cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဆောင်းရာသီကာလ မိုးလေဝသသုံးသပ်ချက် (ဒီဇင်ဘာလ၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ)⛈⛈

. Weather News
ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမြောက်ဘက်စွန်းတွင် ပုံမှန်ထက်မိုးရေချိန်နည်းပါးပြီး ချင်းပြည်နယ်တွင် မိုးရွာသွန်းမှု အနည်းငယ်တိုးလာနိုင်သည်။
  • မြန်မာနိုင်ငံသည် နိုဝင်ဘာလမှစတင်ပြီး ခြောက်သွေ့ရာသီသို့ ဝင်ရောက်ခဲ့ပြီဖြစ်သည်။ ဒေသအတော်များများတွင် အထူးသဖြင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် ပုံမှန်ထက်ပိုမိုမြင့်မားသော မိုးရွာသွန်းမှုရှိခဲ့ပြီး ကချင်ပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် ပုံမှန်ထက် မိုးရွာသွန်းမှု နည်းပါးခဲ့သည်။ အပူချိန်အရ နိုဝင်ဘာလတွင် ကွဲပြားသောပုံစံတစ်ခုရှိခဲ့ပြီး ကုန်းတွင်းပိုင်းဒေသအများစု၊ အထူးသဖြင့် အိန္ဒိယနှင့် အရှေ့ဘက်နယ်စပ်တစ်လျှောက်တွင် ပုံမှန်မဟုတ်သောအပူချိန်များ သိသာထင်ရှားစွာ တိုးလာတာကို တွေ့ရှိရပြီး ကမ်းရိုးတန်းဒေသအများစုတွင် အနည်းငယ် လျော့လာတာကို တွေ့ရပါသည်။

    လာမည့်သုံးလအတွင်း ခြောက်သွေ့သောရာသီဥတုအခြေအနေ ဆက်လက်ဖြစ်နေမည် ဖြစ်သည်။ လအလိုက်မိုးရွာသွန်းမှုခန့်မှန်းချက်အနေဖြင့် တစ်နိုင်ငံလုံးတွင် ပုံမှန်အခြေအနေရှိနေနိုင်သည်။

    #ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမြောက်ဘက်စွန်းတွင် ပုံမှန်ထက်မိုးရေချိန်နည်းပါးပြီး ချင်းပြည်နယ်တွင် မိုးရွာသွန်းမှု အနည်းငယ်တိုးလာနိုင်သည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး ခြုံငုံကြည့်မယ်ဆိုရင်တော့ မိုးရွာသွန်းမှု နည်းနေနိုင်ပါသည်။

    အပူချိန်အနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် ပုံမှန်ထက် မြင့်မားမှု ဆက်လက်တည်ရှိနေနိုင်မည်ဖြစ်သော်လည်း ရန်ကုန်၊ မွန်နှင့် တနင်္သာရီတိုင်းများတွင် အပူချိန်နိမ့်ကျမည်ဖြစ်သည်။ 

    #ဇန်နဝါရီလတွင် အပူချိန်မြင့်မားမှု ဆက်လက်တည်ရှိနေနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်းတွင် ပုံမှန်မိုးရေချိန် ရရှိနိုင်ပါသည်။ ရှမ်းအရှေ့ပိုင်းတွင် ပုံမှန်ထက်မိုးရွာသွန်းမှု အနည်းငယ်တိုးလာနိုင်ပြီး ကျန်ဒေသများတွင် ဆက်လက်ခြောက်သွေ့နေမည်ဖြစ်သည်။

    #ဖေဖော်ဝါရီလတွင်လည်း ပုံမှန်ထက် အပူချိန်ဆက်လက်မြင့်တက်နိုင်မည်ဖြစ်သည်။ ရှမ်းအရှေ့တွင် ပုံမှန်မိုးရေချိန် ရရှိနိုင်သည်။ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းမြောက်တို့တွင် သိသိသာသာ အပူချိန်တိုးလာနိုင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်း ဆက်လက်ခြောက်သွေ့နေမည်ဖြစ်သည်။

    Source: Weather Impact

    (၀၄.၁၁.၂၀၂၅ ရက်နေ့သုံးသပ်ချက်)

    ကြက်၊ ဝက်မွေးမြူရေးအကြံပြုချက်

    ၂၀၂၅ ဒီဇင်ဘာလအတွက်မိုးလေဝသ ခန့်မှန်းချက်များအရ မိုးမရွာတော့ဘဲ အအေးပိုလာမည်ဟုသိရပါသည်။ထို့ ကြောင့် ဒီဇင်ဘာလ တစ်လလုံးအတွက်မွေးမြူရေးဆိုင်ရာ အကြံပေးချက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    ဝက်မွေးမြူရေး

    (၁) ရာသီဥတုအေးလာပီ ဖြစ်သဖြင့် သားပေါက်ဝက်ကလေးများ အအေးမိစေရန်သတိပြုပါ။ ရက်သားဝက်များကို ဖြစ်နိုင်ပါက အပူပေးမီးလုံးထွန်းပေးခြင်း၊လျှပ်စစ်မီးမရသောနေရာများတွင်မီးသွေးမီးဖိုပေးခြင်း များပြုလုပ်ပေးပါ။

    (၂) မည်သည့်ဝက်အရွယ်ကိုမဆို အေးနေသောအချိန်များ ( မနက် ၆ နာရီမှ၉ နာရီအထိ) ( ညနေ ၅ နာရီနောက် ပိုင်း) တွင် ရေမချိုးပေးသည်က ပိုမိုကောင်းပါသည်။

    (၃) ဝက်ရောဂါများ အချို့နေရာများတွင် ငြိမ်သွားပီဖြစ်သော်လည်း အချို့နေရာများတွင် ဆက်လက်ဖြစ်ပွား နေ သေးသည်ကိုကြားသိရသဖြင့် ရောဂါမဖြစ်သေးသော ဝက်ပိုင်ရှင်များ ဇီဝလုံခြုံရေးပါ အချက်များကို တတ်နိုင် သမျှလိုက်နာဆောင်ရွက်ရန်လိုပါသည်။

    တိုင်းရင်းကြက်မွေးမြူရေး

    (၁) ရက်သားကြက်ပေါက်ကလေးများကို ညအချိန်တွင် တောင်းထဲကောက်ရိုးထည့်ပီး မိခင်နှင့်အတူသိပ်ပါ။ အဖုံး မပိတ်ထားပါနှင့်။

    (၂) ကြက်လည်လိမ်ကာကွယ်ဆေး- လည်လိမ်( လာဆိုတာ) + အိုင်ဘီ အမျိုးစား ကာကွယ်ဆေးကို အသုံးပြုပြ လည်လိမ်ရောဂါကို ကြိုတင်အသုံးပြုကာကွယ်ထားပါ။

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    ----------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
17
comments
0
views
3343