cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရေငန်ပုစွန်ကျား မွေးမြူခြင်းနည်းစနစ်

. Fish Articles
ရေငန်ပုစွန်ကျားသမရိုးကျ မွေးမြူသော အဆင့်ထက် တိုးတက်ဆောင်ရွက်သောနည်းစနစ်
  •            ရေငန်ပုစွန်ကျားကို သမရိုးကျ EXTENSIVE စနစ်သည် ပုစွန်ကန်တူးဖော်ရာတွင် တာဘောင်(သို့မဟုတ်) ကန်ဘောင်ရရှိစေရန်သာ ကန်အတွင်းပတ်မြောင်းတူးဖော်ပြီး သဘာဝရေစီးဖြင့် ပုစွန်ကျား သားပေါက်များဝင် ရောက်စေခြင်းဖြစ်သည်။ အစာကျွေးခြင်း၊ သဘာဝအစာရရှိစေရန် မြေဩဇာထည့်သွင်းခြင်း၊ ငါးရိုင်းသတ်ခြင်း၊ ပုံမှန်ရေလှယ်ခြင်းတို့ကို မပြုလုပ်ပါ။ ကန်အတွင်းရေနည်းသွားပါက ရေထပ်ဖြည့်ခြင်းကိုသာ ဆောင်ရွက်ပါသည်။ တဧကထွက်ရှိနှုန်းသည် ၁၀ မှ ၁၅ပိဿာအထိသာ ထွက်ရှိပါသည်။ သားပေါက်ထည့်သွင်းခြင်း အတိအကျမရှိပါ။ အဆိုပါနည်းသည် ကန်အရွယ်အစားကျယ်ရမည်။ ကုန်ကျစရိတ်နည်းသော်လည်း ပတ်ဝန်းကျင်ထိခိုက် ခြင်းများရှိသဖြင့် ယခုအချိန်တွင် သက်ဆိုင်ရာများမှ ခွင့်ပြုရန် ခက်ခဲနိုင်ပါသည်။

               သမရိုးကျမွေးမြူသော အဆင့်ထက် တိုးတက်ဆောင်ရွက်သောနည်းစနစ်မှာ ကန်ကျယ်စနစ်မဟုတ်ပါ။ ကန်အရွယ်အစားမှာ (၂)ဧက မှ (၅)ဧကအတွင်း ဖြစ်ပါသည်။ ကန်တူးရာတွင် အားလုံးတူးသည်ဖြစ်စေ၊ ကျောက် ပျဉ်ပုံပတ်မြောင်း တူးသည်ဖြစ်စေ တူးနိုင်ပါသည်။ ကန်အတွင်း ထုံးအသင့်အတင့်သုံးစွဲခြင်း၊ ငါးရိုင်းသတ်ခြင်း နှင့် ရှင်းလင်းခြင်းကို ဆောင်ရွက်ပါသည်။ (ငါးရိုင်း နှင့်သားစားငါးသည် ရေငန်၊ ပုစွန်ကျားများ အရေခွံလဲချိန်တွင် စားသောက်ခြင်းကို ခံရပါသည်။ ကကတစ်၊ ငါးရံ့ငါးသည် အဆိုးဆုံးဖြစ်ပါသည်)

               ကန်အတွင်း သားပေါက်ထည့်သွင်းနှုန်းသည် တဧကလျှင် သားပေါက်ကောင်ရေ (၂၀၀၀၀ မှ ၂၄၀၀၀)အထိ ထည့်သွင်းရပါမည်။ ကန်ရေအတွင်း သဘာဝအစာရရှိစေရန်အတွက် နွားချေး၊ ကြက်ချေး နှင့် ဓာတ်မြေဩဇာများ အထိုက်အလျောက် ထည့်သွင်းပေးကြပါသည်။ အစာအဖြစ် အသားဓာတ်ပါသော ငါးနှုတ် ငါးဖွဲများနှင့်ဖွဲနု၊ ပဲဖတ်ရောပြီး ရန်ဖန်ရန်ခါကျွေးခြင်းကို ဆောင်ရွက်ပါသည်။ ကန်ရေလှယ်ခြင်းကိုလည်း ဆောင်ရွက်ပေးပါသည်။ မွေးမြူရေးကာလ (၆)လတွင် တဧကလျှင် ပိဿာ (၁၀၀ - ၁၂၀) အထိ ထွက်ရှိနိုင်ပါသည်။ အထူးသတိပြုရမည့်အချက်မှာ ရေငန်နှုန်းသည် (၅)ပီပီတီ အထက် နှင့် (၁၀ နှင့် ၁၅)ပီပီတီ အကြားတွင်း အကောင်းဆုံးဖြစ်ပါသည်။

               အထက်ပါမွေးနည်းစနစ်သည် ထွက်ရှိနှုန်းမှာ အနည်းဆုံး (၅၀)ပိဿာ ရရှိပါက ယခုကာလပေါက်ဈေး သည် တပိဿာ ၄၀၀၀၀ ကျပ် ရှိသဖြင့် သိန်း(၂၀) ရရှိနိုင်ပါမည်။

    ဦးစန်းအောင်

    ထွက်တိုး

    --------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
12
comments
0
views
2252