cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဝက်မဒန်းကို သားတင်ခြင်းနှင့် ဇီးဝက်မကို ပြုစုမွေးမြူခြင်း

. Swine
သားတောင်းတောင်းချင်းမတင်ဘဲ တန်ဆာစတင်ညိုးချိန် (သို့) ဝက်မခါးကိုဖိပါက စတင်ငြိမ်ခံသောအချိန်တွင် တကြိမ်သားတင်ပေးရမည်။ နောက်ထပ်(၁၂)နာရီကြာပါက နောက်ထပ်(၁)ကြိမ် တင်ပေးရမည်။
  • ဝက်မဒန်းကို သားတင်ခြင်း

    ·      သားတင်မည့် ဝက်မဒန်းသည် ဝက်မဲအုပ်စုဖြစ်စေ၊ ဝက်ဖြူအုပ်စုဖြစ်စေ အလျားရှည်ပြီး ခြေဆံလက်ဆံ အတော်အသင့် ရှည်၊ အတော်အသင့် တုတ်ခိုင်ရမည်။

    ·      နို့တံ ၁၂-၁၄ လုံးရှိရမည်။

    ·      သားတင်မည့်ဝက်မဒန်းသည် အသက်၅လဝန်းကျင်တွင် အလွန်ဝသည်ဟု ထင်ပါက ထိုအချိန်မှ စတင် ပြီး အစာကို ထိန်းကျွေးရမည်။

    ·      သားတင်မည့်ဝက်မဒန်း၏ အသက်သည် အနည်းဆုံး(၇)လရှိရမည်။

    ·      သားတင်မည့်ဝက်မဒန်း၏ အသားထွက်အလေးချိန်သည် အနည်းဆုံး (၃၀) ပိဿာရှိရမည်။

    ·      သားတင်မည့်ဝက်မဒန်းသည် သားတောင်းအကြိမ် အနည်းဆုံး(၃) ကြိမ်မြောက်ဖြစ်ရမည်။

    ·      သားတောင်းတောင်းချင်းမတင်ဘဲ တန်ဆာစတင်ညိုးချိန် (သို့) ဝက်မခါးကိုဖိပါက စတင်ငြိမ်ခံသောအချိန်တွင် တကြိမ်သားတင်ပေးရမည်။ နောက်ထပ်(၁၂)နာရီကြာပါက နောက်ထပ်(၁)ကြိမ် တင်ပေးရမည်။

    ·      ဝက်သိုးဖြင့် သားတင်နိုင်သကဲ့သို့ မေထုန်မဲ့နည်းဖြင့်လည်း သားတင်ပေးနိုင်သည်။ မေထုန်မဲ့နည်းဖြင့် သား တင်ပေးနိုင်ပါက ပိုမိုကောင်းမွန်ပါသည်။

    ·      သားတင်ပြီးသည့် ၁ရက်အတွင်း ဝက်မကို တကောင်ထဲသီးသန့်ထားပြီး ငြိမ်ငြိမ်ဆိမ်ဆိမ်ပေးအိပ်ပါ။

    ·      သားတင်ပြီးသည့်နေ့မှစတင်ပြီး ၁၈-၂၁ရက်အတွင်း ကျွေးလက်စရှိသည့် အစာပမာဏအတိုင်း မကျွေးဘဲ ကျွေးနေကျအစာ၏ ၇၅% ကိုသာ ကျွေးပါ။ သားပြန်မတောင်းတော့မှသာ ကျွေးလက်စရှိသည့် ပမာဏအတိုင်း ပြန်ကျွေးပါ။

    ဝက်မဒန်းသားတင်ရာတွင် အထူးသတိပြုရှောင်ကြည်သင့်သည့် အချက်များ

    ·      ဝက်မဒန်း အသက် ၇လအောက်၊ အသားထွက် ၃၀ ပိသာ မရှိသေးပါက သားမတင်ပေးသင့်ပါ။

    ဇီးဝက်မကို ပြုစုမွေးမြူခြင်း

    ·      ဝက်မသားတင်ပြီးနောက် နောက်ထပ် ၁၈-၂၁ ရက် ကြာတွင် သားပြန်မတောင်းပါက သားအောင်သွားပြီဟု အကြမ်းအားဖြင့် ယူဆနိုင်သည်။

    ·      ဝက်မ ဇီးလွယ်ကာလသည် ရက်အားဖြင့် ၁၁၃-၁၁၆ ရက် ဖြစ်သည်။ အလွယ်တကူ မှတ်ရန်မှာ ၃၃၃ (၃လ၊ ၃ပတ်၊ ၃ရက်) သို့မဟုတ် ၄၄ (၄လ၊ ၄ရက်လျော့ ဖြစ်သည်။) သားတင်သည့်ရက်ကို မဖြစ်မနေမှတ်သား ထားပြီး ဇီးလွယ်ကာလကိုတွက်ပါက မည်သည့်ရက်တွင် ဝက်မပေါက်မည်ကို သိရှိနိုင်ပြီး ကြိုတင်လုပ်ဆောင်ရမည့်အရာများကို လုပ်ဆောင် နိုင်မည်ဖြစ်သည်။

    ·      ဇီးဝက်မကိုလည်း အစာ(၃) အုပ်စုကို လိုအပ်သည့်ပမာဏအတိုင်း နေ့စဥ်ကျွေးရမည်။

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    -----------

    🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59698

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
  • article
  • article
  • article
likes
36
comments
0
views
23060