cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တနှစ်ပတ်လုံး ဝင်ငွေကောင်းတဲ့ ဂွေးတောက်ပင် စိုက်ပျိုးနည်း

. Cultivation Methods
ဂွေးတောက်ပင်တွေကတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာ စိုက်ပျိုးလို့ရနိုင်ပါတယ်။ သဲဆန်တဲ့ မြေဆိုရင်တော့ ပိုမိုဖြစ်ထွန်းပါတယ်။ ဂွေးတောက်စိုက်ပျိုးရာတွင် (၁) အစေ့မှပျိူးယူခြင်း နှင့် (၂) ကိုင်းဖြတ်ပျိူးယူခြင်း ဟူ၍နည်းနှစ်နည်းဖြင့်ပျိူးယူစိုက်ပျိူးနိုင်ပါသည် ။
  • ၁။အစေ့မှပျိူးယူခြင်း 

    (က)ပျိူးစေ့များကို ရေတစ်နာရီခန့် စိမ်ထားပါ ။ 

    (ခ)သဲသို့မဟုတ်စက်ဖွဲပြာကိုအရိပ်ကျသည့်နေရာတွင်ဘောင်လုပ်ရေဝအောင်လောင်းထားပြီးရေစိမ်ထားသည့်ဂွေးတောက်မျိူးစေ့ကိုပါးပါးဖြူးပေးပါ။ ယင်းပျိုးဘောင် လေလုံအောင် ပလပ်စတစ် အကြည်စဖြင့် ဖုံးအုပ်ထားပေးပါ။ ၃ရက်ခန့်အကြာတွင် အညှောင့်လေးများပေါက်လာပါမည်။ 

    (ဂ) အညှောင့်ပေါက်လာသည့်ဂွေးတောက်မျိူးစေ့များကိုအသင့်ပြုလုပ်ထားသည့် ၆၈ပျိူးအိပ်ထဲသို့ ပြောင်းရွှေ့ပေးပါ။ အစေ့ကိုအိပ်အပေါ်ယံတွင် အသာချပြီးစက်ဖွဲပြာမရှိပါက မြေသို့သဲဖြင့်ဖုံးယုံသာ ဖုံးထားပေးပါ။ 

    (ဃ)ဂွေးတောက်မျိူးအညှောင့်ပေါက်ခါစကိုပျိူအိပ်ထဲမထည့်မှီရေကြိုတင်လောင်းထားပေးရပါမည်။ပြီးမှအပေါ်ယံမြေဖွဲပြာစိုယုံလေးရေဖြန်းကရိယာဆေးဖြန်းပုံးတို့ဖြင့်ဖြန်းပေးပြီးအရိပ်အောက်တွင်ထားပေးပါ။ 

    (င)နေ့စဉ်မြေအစိုအခြောက်ကိုကြည့်ပြီးဆေးဖြန်းပုံးဖြင့်ရေမှုန်လေးဖြန်းအေးပါ။အရိပ်ထဲ၃ရက်ခန့်ထားပါကအပင်လေးများပေါက်လာပါမည်။ 

    (စ)အရွက်နှစ်ရွက်ခန့်ထွက်လာပါကနေရောင်အောက်သို့ပြောင်းရွှေ့ပေးပါ။ 

    (စ)အပင်အရွက်၄ /၅ရွက်ခန့်ထွက်လာပါကအသင့် ပြုလုပ်ထားသော စိုက်ခင်းသို့ ပြောင်းရွှေ့ စိုက်ပျိူးနိုင်ပါပြီ 

    ၂။ကိုင်းဖြတ်ပျိူးယူစိုက်ပျိူးခြင်း 

    ဂွေးတောက်ကိုင်းအဆစ်တဆစ်လျင်တပင်ပျိုးယူနိုင်ပါသည်။ 

    (က)အဆစ်မှအောက်သို့၅လက်မခန့်အဆစ်တိုင်းဖြတ်ယူစုဆောင်းပါ။ 

    (ခ)၎င်းအဆစ်တခုစီပါသောဂွေးတောက်ကိုင်းများကို အသင့်ပြုလုပ်ထားသော ၆*၈ ပျိုးအိတ်များ ကို ရေဝအောင်လောင်းပြီး ပျိူးအိပ်အလယ်တွင်ထမင်းစားသည့်တူချောင်းဖြင့် မြေကြီးကိုထိုးချကာ အပေါက်ဖြစ်အောင်လုပ်ပြီး ဂွေးတောက်ကိုင်းကိုအဆစ်ပါသည့်ဘက်ကို ၁လက်မခန့် ဖော်ထားပြီး အရင်းဘက်ကိုတူချောင်းဖြင့်အပေါက်ဖော်ထားသည့်နေရာတွင်ထိုးထည့်ကာ မြေကကြပ်နေအောင် ဖိထားပေးပါ။ 

    (ဂ)ဂွေးတောက်ပျိူးကိုင်းထည့်ပြီးသည့်ပျိူးအိပ်ကိုအရိပ်အောက်တွင်ထားပေးပါ။ 

    (ဃ)နေ့စဉ်မြေအခြောက်အစိုကိုကြည့်၍ဆေးဖြန်းပုံးဖြင့်ရေလိုသလောက်ဖြန်းပေးပါ။ အပင်အရွက် သန်မာပြီး ရောဂါကင်းစေရန် တောင်သူ့လက်ရုံး အပင်အရွက်အားဆေးကို ထည့်ဖျန်းပေးနိုင်သည်။ 

    (င)၁၀ရက်ခန့်အကြာတွင်ရွက်သစ်များထွက်လာပါမည်။ အမြစ်များကတလခန့်မှထွက်လာမည်ဖြစ်၍ ၄၅ရက်ကျော်မှမြေချစိုက်သင့်ပါသည်။ 

    မြေချစိုက်ပျိုးခြင်း 

    မြေချစိုက်ပျိူးရာတွင်ပင်ခြား၂ပေ တန်းခြား၄ပေ ခန့် စိုက်ပျိူးသင့်ပါသည်။ အပင်ကို တအားမကြီးစေဘဲ ၄ပေအောက်ထားရှိကာခြုံဝိုင်းသဖွယ်ဖြစ်အောင်စိုက်ပျိူးယူပါကခူးယူရလွယ်ကူပြုစုရလွယ်ကူမည်ဖြစ်ပါသည်။ စိုက်ပျိုးပြီး တစ်လသားအရွယ်မှာတော့ နွးချေး ကြက်ချေး စတဲ့ မြေသြဇာတွေကို ကြွေးပေးရမှာပါ။ သုံးလသားအရွယ်မှာတော့ အညွှန့်များကို စတင် ခူးဆွတ်နိုင်တာလည်း ဖြစ်ပါတယ်။ အညွန့်များကိုတော့ ၃ ရက်တစ်ကြိမ် ခူးဆွတ်နိုင်တာလည်း ဖြစ်ပါတယ်။ 

    အပင်သန်ပြီး ရောဂါကင်းစေရန် အပင်အရွက်အားဆေး စပါးခွံ ဗီနီဂါတို့ကို ဖျန်းပေးနိုင်ပါသည်။ 

    ရှင်ယွန်း (စိုက်ပျိုးပညာပေးဆောင်းပါး မှ ကူးယူဖော်ပြသည်) 

    ----------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
11
comments
0
views
1990