cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဂန္ဓမာပန်း မီးပေးစိုက်ပျိုးခြင်းနှင့် အကျိုးကျေးဇူးများ

. Plant Physiology Changes
ဂန္ဓမာစိုက်ခင်းအား ၂၄ နာရီ အလင်းရောင်ပေးပြီး စိုက်ပျိုးခြင်းမှာ တောင်သူအများစိတ်ဝင်စားသော နည်းစနစ်တစ်ခုဖြစ်သည်။ ဤနည်းစနစ်ကို အသုံးပြုခြင်းအားဖြင့် ကောင်းကျိုးများစွာကို ရရှိစေသည်။
  • မြန်မာနိုင်ငံတွင် ဂန္ဓမာပန်းကို နေရာအနှံအပြားတွင် စိုက်ပြီးလေ့ရှိကြသည်။ အချို့စီးပွားဖြစ်စိုက်ပျိုးသော တောင်သူများမှာ နည်းစနစ်အသစ်များအား အသုံးပြုစိုက်ပျိုးလာကြသည်။ ထိုနည်းစနစ်များထဲမှ ဂန္ဓမာစိုက်ခင်းအား ၂၄ နာရီ အလင်းရောင်ပေးပြီး စိုက်ပျိုးခြင်းမှာ တောင်သူအများစိတ်ဝင်စားသော နည်းစနစ်တစ်ခုဖြစ်သည်။ ဤနည်းစနစ်ကို အသုံးပြုခြင်းအားဖြင့် ကောင်းကျိုးများစွာကို ရရှိစေသည်။

    ၁.အပင်ကြီးထွားမှု မြန်ဆန်ခြင်း

    ၂၄ နာရီအလင်းရောင်ရရှိခြင်းဖြင့် အလင်းမှီစုအစာချက်လုပ်မှုကို နေ့ရောညပါလုပ်နိုင်သဖြင့်

    -အပင်အတွက်လိုအပ်သော စွမ်းအင်များ ပိုမိုထုတ်လုပ်နိုင်ခြင်း

    -ကြီးထွားမှု မြန်ဆန်ခြင်း

    -ကြံ့ခိုင်သန်မာသော ပင်စည်နှင့် အရွက်များကို ဖြစ်ပေါ်စေနိုင်သည်။

    ၂.ဘေးကိုင်းပိုမို ထွက်နိုင်ခြင်း

    ဂန္ဓမာပန်းသည် နေ့တာတိုသော အခြေနေတွင် ပန်းပွင့်လေ့ရှိသည်။ အပင်ငယ်စဉ်တွင် ၂၄ နာရီ အလင်းရောင်ရရှိစေခြင်းဖြင့်

    -ပန်းပွင့်ခြင်းကို နောက်ကျစေသည်။

    -ဘေးအညွန့်များ ထွက်ရှိမှုကို အားပေးသည်။

    -အပင်ဖွံ့ဖြိုးမှု ကောင်မွန်စေပြီး သန်မာသောပန်းဖူးများကို ဖြစ်ပေါ်စေနိုင်သည်။

    ၃.အမြစ်ဖွံ့ဖြိုးမှု ကောင်းမွန်ခြင်း

    ၂၄ နာရီ အလင်းရောင်းရရှိစေခြင်းက ကာဘိုဟိုက်ဒရိတ်ထုတ်လုပ်မှုကို တိုးတက်စေပြီး

    -သန်မာကျမ္မာသော အမြစ်များကို ဖြစ်ပေါ်စေသည်။

    -ရေနှင့် အစာစုပ်ယူမှုကို ပိုမိုအားကောင်းစေသည်။

    ၄.အပင်ကြီးထွားမှု ညီညာခြင်း

    အလင်းရောင်ပေးစိုက်ပျိုးခြင်းဖြင့် အပင်အရပ်ညီညာခြင်း၊ အရွက်အရောင် ညီညာခြင်းကို ဖြစ်ပေါ်စေသည်။

    ၅.အချိန်မတိုင်မှီ ပန်းပွင့်ခြင်းကို ကာကွယ်နိုင်သည်

    အလင်းရောင်ပေးစိုက်ပျိုးခြင်းဖြင့် အချိန်မတိုင်မှီ အဖူးဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်ပြီး ပန်းပွင့်ချိန်မညီညာခြင်းကို ကာကွယ်ပေးနိုင်သည်။ ဤနည်းဖြင့် စိုက်ပျိုးသူများအတွက် ပန်းပွင့်ချိန်ကို ရွေးချယ်နိုင်သည်။

    ၆.အရည်အသွေး ကောင်းမွန်ခြင်း

    ကြံ့ခိုင်သန်မာသောပင်စည်၊ အကိုင်းများဖြစ်ပေါ်စေခြင်းဖြင့် ပန်းခိုင်ရှည်ခြင်း၊ အဖူးနှင့် ပန်းပွင့်အရွယ်အစား ကြီးမားခြင်းနှင့် အရည်အသွေးကောင်းမွန်ခြင်းတို့ကို ရရှိစေနိုင်ပါသည်။

    သတိပြုရန်

    အလင်းရောင်ပေးခြင်းအား ပင်ပိုင်းကြီးထွားချိန်တွင်သာ အဓိကလုပ်ဆောင်သင့်ပါသည်။ မိမိစိုက်ခင်း ပန်းပွင့်စေလိုသော အချိန်ရောက်ပါက မီးပေးခြင်းကို ရပ်တန့်ပေးရပါမည်။

    Source: Dr. U Awba

    -----------    

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
7
comments
1
views
4446