cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရာသီဥတုအေးလာ၍ ရေသောက်နည်းသူများ ဝမ်းချုပ်တတ်ပါက ဘာတွေလုပ်ရမလဲ

. Health Articles
နွားနို့ပူပူ သောက်ခြင်းက အူမကြီးကို ကောင်းစွာ လှုံ့ဆော်ပေးတာကြောင့် ဝမ်းမချုပ်စေတော့ပါဘူး (သို့မဟုတ်) ညအိပ်ရာဝင်ခါနီး နွားနို့ပူပူထဲမှာ ထောပတ်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏ ခပ်၍ သောက်ခြင်းဖြင့် နံနက်ပိုင်း ရှောရှောရှုရ ဝမ်းသက်စေပါတယ်။
  • (၁) နံနက်အိပ်ရာထ သောက်ရေ နှစ်ခွက် ဆက်တိုက် သောက်ပေးခြင်းက အူတွေကို အလုပ်လုပ်စေလို့ ဝမ်းသွားစေပါတယ်။ (နေ့စဉ် ရေရှစ်ခွက်မှ ၁၀-ခွက်အထိ သောက်တဲ့အကျင့်ကို မွေးမြူပါ) 

    (၂) သံပရာသီးကလည်း ဝမ်းချုပ်ခြင်းမှ သက်သာစေလို့ နံနက်အိပ်ရာထ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို သံပရာသီးတစ်လုံး ညှစ်ပြီး၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆားအနည်းငယ် ဖျော်၍ သောက်ပါ။ 

    (၃) ပဲသီး၊ ဟင်းနုနယ် စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့ အရည်ရွှမ်းပြီး အမျှင်များတဲ့ သစ်သီးများ စားပါ။ 

    (၄) အမျှင်ဓာတ် ပေါများသော ဂုန်လျှော်စေ့က အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာ ပျောက်ကင်းစေပါတယ် 

    (၅) နွားနို့ပူပူ သောက်ခြင်းက အူမကြီးကို ကောင်းစွာ လှုံ့ဆော်ပေးတာကြောင့် ဝမ်းမချုပ်စေတော့ပါဘူး (သို့မဟုတ်) ညအိပ်ရာဝင်ခါနီး နွားနို့ပူပူထဲမှာ ထောပတ်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏ ခပ်၍ သောက်ခြင်းဖြင့် နံနက်ပိုင်း ရှောရှောရှုရ ဝမ်းသက်စေပါတယ်။ 

    (၆) နံနက်စောစော ၁၅-မိနစ်ခန့် လမ်းသွက်သွက် လျှောက်ခြင်းက အူများကို လှုပ်ရှားကာ ဝမ်းသွားစေပါတယ်။ 

    (၇) သဖန်းသီး၊ ပဲကတ္တီပါ၊ မြေပဲ၊ စွန်ပလွန်သီး၊ ပဲပင်ပေါက် စားပေးပါ။ (၈) မာလကာသီး (အူနီ) အမှည့်ကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ 

    (၈) ကြံရည်၊ ခရမ်းချဉ်သီးနဲ့ beet root (ခေါ်) သကြား မုန်လာဥ (ခေါ်) သွေးရောင်ကဲ့သို့ မုန်လာဥနီ အလုံးတို့ကလည်း ဝမ်းသက်စေလို့ စားပေးပါ။ 

    (၉) နံနက်တိုင်း သင်္ဘောသီးမှည့်မှည့် စားပါ။ 

    (၁၀) ပန်းသီးကလည်း ဝမ်းချုပ်ခြင်းကို ကောင်းကျိုးပြုတဲ့ အတွက် တစ်နေ့နှစ်လုံး မှန်မှန် စားသင့်ပါတယ်။ 

    (၁၁) အရွက်မှာ အမွေးလေးတွေပါတဲ့ ကုလားမြင်းခွာရွက်ပင်၏ အပွင့်ကို သကြားနဲ့ ကြိတ်၍စားပါ။ 

    (၁၂) ကြက်ဟင်းခါးသီးကို သောက်ရေ၊ ဆားတို့နဲ့ စိမ်ပြီး သောက်ပါ။ 

    (၁၃) ကြက်ဟင်းခါးသီးကို ရေနံဆီဖြင့် စိမ်၍ ဝမ်းဗိုက်ကို လိမ်းပေးပါ။ 

    (၁၄) ကြိတ်မှန်ရွက် ၂၅-ကျပ်သားကို ထန်းလျက် ၁၀-ကျပ်သား၊ အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀- ကျပ်သား၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၁၀-ကျပ်သား၊ စမုံမျိုးငါးပါးကို အမှုန့်နှစ်ပဲ၊ စားဆီတို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် တစ်နေ့သုံးကြိမ် စားပေးပါ။ 

    ရေးသားသူ - ပေါက်ပေါက်  

    ----------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
11
comments
0
views
7669