cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ခရမ်းတွင်ကျရောက်သော ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ

. Pests Management
ခရမ်းခေါင်ညွန့်ထိုးပိုး လက္ခဏာအနေဖြင့် ညှိုးနေသောအညွန့်ပိုင်းကို အဓိကတွေ့ရသည်။ အပင်ကို ဒေါင်လိုက်ခွဲကြည့်ပါက အစာရေကြောစည်းပျက်စီးနေပြီး တစ်ခါတစ်ရံလောက်ကောင် (သို့မဟုတ်) လောက်ကောင်၏အညစ်အကြေးများကိုတွေ့ရသည်။
  • ခရမ်းခေါင်ညွန့်ထိုးပိုး၊သီးလုံးဖောက်ပိုး 

    • ရာသီမရွေးကျရောက်တတ်၊ ပူအိုက်စိုစွတ်သောကာလ မေလ-စက်တင်ဘာလ တွင် ကျရောက်မှုပိုများ 
    • လောက်ကောင်အဆင့် ၅ ဆင့်လုံးတွင်ဖျက်ဆီးနိုင်ပြီး၊ လောက်ကောင်သက်တမ်း နွေရာသီတွင် ၂ ပတ်ခန့်၊ မိုးနှင့်ဆောင်း (အပူချိန်လျော့ချိန်တွင်) ၃ပတ်ထိကြာ 
    • အကောင်ကြီးအဆင့်- အပင်အညွန့်၊ အရွက်နုများ၏အောက်မျက်နှာပြင်၊ ရိုးတံအခြေနှင့် အဖူးတံအခြေတို့တွင် တစ်လုံးချင်းစီ ဥအု 
    • လောက်ကောင်အဆင့် ၁-၃ သည် အပင်အညွန့်ပိုင်း၊ နုနယ်သောပင်စည် အစိတ်အပိုင်း၊ ရိုးတံများတွင်ဝင်ရောက်စားသောက်ဖျက်ဆီး 
    • လောက်ကောင်အဆင့် ၄ - သီးကင်းဝင်စခရမ်းသီးထဲသို့ ဝင်ရောက်စားသောက် 
    • အဓိကလက္ခဏာအနေဖြင့် ညှိုးနေသောအညွန့်ပိုင်းကို အဓိကတွေ့ရ 
    • အပင်ကို ဒေါင်လိုက်ခွဲကြည့်ပါက အစာရေကြောစည်းပျက်စီးနေပြီး တစ်ခါတစ်ရံ လောက်ကောင် (သို့မဟုတ်) လောက်ကောင်၏အညစ်အကြေးများကို တွေ့ရ 
    • ဖျက်ပိုးပွားများမှုသည် ရာသီဥတုပေါ်မမူတည်ဘဲ တစ်နှစ်ပတ်လုံးပွားများနိုင် 

     ကာကွယ်နှိမ်နင်းနည်း 

    • ပိုးကျ၍ ညှိုးခြောက်နေသောခေါင်ညွန့်ကို ခြောက်နေသည့် ရိုးတံအဆုံးမှ ကပ်၍ဖြတ်ပါ 
    • စိုက်ခင်းတွင် အရွက်ခြောက်များ၊ ပေါင်းမြက်၊ အမှိုက်များကိုရှင်းလင်းပေးပါ 
    • စိုက်ချိန်ကိုချိန်ဆပါ 
    • ခရမ်းမျိုးရင်းမဟုတ်သော သီးနှံများဖြင့် သီးလှည့်စိုက်ပါ 
    • တမာပိုးသတ်ဆေး- စိုက်ခင်း ၂ပတ်သားမှစတင်ပြီး ၁၀ ရက်ခြားအသုံးပြုခြင်းဖြင့် ကြိုတင်ကာကွယ်နိုင် 
    • မြေခံပိုးသတ်ဆေး - Fipronil 
    • အသီးကင်းဝင်ချိန်- Thiodicarb, Flubendiamide တစ်ကြိမ်ကြိုတင်သုံးနိုင် 
    • အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ - Profenofos, Lambda cyhalothrin, Chlorantraniliprole, Indoxacarb, Emamectin benzoate  

    မွှားပင့်ကူ 

    • အရွက်အောက်မျက်နှာပြင်တွင်နေထိုင်ပြီး ပင်ရည်ကိုစုပ်ယူ 
    • အရွက်အပေါ်မျက်နှာပြင်တွင် သေးငယ်သော အစက်အပြောက်လက္ခဏာများကို တွေ့ရ 
    • အပူချိန်မြင့်ပြီးခြောက်သွေ့တဲ့ရာသီဥတုကိုနှစ်သက် 
    • ဆိုးရွားစွာကျရောက်ပါက အရွက်များ အဝါရောင်ပြောင်းသွားကာ ခြောက်ပြီးကြွေကျသွား 

    ကာကွယ်နှိမ်နင်းနည်း 

    • စိုက်ခင်းအစိုဓာတ်မပြတ်အောင် ဂရုပြုပါ 
    • ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို သေချာရှင်းပေးပါ 
    • အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ - Abamectin, Cyrantraniliprole, Spirotetramat  

    ပျ 

    • ဥမှပေါက်ခါစအကောင်ငယ်များနှင့် အရွယ်ရောက်ကောင်များ- အရွက်၊ ကိုင်းများမှ အပင်ရည်များကို အဓိကစုပ်ယူ 
    • အရွက်အောက်မျက်နှာပြင်နှင့် ပင်စည်တစ်လျှောက် အစုလိုက် နေထိုင်ဖျက်ဆီး  
    • အရွက်အပေါ်မျက်နှာပြင်တွင် အဝါရောင် ရောင်မညီကွက်ကြားများ ဖြစ်ခြင်း၊ တွန့်ခြင်း၊ ခြောက်ခြင်းကိုတွေ့ရ 
    • Honeydew ထုတ်နိုင်သောကြောင့် ပုရွက်ဆိတ်များလာရောက်တတ် 
    • ဆိုးရွားစွာကျရောက်ပါက အပင်ပုသွား 

    ကာကွယ်နှိမ်နင်းနည်း 

    • ပျကျနေသော ကိုင်းများ၊အပင်များကိုဖယ်ရှားရှင်းလင်းပါ 
    • ကြိုတင်ကာကွယ်လိုပါက တမာဆီဖျန်းနိုင် 
    • စိုက်ခင်းလေဝင်လေထွက်ကောင်းအောင်ဆောင်ရွက်ပါ 
    • အပင်ခြေပေါင်းမြက်များရှင်းလင်းပေးပါ 
    • နိုက်ထရိုဂျင်ရွက်ဖျန်း၊မြေဩဇာကို အလွန်အကျွံမသုံးပါနဲ့ 
    • အသုံးပြုနိုင်သော ဓာတုဆေးများ- Acetamiprid, Fipronil, Thiamethoxam, Fenoxycarb, Ethiprole, Spirotetramat  

    ကျိုင်း 

    • သားလောင်းအဆင့်ပိုးကောင်များနှင့် အရွယ်ရောက်ကောင်များ- အရွက်များကို အပေါ်ဘက်မှ စတင်ခြစ်စား 
    • နောက်ဆုံးအရိုးတံများသာ ကျန်ပြီး ခြောက်သွေ့သွား 
    • အပင်အဆင့်တိုင်းတွင် ကျရောက်ဖျက်ဆီးနိုင် 
    • အရွက်များပေါ်တွင် ပိုးချေးများကိုလည်း အလွယ်တကူတွေ့ရ 

    ကာကွယ်နှိမ်နင်းခြင်း  

    • စိုက်ခင်းတွင်း ပေါင်းမြက်ရှင်းပေးပါ 
    • စိုက်ခင်းစိုထိုင်းဆကို ချိန်ညှိပေးပါ 
    • အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ- Cypermethrin, Acetamiprid   

    ဖြုတ်စိမ်း 

    • အရွက်အောက်မျက်နှာပြင်တွင်ခိုကပ်နေပြီး ပင်ရည်ကိုစုပ်စား 
    • လက္ခဏာအနေဖြင့် အရွက်အနားသတ်များတွင် အဝါရောင်အစက်အပြောက်များ စတင်ပေါ်လာ 
    • ဆိုးရွားစွာကျပါက မီးလောင်ထားသကဲ့သို့ အညိုရောင် ပြောင်းပြီး ခြောက်သွေ့သွား 
    • အရွက်တွန့်လိမ်ခြင်း၊ ရောင်မညီကွက်ကြားဖြစ်သည့် Eggplant mottled dwarf virus (EMDV) လက္ခဏာကိုလည်းတွေ့ရ 

    ကာကွယ်နှိမ်နင်းနည်း 

    • စုပ်စားပိုးများကျရောက်ပါက နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေး၊ မြေဩဇာများ အလွန်အကျွံမသုံးစွဲသင့်ပါ 
    • စိုက်ခင်းတွင်းလေဝင်လေထွက်ကောင်းစေရန် 

    ပေါင်းများရှင်းပေးပါ 

    • ပင်ကြားစိပ်စိပ်မစိုက်ပါနဲ့ 
    • အသုံးပြုနိုင်သောဓာတုဆေးများ- Acetamiprid, Thiacloprid, Pymetrozine+ Nitenpyram, Dinotefuran  

    ယင်ဖြူ 

    • ပင်ရည်ကိုစုပ်စား၊ အရွက်ပေါ်တွင် ရောင်မညီကွက်ကြားဖြစ် 
    • အပူချိန်မြင့်ပြီး စိုက်ခင်းစိုထိုင်းဆများသောအခြေအနေတွင် အဓိကပွားများနှုန်းမြန် 
    • ယင်ဖြူများကို အရွက်အောက်မျက်နှာပြင်တွင်အဓိကတွေ့ရ 
    • ဥ- အရွက်အောက်မျက်နှာပြင်တွင် အု 
    • Yellow Mosaic Virus (YMV) ရောဂါကိုလည်း အဓိကသယ်ဆောင်ပြန့်နှံ့နိုင် 

    ကာကွယ်နှိမ်နင်းနည်း 

    • ပင်ခြေကပေါင်းမြက်တွေကို ရှင်းပေးပါ 
    • နိုက်ထရိုဂျင်ရွက်ဖျန်း၊မြေသြဇာများကို အလွန်အကျွံမသုံးပါနဲ့ 
    • စိုက်ခင်းစိုထိုင်းဆကို လျှော့ချပါ 
    • အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ- Pymetrozine+ Nintepyram, Acetamiprid+ Lambda-cyhalothrin, Fipronil, Thiamethoxam, Chlorfenapyr, Pyriproxyfen  

    ကိုးကား- Dr.DaDa၊ DOA 

    အိမ့်ဖြိုး 

    ✦✦✦✦✦✦✦✦  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။  

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 


  • article
  • article
  • article
  • article
  • article
  • article
likes
9
comments
0
views
1976