်လက်ရွေ့လျားဝင်ရောက်ကာ အရှေ့-အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားရင်း Tropical Depression 34(TD-THIRTYFOUR) အဖြစ် အမည်သစ်တခုရရှိပြီးနောက် နိုဝင်ဘာ ၃၀ ရက် ညပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်းအားပျော့ပျက်ပြယ်သွားနိုင် ပါတယ်။

    (အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း ကပ္ပလီပင်လယ်မှ ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ၊ တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်သွားသည့်အတွက် မုန်တိုင်းအမည်သစ် TD-THIRTYFOUR အဖြစ်သတ်မှတ်ခြင်းဖြစ်ပါတယ်။)

    · တောင်တရုတ်ပင်လယ်၊ ဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေအနီးမှ တိုင်ဖွန်းမုန်တိုင်း KOTO သည်၊ ဒီဇင်ဘာ ၃ ရက်နေ့မှာ ဗီယက်နမ်တောင်ပိုင်းကမ်းခြေအား Tuy Hoa မြို့အနီးမှဖြတ်ကျော်ဝင်ရောက်ပြီးနောက် ဒီဇင်ဘာ ၄ ရက် ညပိုင်းမှာ ဟိုချီမင်းစီးတီးအနီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့ပျက်ပြယ်သွားနိုင်ပါမယ်။

    · ဒီဇင်ဘာ ၇ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကိုဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်လာနိုင်မည့် လေပွေလှိုင်း(သို့မဟုတ်) လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းဖြစ်လာနိုင်ခြင်းမရှိလျှင် လတ်တလောဖြစ်ပေါ်လျှက်ရှိသည့် မိုးလွန်ကာလမုန်တိုင်းများအနက် တိုင်ဖွန်းမုန်တိုင်း KOTO သည် ၂၀၂၅ ခုနှစ် မုန်တိုင်းရာသီ၏ နောက်ဆုံးမုန်တိုင်း ၁ လုံးအဖြစ်မှတ်တမ်းတင်ရတော့မှာဖြစ်ပါတယ်။

    · ဖြစ်ပေါ်နေသော မုန်တိုင်းများ၊ မုန်တိုင်းအကြွင်းအကျန်များသည် မြန်မာနိုင်ငံအပေါ်သက်ရောက်မှု-မရှိနိုင်တော့ပါ။

    Win Naing

    Administration Team,

    MMWEATHER,

    ---------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
  • article
  • article
likes
9
comments
0
views
2328