cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း - ဒီဇင်ဘာ ၂ ရက် မှ ဒီဇင်ဘာ ၈ ရက်အထိ ဖြစ်ပေါ်နိုင်သည့်မိုးလေဝသအခြေအနေများ

. Weather News
ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၅°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၄°C ရှိနိုင်ပါမယ်။
  • ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက် (Atmospheric instabilities) အခြေအနေများ 

    ·       တောင်တရုတ်ပင်လယ်၊ ဗီယက်နမ်တောင်ပိုင်းကမ်းခြေအနီးမှ တိုင်ဖွန်းမုန်တိုင်း KOTO သည် အပူပိုင်းမုန်တိုင်း (Tropical Storm – TS) အဖြစ်အားလျော့လာပြီး၊ ဒီဇင်ဘာ ၃ ရက် ညပိုင်းတွင် ဗီယက်နမ်တောင်ပိုင်းကမ်းခြေအနီး Cam Ranh မြို့အရှေ့တောင်ဘက် ၇၆ မိုင်ခန့်အကွာ ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ်အားပျော့သွားပြီး ညပိုင်းမှာ လေပွေလှိုင်းအဖြစ်ဆက်လက်အားလျော့သွားနိုင်ပါတယ်။ 

    ·       ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်တွင်ဖြစ်ပေါ်လျှက်ရှိသည့် လေပွေလှိုင်း INVEST 93W သည်လည်း တောင်တရုတ်ပင်လယ်အတွင်းသို့ လေပွေလှိုင်းအဖြစ်ဆက်လက်ဝင်ရောက်လာနိုင်သော်လည်း ဆိုင်ကလုန်းမုန်တိုင်းထပ်မံဖြစ်ပေါ်နိုင်သည့်အခြေအနေမရှိတော့ကြောင်းတွေ့ရပါတယ်။ 

    ·       ဘင်္ဂလားပင်လယ်အော်မှ ဆိုင်ကလုန်းမုန်တိုင်း DITWAH သည် မုန်တိုင်းငယ် (Deep Depression) အဖြစ် အားလျော့လာပြီး မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်း၌ တမီလ်နာဒူးပြည်နယ်ကမ်းခြေအနီးမှာပင် လေပွေလှိုင်းအဖြစ် အားပျော့သွားနိုင်ကြောင်း ကြိုတင်ခန့်မှန်း model တွေမှာတွေ့ရပါတယ်။ 

    ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·       ဒီဇင်ဘာ ၂ ရက် မှ ဒီဇင်ဘာ ၈ ရက်နေ့အထိ၊ ပဲခူးတိုင်းအတွင်းတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·       ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၅°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၄°C ရှိနိုင်ပါမယ်။ 

    ·       ပဲခူးတိုင်းအရှေ့ပိုင်းက ရွှေကျင်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၆°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၄°C ရှိနိုင်ပါမယ်။ 

    ·       ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၇°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၃°C ရှိနိုင်ပါမယ်။ 

    ·       ပဲခူးတိုင်းတခုလုံးအတွက် ဒီဇင်ဘာ ၃ ရက်နေ့အထိ ညအပူချိန်များ(၁၆°C မှ ၁၇°C) ခန့်အထိ ကျဆင်းကာ အအေးပိုနိုင်ပြီး၊ ဒီဇင်ဘာ ၄ ရက် မှ ၁၁ ရက်အတွင်း အပူချိန်အနည်းငယ်ပြန်တက်ပြီး အအေးပေါ့နေနိုင်ပါတယ်။ 

    ·       ပဲခူးတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၃၀% အထိ ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ များစွာကွာဟမှုမရှိပဲ ၈၀% ခန့်ရှိနိုင်ပါမယ်။ 

    ·       လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်း-အနောက်ခြမ်းမှာ 150 ဝန်းကျင်ခန့်ရှိနိုင်ပြီး၊ ပဲခူးတိုင်းအရှေ့ခြမ်းမှာ 130 ခန့်ရှိနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းသူများအတွက် အန္တရာယ်ရှိနိုင်သည့်အခြေအနေဖြစ်ပါတယ်။ 

    ·       ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၁ ပေခန့်ရှိနိုင်ပြီး၊ မြောက်ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၀ မိုင်ခန့်တိုက်နိုင်ပါတယ်။ 

    ·       ပဲခူးတိုင်းကုန်းတွင်းမှ မြို့နယ်/ခရိုင်များနှင့် ပဲခူးရိုးမတောင်ကြောပေါ်မှာ မြောက်-အရှေ့မြောက်ဘက်အရပ်မှ လေတိုက်နှုန်းအများဆုံး တနာရီ ၇ မိုင်ခန့် ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငရုတ်စိုက် တောင်သူများထံသို့….

    မွှားပင့်ကူနီ ကာကွယ်နှိမ်နင်းနည်းအကြံပြုချက်

    • ငရုတ်တွင် မွှားပင့်ကူနီကျရောက်ပါက အရွက်အပေါ်မျက်နှာပြင်တွင် အဝါရောင်ခပ်မှိုင်းမှိုင်းအပြောက်များတွေ့ရပြီး၊ ဆိုးရွားစွာကျရောက်ပါက အရွက်များအောက်ဘက်သို့တွန့်ကုပ်ပြီး ခြောက်သွေ့သွားပါတယ်။
    • အပူချိန်မြင့်ပြီးခြောက်သွေ့တဲ့ရာသီဥတုကိုနှစ်သက်ပြီး၊ စိုထိုင်းဆနည်းရင် ပွားများနှုန်းမြန်တဲ့အတွက်ကြောင့် စိုက်ခင်းအစိုဓာတ်မပြတ်အောင် ဂရုပြုပါ။
    • စိုက်ခင်းပတ်ဝန်းကျင် ပေါင်းမြက်များကို သေချာရှင်းပေးပါ။
    • ဆေးဖျန်းပြီးပေါင်းမရှင်းရင်လည်း ထိရောက်ဖို့ခက်ပါတယ်။
    • ဓာတုပိုးသတ်ဆေးအနေနဲ့ Sulphur, Abamectin, Cyrantraniliprole, Spirotetramat 
    • Formetanate hydrochloride အဆင်ပြေရာကိုရွေးချယ်အသုံးပြုပေးပါ။ 

    ငါးကန်ရေ အပူချိန်စစ်ဆေးရန် 

      ငါးကန်ရေအပူချိန်သည် ရုပ်သွင်ပြောင်းလဲခြင်း၊ အစာစားခြင်း နှင့်မျိုးပွားခြင်းတို့အတွက် အရေးပါသော လုပ်ငန်းစဉ်ဖြစ်ပါသည်။ 

      ရေအပူချိန်သည် လိုအပ်သော အပူချိန်ထက်လျော့နည်းနေပါက ငါးများ အစားနှုန်းကျဆင်းတတ်ပါသည်။ ပုံမှန်အားဖြင့် ကန်ရေအပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒီဂရီစင်တီဂရိတ်အတွင်းတွင် အစာစားနှုန်း ကောင်းပါသည်။ သို့သော် ငါးမျိုးစိတ်အလိုက် အစားနှုန်း၏ ကန်ရေအပူချိန်သည် မတူ ညီနိုင်ကြောင်း တွေ့ရှိရပါသည်။ ငါးကြင်း၊ ငါးသိုင်းနှင့် ငါးမြစ်ချင်းငါးများသည် အပူချိန် 13℃မှ 36℃ အတွင်း၊ ရွှေဝါ ငါးကြင်း သည် 0 ℃ မှ 39 ℃ အတွင်းနှင့် တီလားပီးယားငါးသည် 13℃ မှ 39℃ အတွင်းတွင် အကောင်းဆုံးဖြစ်ပါသည်။ 

      အပူချိန်ကျဆင်းပါက ပျော်ဝင်အောက်စီဂျင်ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ယခုလိုဆောင်းရာသီကာလတွင် မနက်ပိုင်း ကန်ရေလှုပ်ရှားပေးခြင်းများ ပြုလုပ်ပေးသင့်သည်။ 

      ---------   

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
5
comments
0
views
5048