ဒေသကြက်များအတွက် အစာအာဟာရလိုအပ်ချက်🐓 🐣 🐥
· လွတ်ကျောင်းမွေးမြူသည့် ပုံစံဖြစ်သဖြင့် ကြက်များမှ အပြင်တွင်အစာရှာစားနိုင်သဖြင့် ပိုးကောင်လေးများ၊ တီကောင် အစရှိသည်တို့ကို စားရသဖြင့် အသားဓာတ်အနည်းငယ်ရသကဲ့သို့ အပင်များအရွက်များကိုလည်း စားရသဖြင့် ဗိုက်တာမင်နှင့်သတ္တုဓါတ်ကိုလည်း အနည်းငယ်ရနိုင်ပါသည်။ သို့သော်ကြီးထွားမှုနှင့် ဥများစွာ အုနိုင်ရန် လုံလောက်မှုမရှိပါ။
· ကျေးရွာများတွင်များသောအားဖြင့် ဆန်ကွဲ/စပါးတို့ကိုသာ ကျွေးသဖြင့် တရက်စာလိုအပ်သော အသားဓာတ်၊ ဗိုက်တာမင်နှင့်သတ္တုဓာတ်များ လုံလောက်ခြင်း မရှိပါ။ ထို့ကြောင့် မဖြစ်မနေ ဖြည့်ကျွေးရန် လိုပါသည်။
· သို့သော် လွတ်ကျောင်းမွေးသည့်အတွက် ကြက်အရွယ်စုံသည် အတူတကွ လုယက်စားသောက်မည် ဖြစ်သဖြင့် ကြက်ကြီး/ကြက်လတ်/ကြက်ငယ် ဟူ၍ သီးသန့်ခွဲခြားကျွေးနိုင်ရန် မလွယ်ကူပါ။
· ထို့ကြောင့်အလွယ်ကူဆုံးအကြံပြုလိုသည်မှာ ဥကြက်မအစာစီပီ ၉၂၄ (၁)ဆ၊ ဆန်ကွဲ(၁)ဆ ရောကျွေးပါက အတော်သင့် အဟာရအတွက်လုံလောက်မည်ဖြစ်သည်။ စီပီ ၉၂၄ နှင့်အလားတူ အခြားကုပ္မဏီများမှထုတ်သော အစာကိုလည်း အသုံးပြုပြီး စပ်ကျွေးနိုင်ပါသည်။ သို့မဟုတ် ပဲဖတ်၊ငါးခြောက် စသည့် အသားဓာတ် တမျိုးမျိုးကိုလည်း အသုံးပြုနိုင်ပါသည်။
· ကြက်များကိုအသက်အရွယ်အလိုက်စံနစ်တကျကျွေးမွေးရန်ဖြစ်နိုင်ပါက အောက်ပါအတိုင်း အစာကိုစပ်ပီး ကျွေးနိုင်ပါသည်။ (ကြက်စာစီပီ ၉၂၄ ကိုအသုံးမပြုဘဲ ဝက်စာအစာနှစ် စီပီ ၇၅၁ ကိုအသုံးပြုနိုင်ပါသည်။)
----------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59657
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483



NewsFeed
Communities
Explore
Inbox
Me
Market Price